ပြန်ဖွင့်လိုက်တဲ့ မံမန်လမ်းကြောင်း ပို့ကုန်သွင်းကုန်ပမာဏ တရုတ်ယွမ်ငွေ သန်း၂၀၀ ရှိဟုဆို

0
139

(Unicode)

ပြန်ဖွင့်လိုက်တဲ့ မံမန်လမ်းကြောင်း ပို့ကုန်သွင်းကုန်ပမာဏ တရုတ်ယွမ်ငွေ သန်း၂၀၀ ရှိဟုဆို

တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် အရေးပါတဲ့ ကုန်းလမ်းနယ်စပ်ဂိတ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်းကို ၂၀၂၁ နိုဝင်ဘာလ ၂၆ရက်ကစပြီး ကုန်ပစ္စည်းတွေ တရားဝင် ပြန်လည်ဖြတ်သန်းခွင့်ပေးခဲ့တာမှာ အခုဆိုရင် အဆိုပါနယ်စပ်ဂိတ်မှာ တစ်ရက်ကို ပျမ်းမျှ မော်တော်ယာဉ်အစီးရေ ၄၀ ခန့် အဝင်အထွက်ပြုလုပ်လျက်ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဒီကနေ့ ဒီဇင်ဘာ ၂၈ရက်မှာ အသိပေးပါတယ်။

ပြန်ဖွင့်တဲ့ အချိန်ကစလို့ အခုအချိန်အထိ မံမန်လမ်းကြောင်းပေါ် အဝင်အထွက် မော်တော်ယာဉ်အစီးရေစုစုပေါင်းက ၁၀၀၀ ကျော်သွားပြီဖြစ်ကာ ကုန်စည်သယ်ယူပို့ဆောင်မှု စုစုပေါင်းပမာဏအနေနဲ့ တန်ချိန် ၃၀၀၀၀ ကျော်ရှိပြီး ပို့ကုန်သွင်းကုန် စုစုပေါင်းပမာဏကတော့ တရုတ်ယွမ်ငွေ သန်း ၂၀၀ ခန့် ရှိတယ်လို့သံရုံးရဲ့ ဖော်ပြချက်မှာဆိုပါတယ်။

ဝမ်တိန်နယ်စပ်ဂိတ်ကို ယခုအကြိမ် ပြန်လည်ဖွင့်လှစ်မှုမှာ ကုန်စည်သယ်ယူပို့ဆောင်ရေးနည်းလမ်းကတော့ ယခင် ယာဉ်တွေနဲ့ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ခြင်းကနေ ယခု ကွန်တိန်နာနဲ့ အတင်အချပြုလုပ်တဲ့ ပုံစံနဲ့ ပြောင်းလဲ သယ်ယူပို့ဆောင်နေတာပါ။

ယာဉ်မောင်းဟာ ကွန်တိန်နာယာဉ်ကို သီးသန့်လွှဲ ပြောင်းတဲ့ စင်တာသို့ မောင်းနှင်ပြီး မော်တော်ယာဉ်ဝန်ချီစက်နဲ့ တစ်ဆင့်သယ်ယူတဲ့ နည်းလမ်းနဲ့ လူထိတွေ့မှုအနည်းဆုံးဖြစ်စေဖို့ ဆောင်ရွက်တာဟာ နယ်စပ်ဂိတ်ဧရိယာမှာ လူများစုဝေးဖြစ်မှုနဲ့ ကပ်ရောဂါပျံ့နှံမှုအန္တရာယ်ကို ထိရောက်စွာ လျော့နည်းစေတယ်လို့လည်းသံရုံးကဆိုပါတယ်။

မူဆယ်အခြေစိုက်ကုန်သည်ကြီးတစ်ဦးက “အရင်ဆုံးက ဒီဂိတ်က ကိုဗစ်မဖြစ်ခင်ကပေါ့။ တစ်ရက်ကို ကားအစီးရေ ၂၀၀ကျော်၊၃၀၀လောက် ပုံမှန်ဝင်တယ်။အခုကတော့ အစီး ၂၀ကျော်၊၃၀ကျော်ပဲ ဝင်တော့တယ်။၁၀ရာခိုင်နှုန်းပဲ လုပ်ငန်းလည်ပါတ်နေတဲ့သဘောပေါ့။အရင်နဲ့ ယခုကို နှိင်းယှဉ်တာပေါ့။ကိုဗစ်မဖြစ်ခင်ကာလကို ပြောတာနော်။ အခု ကွန်တိန်နာနဲ့ လည်းအလုပ်လုပ်သလို ပိုပြီးတွင်ကျယ်အောင် တွဲကားတွေနဲ့ပါ ကုန်သွယ်နေတာရှိပါတယ်။ဒီဘက်က ကုန်သည်တွေရဲ့ တောင်းဆိုမှုနဲ့ပေါ့။တွဲကားကို တစ်နေ့ကို အစီးရေ ၃၀ကျော်လောက် တရုတ်ကိုသွားတယ်။တရုတ်ကလည်းဝင်တယ်။ဆန်တို့ ဆန်ကွဲတို့ ရာဘာတိုပေါ့နော်။တရုတ်ဘက်ကလည်း ဆောက်လုပ်ရေးပစ္စည်းဘာတွေ လာတယ်။ ကွန်တိန်နာယာဉ်နဲ့ကလည်းသွားနေတယ်။လာနေတယ်”လို့ လက်ရှိမြေပြင်အခြေအနေကိုပြောပြပါတယ်။

(Zawgyi)

ျပန္ဖြင့္လိုက္တဲ့ မံမန္လမ္းေၾကာင္း ပို႔ကုန္သြင္းကုန္ပမာဏ တ႐ုတ္ယြမ္ေငြ သန္း၂၀၀ ရွိဟုဆို

တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံအတြက္ အေရးပါတဲ့ ကုန္းလမ္းနယ္စပ္ဂိတ္လမ္းေၾကာင္းတစ္ခုျဖစ္တဲ့ ဝမ္တိန္နယ္စပ္ဂိတ္ မံမန္လမ္းေၾကာင္းကို ၂၀၂၁ ႏိုဝင္ဘာလ ၂၆ရက္ကစၿပီး ကုန္ပစၥည္းေတြ တရားဝင္ ျပန္လည္ျဖတ္သန္းခြင့္ေပးခဲ့တာမွာ အခုဆိုရင္ အဆိုပါနယ္စပ္ဂိတ္မွာ တစ္ရက္ကို ပ်မ္းမွ် ေမာ္ေတာ္ယာဥ္အစီးေရ ၄၀ ခန႔္ အဝင္အထြက္ျပဳလုပ္လ်က္ရွိေနတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးက ဒီကေန႔ ဒီဇင္ဘာ ၂၈ရက္မွာ အသိေပးပါတယ္။

ျပန္ဖြင့္တဲ့ အခ်ိန္ကစလို႔ အခုအခ်ိန္အထိ မံမန္လမ္းေၾကာင္းေပၚ အဝင္အထြက္ ေမာ္ေတာ္ယာဥ္အစီးေရစုစုေပါင္းက ၁၀၀၀ ေက်ာ္သြားၿပီျဖစ္ကာ ကုန္စည္သယ္ယူပို႔ေဆာင္မႈ စုစုေပါင္းပမာဏအေနနဲ႔ တန္ခ်ိန္ ၃၀၀၀၀ ေက်ာ္ရွိၿပီး ပို႔ကုန္သြင္းကုန္ စုစုေပါင္းပမာဏကေတာ့ တ႐ုတ္ယြမ္ေငြ သန္း ၂၀၀ ခန႔္ ရွိတယ္လို႔သံ႐ုံးရဲ႕ ေဖာ္ျပခ်က္မွာဆိုပါတယ္။

ဝမ္တိန္နယ္စပ္ဂိတ္ကို ယခုအႀကိမ္ ျပန္လည္ဖြင့္လွစ္မႈမွာ ကုန္စည္သယ္ယူပို႔ေဆာင္ေရးနည္းလမ္းကေတာ့ ယခင္ ယာဥ္ေတြနဲ႔ နယ္စပ္ျဖတ္ေက်ာ္သယ္ယူပို႔ေဆာင္ျခင္းကေန ယခု ကြန္တိန္နာနဲ႔ အတင္အခ်ျပဳလုပ္တဲ့ ပုံစံနဲ႔ ေျပာင္းလဲ သယ္ယူပို႔ေဆာင္ေနတာပါ။

ယာဥ္ေမာင္းဟာ ကြန္တိန္နာယာဥ္ကို သီးသန႔္လႊဲ ေျပာင္းတဲ့ စင္တာသို႔ ေမာင္းႏွင္ၿပီး ေမာ္ေတာ္ယာဥ္ဝန္ခ်ီစက္နဲ႔ တစ္ဆင့္သယ္ယူတဲ့ နည္းလမ္းနဲ႔ လူထိေတြ႕မႈအနည္းဆုံးျဖစ္ေစဖို႔ ေဆာင္႐ြက္တာဟာ နယ္စပ္ဂိတ္ဧရိယာမွာ လူမ်ားစုေဝးျဖစ္မႈနဲ႔ ကပ္ေရာဂါပ်ံ႕ႏွံမႈအႏၲရာယ္ကို ထိေရာက္စြာ ေလ်ာ့နည္းေစတယ္လို႔လည္းသံ႐ုံးကဆိုပါတယ္။

မူဆယ္အေျခစိုက္ကုန္သည္ႀကီးတစ္ဦးက “အရင္ဆုံးက ဒီဂိတ္က ကိုဗစ္မျဖစ္ခင္ကေပါ့။ တစ္ရက္ကို ကားအစီးေရ ၂၀၀ေက်ာ္၊၃၀၀ေလာက္ ပုံမွန္ဝင္တယ္။အခုကေတာ့ အစီး ၂၀ေက်ာ္၊၃၀ေက်ာ္ပဲ ဝင္ေတာ့တယ္။၁၀ရာခိုင္ႏႈန္းပဲ လုပ္ငန္းလည္ပါတ္ေနတဲ့သေဘာေပါ့။အရင္နဲ႔ ယခုကို ႏွိင္းယွဥ္တာေပါ့။ကိုဗစ္မျဖစ္ခင္ကာလကို ေျပာတာေနာ္။ အခု ကြန္တိန္နာနဲ႔ လည္းအလုပ္လုပ္သလို ပိုၿပီးတြင္က်ယ္ေအာင္ တြဲကားေတြနဲ႔ပါ ကုန္သြယ္ေနတာရွိပါတယ္။ဒီဘက္က ကုန္သည္ေတြရဲ႕ ေတာင္းဆိုမႈနဲ႔ေပါ့။တြဲကားကို တစ္ေန႔ကို အစီးေရ ၃၀ေက်ာ္ေလာက္ တ႐ုတ္ကိုသြားတယ္။တ႐ုတ္ကလည္းဝင္တယ္။ဆန္တို႔ ဆန္ကြဲတို႔ ရာဘာတိုေပါ့ေနာ္။တ႐ုတ္ဘက္ကလည္း ေဆာက္လုပ္ေရးပစၥည္းဘာေတြ လာတယ္။ ကြန္တိန္နာယာဥ္နဲ႔ကလည္းသြားေနတယ္။လာေနတယ္”လို႔ လက္ရွိေျမျပင္အေျခအေနကိုေျပာျပပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here