ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မနှစ်ခုအတွက် အမိန့်ချမည့်ရက်ထပ်မံရွှေ့ဆိုင်း

0
297

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မနှစ်ခုအတွက် အမိန့်ချမည့်ရက်ထပ်မံရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆိုထားသည့် အမှု များထဲ မှ ပုဒ်မနှစ်ခုအတွက် အပြီးသတ်အမိန့်ချမည့်ရက်အား နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်ရှိ အထူးတရားရုံးက လာမည့်အ ပတ်ရုံးချိန်းဖြစ်သည့် ဇန်နဝါရီ ၁၀ ရက်မှသာအမိန့်ချမှတ်ဖြစ်မည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

“ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ နဲ့ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇ တို့အတွက် အမိန့်ချမယ်လို့ ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာတရားသူကြီးကပြောတယ် အခုကြတော့အမိန့်မချဖြစ်ဘူး ဒီအမှုနှစ်ခုအတွက် အမိန့်ချမယ့်ရက်ကို ဟိုတစ်ပတ်ကလည်းရွေ့တယ် အခုလည်းထပ်ရွေ့ဖြစ်တယ် “ဟုရှေ့နေအသိုင်း အဝိုင်းနဲ နီး စပ် သူ တစ်ဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းမှ လုံခြုံရေးအဖွဲ့ဝင်များအသုံးပြုသည့် စကားပြောစက်များနှင့် Jammer(ဆက်သွယ်ရေးဖြတ်တောက်စက်)တို့အားလုံခြုံရေးအဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ဆက်သွယ်ရေးဥပဒေပုဒ်မ တို့ဖြင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ် သည်။

အဆိုပါ အမှုနှစ်မှုအတွက် အမိန့်ချမည့်ရက်အား ဒီဇင်ဘာ ၂၀ ရက်နေ့၌ချမှတ်မည်ဟု ပြောဆိုခဲ့သော်လည်း ယင်းနေ့၌ အမိန့်မချဖြစ်ဘဲ ယနေ့ ဒီဇင်ဘာ ၂၇ ရက်သိုထပ်မံရွှေ့ဆိုင်းခဲ့ပြီးနောက် ယနေ့တွင်လည်း ထပ်မံရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်ကလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ) ၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ တို့ဖြင့် ထောင်ဒဏ်လေးနှစ်အမိန့်ချမှတ်ခံခဲ့ရပြီး နစက မှထောင်ဒဏ် ၂ နှစ်အားလွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ကျန် ၂ နှစ်အား လက်ရှိနေထိုင်သည့်နေရာ၌ပင်ကျခံရမည်ဟု ကြေညာခဲ့သည်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္အား ပုဒ္မႏွစ္ခုအတြက္ အမိန္႔ခ်မည့္ရက္ထပ္မံေ႐ႊ႕ဆိုင္း

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္ အား တရားစြဲဆိုထားသည့္ အမႈ မ်ားထဲ မွ ပုဒ္မႏွစ္ခုအတြက္ အၿပီးသတ္အမိန္႔ခ်မည့္ရက္အား ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳ႕နယ္ရွိ အထူးတရား႐ုံးက လာမည့္အ ပတ္႐ုံးခ်ိန္းျဖစ္သည့္ ဇန္နဝါရီ ၁၀ ရက္မွသာအမိန္႔ခ်မွတ္ျဖစ္မည္ဟု ေရွ႕ေနအသိုင္းအဝိုင္းမွ သိရသည္။

“ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ-၈ နဲ႔ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၇ တို႔အတြက္ အမိန္႔ခ်မယ္လို႔ ၿပီးခဲ့တဲ့အပတ္႐ုံးခ်ိန္းမွာတရားသူႀကီးကေျပာတယ္ အခုၾကေတာ့အမိန္႔မခ်ျဖစ္ဘူး ဒီအမႈႏွစ္ခုအတြက္ အမိန္႔ခ်မယ့္ရက္ကို ဟိုတစ္ပတ္ကလည္းေ႐ြ႕တယ္ အခုလည္းထပ္ေ႐ြ႕ျဖစ္တယ္ “ဟုေရွ႕ေနအသိုင္း အဝိုင္းနဲ နီး စပ္ သူ တစ္ဦးကေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ေနအိမ္အတြင္းမွ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအသုံးျပဳသည့္ စကားေျပာစက္မ်ားႏွင့္ Jammer(ဆက္သြယ္ေရးျဖတ္ေတာက္စက္)တို႔အားလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက သိမ္းဆည္းရမိခဲ့သျဖင့္ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မနဲ႔ဆက္သြယ္ေရးဥပေဒပုဒ္မ တို႔ျဖင့္တရားစြဲဆိုခံခဲ့ရျခင္းျဖစ္ သည္။

အဆိုပါ အမႈႏွစ္မႈအတြက္ အမိန္႔ခ်မည့္ရက္အား ဒီဇင္ဘာ ၂၀ ရက္ေန႔၌ခ်မွတ္မည္ဟု ေျပာဆိုခဲ့ေသာ္လည္း ယင္းေန႔၌ အမိန္႔မခ်ျဖစ္ဘဲ ယေန႔ ဒီဇင္ဘာ ၂၇ ရက္သိုထပ္မံေ႐ႊ႕ဆိုင္းခဲ့ၿပီးေနာက္ ယေန႔တြင္လည္း ထပ္မံေ႐ႊ႕ဆိုင္းခဲ့ျခင္းျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၆ ရက္ကလည္း ရာဇသတ္ႀကီးဥပေဒပုဒ္မ-၅၀၅(ခ) ၊သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဆိုင္ရာဥပေဒပုဒ္မ-၂၅ တို႔ျဖင့္ ေထာင္ဒဏ္ေလးႏွစ္အမိန္႔ခ်မွတ္ခံခဲ့ရၿပီး နစက မွေထာင္ဒဏ္ ၂ ႏွစ္အားလြတ္ၿငိမ္းခြင့္ေပးခဲ့ၿပီး က်န္ ၂ ႏွစ္အား လက္ရွိေနထိုင္သည့္ေနရာ၌ပင္က်ခံရမည္ဟု ေၾကညာခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here