ရွှေမန်းသူအဝေးပြေးဝင်းမှ ကားတစ်စီးပေါ်မှ လက်လုပ်ဗုံးတစ်လုံး တွေ့ ရှိ

0
428

ရွှေမန်းသူအဝေးပြေးဝင်းမှ ကားတစ်စီးပေါ်မှ လက်လုပ်ဗုံးတစ်လုံး တွေ့ ရှိ

ဗန္ဓုလသယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ ရွှေမန်းသူအဝေးပြေးကားဝင်းမှ ရွှေမြိုင်သူ ကားပေါ်တွင် ယနေ့ နံနက်က လက်လုပ်ဗုံးတစ်လုံး တွေ့ ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကားဝင်းတွင် ကားများအားလုံးကို ဗုံး၊မိုင်း စသည်တို့အတွက် လုံခြုံရေးဆောင်ရွက်မှုများ ပုံမှန်ပြုလုပ်ခြင်းများ ပြုလုပ်နေသည့်ကြားမှ ယခုကဲ့သို့ ဖြစ်စဉ်ကြောင့် CCTV မှ တစ်ဆင့် မှတ်တမ်းများကို စစ်ဆေးနေကြောင်းလည်း သိရသည်။

“ကားနောက်ဘက်မှာ ကြွတ်ကြွတ်အိတ်အဖြူရောင်တစ်လုံးကို သံသယ ဖြစ်တာကြောင့် အချိန်မီ အကြောင်းကြားခဲ့တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးတာတွေ လုပ်တယ်။အိတ်ကိုဖွင့်တဲ့အခါ စက္ကူကတ်ထူဘူးထဲမှာ ကော်ဘူးနဲ့လုပ်ထားတဲ့လက်လုပ်ဗုံးကို ၊ အဲဒါတွေက ဖမ်းမိတာတွေထဲမှာ မိတဲ့ လက်လုပ်ဗုံးတွေလိုမျိုး ကီးပက်ဖုန်းနဲ့ချိတ်ပြီးလုပ်ရတာမျိုး ဖြစ်မယ်လို့ သိရတယ်၊ တော်သေးတာပေါ့ဗျာ။မပေါက်ကွဲခင်တွေ့တာ ကံကောင်းတာပဲ။သက်ဆိုင်ရာက အချိန်မီ ဖယ်လိုက်နိုင်တယ်”ဟု အဆိုပါ ကားဝင်းနှင့် နီးစပ်သူက ပြောသည်။

ရွှေမန်းသူအဝေးပြေးဝင်းမှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ပါရမီလမ်း တွင် တည်ရှိသည်။

Zaw Gyi

ေရႊမန္းသူအေဝးေျပးဝင္းမွ ကားတစ္စီးေပၚမွ လက္လုပ္ဗုံးတစ္လုံး ေတြ႕ ရွိ

ဗႏၶဳလသယ္ယူပို႔ေဆာင္ေရး လုပ္ငန္းမွ ေရႊမန္းသူအေဝးေျပးကားဝင္းမွ ေရႊၿမိဳင္သူ ကားေပၚတြင္ ယေန႔ နံနက္က လက္လုပ္ဗုံးတစ္လုံး ေတြ႕ ရွိ ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ကားဝင္းတြင္ ကားမ်ားအားလုံးကို ဗုံး၊မိုင္း စသည္တို႔အတြက္ လုံျခဳံေရးေဆာင္ရြက္မွုမ်ား ပုံမွန္ျပဳလုပ္ျခင္းမ်ား ျပဳလုပ္ေနသည့္ၾကားမွ ယခုကဲ့သို႔ ျဖစ္စဥ္ေၾကာင့္ CCTV မွ တစ္ဆင့္ မွတ္တမ္းမ်ားကို စစ္ေဆးေနေၾကာင္းလည္း သိရသည္။

“ကားေနာက္ဘက္မွာ ႂကြတ္ႂကြတ္အိတ္အျဖဴေရာင္တစ္လုံးကို သံသယ ျဖစ္တာေၾကာင့္ အခ်ိန္မီ အေၾကာင္းၾကားခဲ့တာေၾကာင့္ သက္ဆိုင္ရာတာဝန္ရွိသူေတြက စစ္ေဆးတာေတြ လုပ္တယ္။အိတ္ကိုဖြင့္တဲ့အခါ စကၠဴကတ္ထူဘူးထဲမွာ ေကာ္ဘူးနဲ႔လုပ္ထားတဲ့လက္လုပ္ဗုံးကို ၊ အဲဒါေတြက ဖမ္းမိတာေတြထဲမွာ မိတဲ့ လက္လုပ္ဗုံးေတြလိုမ်ိဳး ကီးပက္ဖုန္းနဲ႔ခ်ိတ္ၿပီးလုပ္ရတာမ်ိဳး ျဖစ္မယ္လို႔ သိရတယ္၊ ေတာ္ေသးတာေပါ့ဗ်ာ။မေပါက္ကြဲခင္ေတြ႕တာ ကံေကာင္းတာပဲ။သက္ဆိုင္ရာက အခ်ိန္မီ ဖယ္လိုက္နိုင္တယ္”ဟု အဆိုပါ ကားဝင္းႏွင့္ နီးစပ္သူက ေျပာသည္။

ေရႊမန္းသူအေဝးေျပးဝင္းမွာ ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၄) ရပ္ကြက္၊ပါရမီလမ္း တြင္ တည္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here