ဒေါ်အောင်ဆန်းစုကြည် အား စွဲဆို ထားသည့် သဘာဝဘေးအန္တရာယ်အမှုအတွက် ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆို

0
143

(Unicode)

ဒေါ်အောင်ဆန်းစုကြည် အား စွဲဆို ထားသည့် သဘာဝဘေးအန္တရာယ်အမှုအတွက် ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆို

ဒေါ်အောင်ဆန်းစုကြည်အား စွဲ ဆိုထားသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ-၂၅ အတွက် ဒေါက်တာဇော်မြင့်မောင်က ယနေ့ရုံးချိန်း၌ သက်သေထွက်ဆိုခဲ့သည်ဟု ရှေ့နေအသိုင်းမှသိရသည်။

ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုအကျဥ်းထောင်တွင်းကနေVideo Conferencing စနစ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ဖက်မှသက်သေထွက်ဆိုပေးခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်က အထူးတရားရုံးကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေသည့် အမှုအတွက်ကိုယ်တိုင်လာရောက်သက်သေထွက်ဆိုပေးရန် ဆန္ဒရှိသော်လည်း ကျန်းမာရေးအခြေအနေအရ အိုးဘိုအကျဥ်းထောင်တာဝန်ရှိသူများက ခရီး သွားရောက်ခွင့်မပြု၍Video Conferencing စနစ်ဖြင့်သာသက်သေထွက်ဆိုပေးခဲ့ရခြင်းဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ အမှုအတွက်ရုံးချိန်းအား အထူးတရားရုံးက နှစ်ဖက်အပြီးသတ်လျှောက်လဲချက်များပေးရန် ဇန်နဝါရီ ၃ ရက်သိုထပ်မံရုံးချိန်းသတ်မှတ်ခဲ့သည်။

အမှုအတွက်ဒေါက်တာဇော်မြင့်မောင်၏ သက် သေထွက်ဆိုချက်ကို ရှေ့နေများအားပြောဆိုခွင့်မပြုထားသဖြင့် မည်သိုထွက်ဆိုခဲ့သည်ကိုသိရှိရခြင်းမရှိပေ။

ယနေ့ရုံးချိန်းတွင် Video Conferencing စနစ်ဖြင့်သက်သေထွက်ဆိုခဲ့သည့် ဒေါက်တာဇော်မြင့်မောင်နှင့်ဒေါ်အောင်ဆန်းစုကြည်တို အပြန်အလှန်နှုတ်ဆက်စကားများပြောခဲ့ကြကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္ အား စြဲဆို ထားသည့္ သဘာဝေဘးအႏၲရာယ္အမွုအတြက္ ေဒါက္တာေဇာ္ျမင့္ေမာင္သက္ေသထြက္ဆို

ေဒၚေအာင္ဆန္းစုၾကည္အား စြဲ ဆိုထားသည့္ သဘာဝေဘးအႏၲ ရာယ္စီမံခန့္ခြဲမွုဆိုင္ရာဥပေဒပုဒ္မ-၂၅ အတြက္ ေဒါက္တာေဇာ္ျမင့္ေမာင္က ယေန႔႐ုံးခ်ိန္း၌ သက္ေသထြက္ဆိုခဲ့သည္ဟု ေရွ႕ေနအသိုင္းမွသိရသည္။

ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ အိုးဘိုအက်ဥ္းေထာင္တြင္းကေနVideo Conferencing စနစ္ျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ဖက္မွသက္ေသထြက္ဆိုေပးခဲ့ျခင္းျဖစ္သည္။

ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳ႕နယ္က အထူးတရား႐ုံးကို ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ေနသည့္ အမွုအတြက္ကိုယ္တိုင္လာေရာက္သက္ေသထြက္ဆိုေပးရန္ ဆႏၵရွိေသာ္လည္း က်န္းမာေရးအေျခအေနအရ အိုးဘိုအက်ဥ္းေထာင္တာဝန္ရွိသူမ်ားက ခရီး သြားေရာက္ခြင့္မျပဳ၍Video Conferencing စနစ္ျဖင့္သာသက္ေသထြက္ဆိုေပးခဲ့ရျခင္းျဖစ္သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းမွ သိရသည္။

အဆိုပါ အမွုအတြက္႐ုံးခ်ိန္းအား အထူးတရား႐ုံးက ႏွစ္ဖက္အၿပီးသတ္ေလၽွာက္လဲခ်က္မ်ားေပးရန္ ဇန္နဝါရီ ၃ ရက္သိုထပ္မံ႐ုံးခ်ိန္းသတ္မွတ္ခဲ့သည္။

အမွုအတြက္ေဒါက္တာေဇာ္ျမင့္ေမာင္၏ သက္ ေသထြက္ဆိုခ်က္ကို ေရွ႕ေနမ်ားအားေျပာဆိုခြင့္မျပဳထားသျဖင့္ မည္သိုထြက္ဆိုခဲ့သည္ကိုသိရွိရျခင္းမရွိေပ။

ယေန႔႐ုံးခ်ိန္းတြင္ Video Conferencing စနစ္ျဖင့္သက္ေသထြက္ဆိုခဲ့သည့္ ေဒါက္တာေဇာ္ျမင့္ေမာင္ႏွင့္ေဒၚေအာင္ဆန္းစုၾကည္တို အျပန္အလွန္ႏွုတ္ဆက္စကားမ်ားေျပာခဲ့ၾကေၾကာင္း ေရွ႕ေနအသိုင္းအဝိုင္းမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here