မွေးနေ့အလှူအဖြစ် ဆေးရုံသုံးချွဲစုပ်စက်တစ်လုံးလှူဒါန်းခဲ့တဲ့ ကိုအောင်မြတ်သူ

0
140

မွေးနေ့အလှူအဖြစ် ဆေးရုံသုံးချွဲစုပ်စက်တစ်လုံးလှူဒါန်းခဲ့တဲ့ ကိုအောင်မြတ်သူ

ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာကျရောက်တဲ့ မွေးနေ့လှူအဖြစ် ဆေးရုံသုံးချွဲစုပ်စက်ကို” မြန်မာ့စိတ်ရင်း ” ပရဟိတအဖွဲ့မှဖွင့်လှစ်မယ့်ကုသိုလ်ဖြစ်ဆေးခန်းမှာအသုံးပြုနိုင်ရန်အတွက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

” မွေးနေ့အလှူအတွက်ဆေးရုံသုံးချွဲစုပ်စက်
တစ်လုံးလှူဒါန်းခဲ့ပါတယ်။မြန်မာ့စိတ်ရင်းပရဟိတအဖွဲမှဖွင့်လှစ်မယ့်အခမဲ့ဆေးခန်းအတွက်လှူ​ဖြစ်တယ်။ ဒီနေ့ည ၆ နာရီခွဲမှာမွေး‌နေ့အထိမ်းအမှတ်အနေနဲ့ငွေသားလက်ဆောင်များစွာကိုaroma page မှ liveလွှင့်ပြီးaromaကိုအမြဲအားပေးလျက်ရှိသောမိဘပြည်သူများနှင့်ပျော်ရွှင်စွာတွေ့ဆုံဖို့ရှိတယ် ” လို့ ကိုအောင်မြတ်သူက ပြောပါတယ် ။

အခုလက်ရှိမှာ ကိုအောင်မြတ်သူက”မြန်မာ့စိတ်ရင်း “ပရဟိတမှာနာယကကြီးအဖြစ်တာဝန်ယူနေပြီး ပရဟိတအလုပ်များကိုတတ်နိုင်သလောက်ပါဝင်ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here