စည်ပင်သာယာ ရေး ကော်မတီဝင်ဟောင်း၊အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာနှင့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ဦး ဆောင်သူ ၊အောင်ပရဟိတ ဖောင် ဒေးရှင်းထူထောင်သူ ၊အမျိုးသမီးစာ ရေး ဆရာ ဒေါ်သန်းမြင့်အောင် အလုပ်နှင့်ထောင် (၃)နှစ်ချမှတ်ခံရ

0
172

စည်ပင်သာယာ ရေး ကော်မတီဝင်ဟောင်း ၊အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာနှင့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာဦးဆောင်သူ၊ အောင် ပရဟိတ ဖောင် ဒေးရှင်း ထူ ထောင်သူ၊အမျိုးသမီး စာ ရေး ဆရာ ဒေါ်သန်းမြင်အောင်အား ယနေ့တွင် အင်းစိန်အကျဥ်းထောင်တွင်းအထူးတရားရုံးက ပုဒ်မ- ၅၀၅(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ်ခဲ့သည်။

“ဆရာမဒေါ်သန်းမြင့်အောင်က ဖေဖော်ဝါရီ ၁ ရက်နေ့ထဲကဖမ်းခံထားရတာဖြစ်ပါတယ် ဒီနေ့မှာ ပုဒ်မ-၅၀၅(က)နဲ့ ဖွင့်ထားတဲ့အမှုနဲ့ ပတ်သတ်ပြီး အမိန့်ချလိုက်တာပါ”ဟု ရှေ့နေတစ်ဦးကပြော သည်။

စာရေးဆရာမဒေါ်သန်းမြင့်အောင်သည် ၂၀၁၄ ခုနှစ်က ပြည်သူ့ဂုဏ်ရည်ဆုရရှိထားသူတစ်ဦးဖြစ်ကာ ပရဟိတလုပ်ငန်းများအား အစဥ်တစိုက်လုပ် ဆောင်ခဲ့သူဖြစ်သည်။

စာရေးဆရာမဒေါ်သန်းမြင့်အောင်အားနေအိမ် ၌ဖမ်းဆီးခဲ့ ပြီးနောက် စစ်ဆေးမှုများပြုလုပ်ပြီး အင်းစိန်အကျဥ်းထောင်သို့ပို့ဆောင်ခဲ့ ခြင်းဖြစ် သည်။

ဒေါ်သန်းမြင့်အောင်၏ ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့်အနေအထားဖြစ်နေကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here