“ရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးဖို့အခြေခံအားဖြင့် အားလုံးသဘောတူကြပါတယ်”ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးပြောဆို

0
165

“ရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးဖို့အခြေခံအားဖြင့်အားလုံးသဘောတူကြပါတယ်”ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးပြောဆို

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဒီဇင်ဘာ ၂၄ ရက်နေ့မှစ၍ ဦးဆောင်ကျင်းပလျက်ရှိသည့် နိုင်ငံရေးပါတီများနှင့်ရွေးကောက်ပွဲစနစ်ဆိုင်ရာဆွေးနွေးပွဲ တတိယမြောက်နေ့တွင် ရရှိလာသည့် ဆွေးနွေးပွဲရလဒ်များနှင့်ပတ်သက်၍ UEC အဖွဲ့ဝင်ဦးခင်မောင်ဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ၆၂ ပါတီမှကိုယ်စားလှယ် ၁၁၅ ဦးနှင့်ရွေးကောက်ပွဲတွင်ပါဝင်ပတ်သက်သူများက အဖွဲ့ခြောက်ဖွဲ့ဖြင့် အစုအဖွဲ့အလိုက်ဆွေးနွေးပြီးစာတမ်းများပြုစုခဲ့ကြသည်။

“အစုအဖွဲ့ခြောက်ဖွဲ့လုံးဟာ ရွေးကောက်ပွဲတွေမှာ PR စနစ်ကျင့်သုံးဖို့အခြေခံအားဖြင့် အားလုံးသဘောတူကြပါတယ် နောက်ပြီးတော့ List PR ကိုလည်းသဘောတူထားတာကိုတွေ့ရပါတယ် အဲဒီထဲမှာအများစုကလည်း ပထမဆုံးစပြီးလုပ်မယ့်အခါမှာ ရိုးရှင်းလွယ်ကူတဲ့အနေအထားနဲ့ သွားမယ်ဆိုတဲ့ဟာမျိုးကိုတော့ တစ်ညီတစ်ညွတ်ထဲတွေ့ရပါတယ်”ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးကပြောသည်။

ထို့ပြင် ရွေးကောက်ပွဲဒီဇိုင်း၊မဲဆန္ဒနယ်ခွဲဝေခြင်းအပိုင်းတွင် အစုအဖွဲ့ခြောက်ဖွဲ့မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အနည်းငယ်ကွာခြားမှုများရှိကြောင်း သိရသည်။

“ပြောရရင်တော့အားလုံးဟာအဆင်ပြေတဲ့အနေ အထားရှိပါတယ် ဒါကိုကျွန်တော်တို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကခြုံငုံသုံးသပ်ပြီးတော့ ဆောင်ရွက်ရင်အားလုံးဟာအဆင်ပြေပြေနဲ့ ဆောင်ရွက်နိုင်မဲ့အနေအထားရှိပါတယ် ဒီအပေါ်မှာမူတည်ပြီးတော့ လိုအပ်တဲ့ဥပဒေ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်လိုက်ရင်တော့ PR စနစ်နဲ့ပတ်သက်လာရင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်တာကို သုံးသပ်တွေ့ရှိရပါတယ်”ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးကပြောသည်။

Zaw Gyi

“ေရြးေကာက္ပြဲေတြမွာ PR စနစ္က်င့္သုံးဖို႔အေျခခံအားျဖင့္အားလုံးသေဘာတူၾကပါတယ္”ဟု UEC အဖြဲ႕ဝင္ဦးခင္ေမာင္ဦးေျပာဆို

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္(UEC)က ဒီဇင္ဘာ ၂၄ ရက္ေန႔မွစ၍ ဦးေဆာင္က်င္းပလ်က္ရွိသည့္ နိုင္ငံေရးပါတီမ်ားႏွင့္ေရြးေကာက္ပြဲစနစ္ဆိုင္ရာေဆြးေႏြးပြဲ တတိယေျမာက္ေန႔တြင္ ရရွိလာသည့္ ေဆြးေႏြးပြဲရလဒ္မ်ားႏွင့္ပတ္သက္၍ UEC အဖြဲ႕ဝင္ဦးခင္ေမာင္ဦးက ေျပာဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ တက္ေရာက္လာသည့္ နိုင္ငံေရးပါတီ ၆၂ ပါတီမွကိုယ္စားလွယ္ ၁၁၅ ဦးႏွင့္ေရြးေကာက္ပြဲတြင္ပါဝင္ပတ္သက္သူမ်ားက အဖြဲ႕ေျခာက္ဖြဲ႕ျဖင့္ အစုအဖြဲ႕အလိုက္ေဆြးေႏြးၿပီးစာတမ္းမ်ားျပဳစုခဲ့ၾကသည္။

“အစုအဖြဲ႕ေျခာက္ဖြဲ႕လုံးဟာ ေရြးေကာက္ပြဲေတြမွာ PR စနစ္က်င့္သုံးဖို႔အေျခခံအားျဖင့္ အားလုံးသေဘာတူၾကပါတယ္ ေနာက္ၿပီးေတာ့ List PR ကိုလည္းသေဘာတူထားတာကိုေတြ႕ရပါတယ္ အဲဒီထဲမွာအမ်ားစုကလည္း ပထမဆုံးစၿပီးလုပ္မယ့္အခါမွာ ရိုးရွင္းလြယ္ကူတဲ့အေနအထားနဲ႔ သြားမယ္ဆိုတဲ့ဟာမ်ိဳးကိုေတာ့ တစ္ညီတစ္ညြတ္ထဲေတြ႕ရပါတယ္”ဟု UEC အဖြဲ႕ဝင္ဦးခင္ေမာင္ဦးကေျပာသည္။

ထို႔ျပင္ ေရြးေကာက္ပြဲဒီဇိုင္း၊မဲဆႏၵနယ္ခြဲေဝျခင္းအပိုင္းတြင္ အစုအဖြဲ႕ေျခာက္ဖြဲ႕မွာ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ အနည္းငယ္ကြာျခားမွုမ်ားရွိေၾကာင္း သိရသည္။

“ေျပာရရင္ေတာ့အားလုံးဟာအဆင္ေျပတဲ့အေန အထားရွိပါတယ္ ဒါကိုကၽြန္ေတာ္တို႔ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကျခဳံငုံသုံးသပ္ၿပီးေတာ့ ေဆာင္ရြက္ရင္အားလုံးဟာအဆင္ေျပေျပနဲ႔ ေဆာင္ရြက္နိုင္မဲ့အေနအထားရွိပါတယ္ ဒီအေပၚမွာမူတည္ၿပီးေတာ့ လိုအပ္တဲ့ဥပေဒ နည္းဥပေဒမ်ားကို ျပင္ဆင္ေဆာင္ရြက္လိုက္ရင္ေတာ့ PR စနစ္နဲ႔ပတ္သက္လာရင္ အေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္မွာျဖစ္တာကို သုံးသပ္ေတြ႕ရွိရပါတယ္”ဟု UEC အဖြဲ႕ဝင္ဦးခင္ေမာင္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here