တိုက်ပွဲရှောင်မြန်မာများအား စောင့်ရှောက်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု

0
230

တိုက်ပွဲရှောင်မြန်မာများအား စောင့်ရှောက်ပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု

ထိုင်းဝန်ကြီးချုပ်အနေဖြင့် ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ထဲ တိမ်းရှောင်လာကြသည့် မြန်မာဒုက္ခသည်တိုင်းကို စောင့်ရှောက်ပေးမည်ဖြစ်ကာဆေးဝါးနှင့်စားနပ်ရိက္ခာ ခွဲတမ်းပေးဖို့ အာဏာပိုင်များအား ညွှန်ကြားထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ဖော်ပြချက်ကဆိုသည်။

လေးကေကော်တွင်ဖြစ်ပွါးနေသည့် တိုက်ပွဲများကြောင့် ထောင်နှင့်ချီသည့်မြန်မာများ ထိုင်းဘက်သို့ရှောင်ပြေးနေရချိန် ထိုင်းဝန်ကြီးချုပ်ဘက်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ထိုင်းရောက် ဒုက္ခသည်များအား နေစရာစီစဉ်ပေးဖို့ ဒေသခံ တက်ကြွလှုပ်ရှားသူများ၊ လူသားချင်း စာနာထောက်ထားမှု ကူညီရေးအဖွဲ့များက ထိုင်းအစိုးရကို ကြေညာချက်ထုတ် တောင်းဆိုအပြီး ထိုင်းဘက်က ယခုတုန့်ပြန်ချက်အားပေးခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကပဋိပက္ခများ ထိုင်းနယ်ထဲ ကျွံမလာစေဖို့ တပ်များကို ညွှန်ကြားထားကြောင်းနှင့် ဒုက္ခသည်အရေးနှင့်ပတ်သက်၍လည်း”အခြေအနေ တိုးတက်လာတာနဲ့ မြန်မာနိုင်ငံကို အားလုံး ပြန်ဖို့လိုတာကြောင့် ဒုက္ခသည်စခန်း အသစ်တွေကို​တော့ ထိုင်းနိုင်ငံက ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူး”ဟု ပြောသည်။

Zaw Gyi

တိုက္ပြဲေရွာင္ျမန္မာမ်ားအား ေစာင့္ေရွာက္ေပးမည္ဟု ထိုင္းဝန္ႀကီးခ်ဳပ္ ကတိျပဳ

ထိုင္းဝန္ႀကီးခ်ဳပ္အေနျဖင့္ ထိုင္းနိုင္ငံ မဲေဆာက္ခရိုင္ထဲ တိမ္းေရွာင္လာၾကသည့္ ျမန္မာဒုကၡသည္တိုင္းကို ေစာင့္ေရွာက္ေပးမည္ျဖစ္ကာေဆးဝါးႏွင့္စားနပ္ရိကၡာ ခြဲတမ္းေပးဖို႔ အာဏာပိုင္မ်ားအား ညႊန္ၾကားထားေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းစာ၏ေဖာ္ျပခ်က္ကဆိုသည္။

ေလးေကေကာ္တြင္ျဖစ္ပြါးေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ေထာင္ႏွင့္ခ်ီသည့္ျမန္မာမ်ား ထိုင္းဘက္သို႔ေရွာင္ေျပးေနရခ်ိန္ ထိုင္းဝန္ႀကီးခ်ဳပ္ဘက္က ယခုကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ယင္းအျပင္ ထိုင္းေရာက္ ဒုကၡသည္မ်ားအား ေနစရာစီစဥ္ေပးဖို႔ ေဒသခံ တက္ႂကြလွုပ္ရွားသူမ်ား၊ လူသားခ်င္း စာနာေထာက္ထားမွု ကူညီေရးအဖြဲ႕မ်ားက ထိုင္းအစိုးရကို ေၾကညာခ်က္ထုတ္ ေတာင္းဆိုအၿပီး ထိုင္းဘက္က ယခုတုန္႔ျပန္ခ်က္အားေပးခဲ့ျခင္းျဖစ္သည္။

ထိုင္းဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha ကပဋိပကၡမ်ား ထိုင္းနယ္ထဲ ကၽြံမလာေစဖို႔ တပ္မ်ားကို ညႊန္ၾကားထားေၾကာင္းႏွင့္ ဒုကၡသည္အေရးႏွင့္ပတ္သက္၍လည္း”အေျခအေန တိုးတက္လာတာနဲ႔ ျမန္မာနိုင္ငံကို အားလုံး ျပန္ဖို႔လိုတာေၾကာင့္ ဒုကၡသည္စခန္း အသစ္ေတြကို​ေတာ့ ထိုင္းနိုင္ငံက ဖြင့္ခြင့္ေပးမွာ မဟုတ္ဘူး”ဟု ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here