ပုသိမ်ကြီးမြို့နယ်တွင် ကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများကို ၁၈ ဘီးတွဲကားပေါ်မှဖမ်းမိ

0
190

(Unicode)

ပုသိမ်ကြီးမြို့နယ်တွင် ကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများကို ၁၈ ဘီးတွဲကားပေါ်မှဖမ်းမိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်စစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာ ၂၃ ရက်နေ့လည် ၁ နာရီခွဲက ၁၈ ဘီးတွဲကားပေါ်မှ ကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှပူးပေါင်း၍ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

၁၆ မိုင်စစ်ဆေးရေးစခန်း၌ မန္တလေးဘက်မှ လားရှိုးဘက်သို့ ဇော်မင်းလွင် မောင်းနှင်ကာ ကောင်း မြတ်စံ လိုက်လာသည့် ၁၈ ဘီးတွဲကားအား သ တင်းအရရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် သံပီပါများအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း (Toluene) ၁၂၈၀၀ လီတာအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဖမ်းမိသူနှစ်ဦးအား သက်ဆိုင်ရာရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။

(Zawgyi)

ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ က်ပ္သိန္း ၁၇၀၀ ေက်ာ္တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားကို ၁၈ ဘီးတြဲကားေပၚမွဖမ္းမိ

မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ၁၆ မိုင္စစ္ေဆးေရးစခန္းတြင္ ဒီဇင္ဘာ ၂၃ ရက္ေန႔လည္ ၁ နာရီခြဲက ၁၈ ဘီးတြဲကားေပၚမွ က်ပ္သိန္း ၁၇၀၀ ေက်ာ္တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားအား မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ႏွင့္ အေကာက္ခြန္ဦးစီးဌာနတို႔မွပူးေပါင္း၍ ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

၁၆ မိုင္စစ္ေဆးေရးစခန္း၌ မႏၲေလးဘက္မွ လားရႈိးဘက္သို႔ ေဇာ္မင္းလြင္ ေမာင္းႏွင္ကာ ေကာင္း ျမတ္စံ လိုက္လာသည့္ ၁၈ ဘီးတြဲကားအား သ တင္းအရရွာေဖြခဲ့ၾကျခင္းျဖစ္သည္။

ဘိလပ္ေျမအိတ္မ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ သံပီပါမ်ားအတြင္းမွ ထိန္းခ်ဳပ္ဓာတုပစၥည္း (Toluene) ၁၂၈၀၀ လီတာအားဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ဖမ္းမိသူႏွစ္ဦးအား သက္ဆိုင္ရာရဲစခန္းက မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမႈဖြင့္ၿပီး ဆက္စပ္ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ စစ္ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here