ချင်းပြည်နယ်မှNLD ပါတီ(ဗဟို)ကော်မတီဝင်နေအိမ် ချိတ်ပိတ်ခံရ

0
167

ချင်းပြည်နယ်မှNLD ပါတီ(ဗဟို)ကော်မတီဝင်နေအိမ် ချိတ်ပိတ်ခံရ

NLD ပါတီ(ဗဟို)ကော်မတီဝင် ဆလိုင်းမျိုးထိုက် ၏ ပလက်ဝမြို့နယ်၊ဆမီးရွာရှိနေအိမ်နှင့်ခြံဝင်းအား ယနေ့နံနက်ပိုင်းက ချိတ်ပိတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ မနက် ၁၁ နာရီလောက်က စစ်သား၊ရဲနဲ့ရပ်ကွက်လူကြီးတွေလာပြီး ချိတ်ပိတ်သွားတာ ခြံဝိုင်းတစ်ခုထဲက သူ့အဖေအိမ်လည်းပါသွားတာပေါ့”ဟု ပြည်နယ် NLD ပါတီနှင့်နီးစပ်သူတစ်ဦးကပြောသည်။

NLD ပါတီ(ဗဟို)ကော်မတီဝင်၊ပြည်နယ် NLD ပါတီ(အတွင်းရေးမှူး)နှင့်ပလက်ဝမြို့နယ် ပြည်နယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်နှင့်မိသားစုဝင်များသည် နေအိမ်မှတိမ်းရှောင်နေကြသည်။

နေအိမ်နှင့်ခြံဝင်းအားချိတ်ပိတ်ရာ၌ ဤအ ဆောက်အဦးနှင့်မြေနေရာသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ ရောင်းချခြင်း ရောင်းဝယ်ခြင်းမပြုရဟူသောစာ တမ်းအား နေအိမ်နှင့်ခြံတံခါးတို့တွင် ဗီနိုင်းဖြင့်ချိတ်ဆွဲထားသည်ဟု ဒေသခံများကပြောသည်။

Photo CJ

Zaw Gyi

ခ်င္းျပည္နယ္မွNLD ပါတီ(ဗဟို)ေကာ္မတီဝင္ေနအိမ္ ခ်ိတ္ပိတ္ခံရ

NLD ပါတီ(ဗဟို)ေကာ္မတီဝင္ ဆလိုင္းမ်ိဳးထိုက္ ၏ ပလက္ဝၿမိဳ႕နယ္၊ဆမီးရြာရွိေနအိမ္ႏွင့္ၿခံဝင္းအား ယေန႔နံနက္ပိုင္းက ခ်ိတ္ပိတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ဒီေန႔ မနက္ ၁၁ နာရီေလာက္က စစ္သား၊ရဲနဲ႔ရပ္ကြက္လူႀကီးေတြလာၿပီး ခ်ိတ္ပိတ္သြားတာ ၿခံဝိုင္းတစ္ခုထဲက သူ႔အေဖအိမ္လည္းပါသြားတာေပါ့”ဟု ျပည္နယ္ NLD ပါတီႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

NLD ပါတီ(ဗဟို)ေကာ္မတီဝင္၊ျပည္နယ္ NLD ပါတီ(အတြင္းေရးမွူး)ႏွင့္ပလက္ဝၿမိဳ႕နယ္ ျပည္နယ္အမွတ္(၂)လႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္ႏွင့္မိသားစုဝင္မ်ားသည္ ေနအိမ္မွတိမ္းေရွာင္ေနၾကသည္။

ေနအိမ္ႏွင့္ၿခံဝင္းအားခ်ိတ္ပိတ္ရာ၌ ဤအ ေဆာက္အဦးႏွင့္ေျမေနရာသည္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ဆက္စပ္ေနသျဖင့္ နိုင္ငံေတာ္ပိုင္သိမ္းမည္ျဖစ္ေသာေၾကာင့္ မက်ဴးေက်ာ္ရ ေရာင္းခ်ျခင္း ေရာင္းဝယ္ျခင္းမျပဳရဟူေသာစာ တမ္းအား ေနအိမ္ႏွင့္ၿခံတံခါးတို႔တြင္ ဗီနိုင္းျဖင့္ခ်ိတ္ဆြဲထားသည္ဟု ေဒသခံမ်ားကေျပာသည္။

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here