၂၀၂၂ခုနှစ်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနအချိန်ဇယားများ ထုတ်ပြန်

0
238

(Unicode)

၂၀၂၂ခုနှစ်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနအချိန်ဇယားများ ထုတ်ပြန်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှ ၂၀၂၂ခုနှစ်အတွက် အထူးကုပြင်ပလူနာဌာနအချိန်ဇယားများ ထုတ်ပြန်ထားပါတယ်။

အပတ်စဉ်တနင်္လာနေ့တိုင်းမှာ အထွေထွေသမားတော်ဆေးကုဌာန၊အထွေထွေခွဲစိတ်ကုသဌာန(၁)၊အစာအိမ်နှင့်အူလမ်းကြောင်းဆေး ကုဌာန၊နှလုံးဆေးကုဌာနနှင့် သွေးရောဂါကုဌာနတို့တွင် နံနက် (၉)နာရီမှ(၁၂)နာရီထိ လူနာများကို လက်ခံကုသပေးသွားမှာဖြစ်ပါတယ်။

နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနကိုတော့ အပတ်စဉ်တနင်္လာနေ့တိုင်း နေ့လည် (၁)နာရီမှ (၃)နာရီထိ ဖွင့်လှစ်ကုသပေးသွားမှာ ဖြစ်ပါတယ်။

ဦးနှောက်နှင့်အာရုံကြောဆေးကုဌာန၊နှလုံးခုန်နှုန်းဆိုင်ရာ ရောဂါများဆေးကုဌာန နှင့် မျက်နှာမေးရိုးခွဲစိတ်ကုသဌာနတို့ကို အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက်(၉)နာရီမှ (၁၂)နာရီ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

အပတ်စဉ်​ဗုဒ္ဓဟူးနေ့တိုင်းမှာ အထွေထွေသမားတော်ဆေးကုဌာန၊အထွေထွေခွဲစိတ်ကုဌာန(၃)၊
ဟော်မုန်းရောဂါကုဌာနနှင့် ထိခိုက်ဒဏ်ရာနှင့်အရိုးအထူးကုဌာနတို့ကို နံနက်(၉)နာရီမှ (၁၂) နာရီထိ ဖွင့်လှစ်မှာဖြစ်ပြီး နေ့လည် (၁)နာရီမှ (၃)နာရီထိကိုတော့ နှလုံးနှင့်သွေးကြောခွဲစိတ် ကုဌာနကို ဖွင့်လှစ်ကာ လူနာတွေကို လက်ခံကုသပေးမှာဖြစ်ပါတယ်။

အပတ်စဉ်ကြာသပတေးနေ့ နံနက်(၉)နာရီမှ (၁၂)နာရီထိ နှလုံးဆေးကုဌာန၊သွေးရောဂါကုဌာန၊ဦးနှောက်နှင့်အာရုံကြောဆေးကုဌာန၊ ဆီးချို၊သွေးချိုရောဂါကုဌာနနှင့် မျက်နှာမေးရိုးခွဲစိတ်ကုသဌာနတို့ကို ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

နှလုံးဆေးကုဌာန၊အထွေထွေခွဲစိတ်ကုဌာန(၂)၊ အထွေထွေသမားတော်ဆေးကုဌာနနှင့် ထိခိုက်ဒဏ်ရာနှင့်အရိုးအထူးကုဌာနတို့ကို အပတ်စဉ် သောကြာနေ့တိုင်း နံနက်(၉)နာရီမှ (၁၂)နာရီထိ ဖွင့်လှစ်ကုသပေးသွားမှာဖြစ်ပါတယ်။

(Zawgyi)


ထုတ်ပြန်ထားပါတယ်။








LEAVE A REPLY

Please enter your comment!
Please enter your name here