ရန်ကုန်မှာ ငွေကျပ်၂ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၃သိန်းကျော်ဖမ်းမိမှုဖြစ်ပွါး

0
135

ရန်ကုန်မှာ ငွေကျပ်၂ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၃သိန်းကျော်ဖမ်းမိမှုဖြစ်ပွါး


ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု ဖြစ်ပွါးခဲ့တယ်လို့ ရဲကပြောပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် က သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ သုမင်္ဂလာလမ်းမှာ မင်းလှစိုး(ခ)အဖွာရ်အဒ် မောင်းနှင်ပြီး လှချို(ခ)အဒူရာမန် နဲ့ ဝေဇင်(ခ)သော်ဇင်လတ်(ခ)အာလာဖတ် တို့လိုက်ပါလာတဲ့ Vigo မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာမှာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့တာကတဆင့် နောက်ထပ်ဆေးပြားတွေဖမ်းမိခဲ့တာပါ။

စစ်ဆေးဖော်ထုတ်ချက်အရ အဲ့ဒီ့ ညနေ ၃ နာရီခွဲအချိန်မှာ ၎င်းတို့ငှါးရမ်းနေထိုင်တဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ကျန်စစ်သားလမ်းထဲက အိမ်ကို ဆက်လက်ရှာဖွေရာ မှာတော့ နေအိမ်အိပ်ခန်းရှိ ဆာလာအိတ်များ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းမိဆေးပြားတွေဟာ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ပြီးဖမ်းမိစိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်က ၂၃ သိန်းလို့သိရပါတယ်။

လက်ရှိမှာတော့ ၎င်းတို့ ၃ ဦးကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့သိရပါတယ်။

Zaw Gyi

ရန္ကုန္မွာ ေငြက်ပ္၂ဘီလီယံတန္ဖိုးရွိ စိတ္ႂကြေဆးျပား ၂၃သိန္းေက်ာ္ဖမ္းမိမွုျဖစ္ပြါး

ရန္ကုန္ၿမိဳ႕ သဃၤန္းကၽြန္းၿမိဳ႕နယ္မွာ ေငြက်ပ္ ၂ ဒသမ ၃ ဘီလီယံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိမွု ျဖစ္ပြါးခဲ့တယ္လို႔ ရဲကေျပာပါတယ္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္ေတြပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ ဒီဇင္ဘာလ ၂၂ ရက္ေန႔ မြန္းလြဲ ၂ နာရီအခ်ိန္ က သဃၤန္းကၽြန္းၿမိဳ႕နယ္၊ နႏြင္းကုန္းရပ္ကြက္၊ သုမဂၤလာလမ္းမွာ မင္းလွစိုး(ခ)အဖြာရ္အဒ္ ေမာင္းႏွင္ၿပီး လွခ်ိဳ(ခ)အဒူရာမန္ နဲ႔ ေဝဇင္(ခ)ေသာ္ဇင္လတ္(ခ)အာလာဖတ္ တို႔လိုက္ပါလာတဲ့ Vigo ေမာ္ေတာ္ယာဥ္ကို သတင္းအရရွာေဖြရာမွာ ယာဥ္ေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂ သိန္း ေတြ႕ရွိသိမ္းဆည္းရမိခဲ့တာကတဆင့္ ေနာက္ထပ္ေဆးျပားေတြဖမ္းမိခဲ့တာပါ။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဲ့ဒီ့ ညေန ၃ နာရီခြဲအခ်ိန္မွာ ၎တို႔ငွါးရမ္းေနထိုင္တဲ့ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ႀကီးပြားေရး ရပ္ကြက္၊ က်န္စစ္သားလမ္းထဲက အိမ္ကို ဆက္လက္ရွာေဖြရာ မွာေတာ့ ေနအိမ္အိပ္ခန္းရွိ ဆာလာအိတ္မ်ား အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၁ သိန္း ထပ္မံသိမ္းဆည္းရမိခဲ့တာျဖစ္ပါတယ္။

ဖမ္းမိေဆးျပားေတြဟာ စုစုေပါင္းေဒသကာလတန္ဖိုးေငြက်ပ္ ၂ ဒသမ ၃ ဘီလီယံတန္ဖိုးရွိ ၿပီးဖမ္းမိစိတ္ႂကြ႐ူးသြပ္ေဆးျပား အေရအတြက္က ၂၃ သိန္းလို႔သိရပါတယ္။

လက္ရွိမွာေတာ့ ၎တို႔ ၃ ဦးကို ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မွုက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္ေနတယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here