ကမ္ဘာ့အချောဆုံးအမျိုးသားအဖြစ် ပိုင်တံခွန် ရွေးချယ်ခံရ

0
304

(Unicode)

ကမ္ဘာ့အချောဆုံးအမျိုးသားအဖြစ် ပိုင်တံခွန် ရွေးချယ်ခံရ

TC Candler ရဲ့ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသားအယောက် ၁၀၀ စာရင်း မှာ ပိုင်တံခွန်ဟာ နံပါတ် ၁ နေရာကို ရွေးချယ်ခံခဲ့ရပါတယ်။

TC Candler ဟာ ၁၉၉၀ ခုနှစ်ကစပြီး ကမ္ဘာ့အချောဆုံးအမျိုးသားနဲ့ အမျိုးသမီးများစာရင်းကို နှစ်စဉ်ထုတ်ပြန်ခဲ့တာပါ။

ယခုလိုထုတ်ပြန်တဲ့အခါမှာလည်း ရုပ်ရည်တစ် ခုတည်းသာ ကြည့်တာမဟုတ်ပဲ တနှစ်တာအတွင်း လုပ်ဆောင်မှုတွေ၊Social media မှာပေါ်ကလူထုအပေါ်အကျိုးပြုလုပ်ရပ်တွေနဲ့ Profile ကို သေချာလေ့လာပြီးမှသာ ရွေးချယ်တာ ဖြစ်ပါတယ်။

ပိုင်တံခွန်အနေနဲ့ TC Candler စာရင်းမှာ ဒုတိယအကြိမ်မြောက်ပါဝင်ခဲ့တာဖြစ်ပြီး ပထမအကြိမ်တုန်းကတော့ နံပါတ် ၁၀နေရာ ရခဲ့တာပါ။

ပိုင်တံခွန်ဟာ ကမ္ဘာ့အချောဆုံးအမျိုးသားအဖြစ် အရွေးချယ်မခံရခင် တစ်ရက်အလို ဒီဇင်ဘာ ၂၇ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃နှစ်ချမှတ်ခံခဲ့ရပါတယ်။

(Zawgyi)

ကမာၻ႔အေခ်ာဆုံးအမ်ိဳးသားအျဖစ္ ပိုင္တံခြန္ ေ႐ြးခ်ယ္ခံရ

TC Candler ရဲ႕ ၂၀၂၁ ခုႏွစ္အတြက္ ကမာၻ႔အေခ်ာဆုံး အမ်ိဳးသားအေယာက္ ၁၀၀ စာရင္း မွာ ပိုင္တံခြန္ဟာ နံပါတ္ ၁ ေနရာကို ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

TC Candler ဟာ ၁၉၉၀ ခုႏွစ္ကစၿပီး ကမာၻ႔အေခ်ာဆုံးအမ်ိဳးသားနဲ႔ အမ်ိဳးသမီးမ်ားစာရင္းကို ႏွစ္စဥ္ထုတ္ျပန္ခဲ့တာပါ။

ယခုလိုထုတ္ျပန္တဲ့အခါမွာလည္း ႐ုပ္ရည္တစ္ ခုတည္းသာ ၾကည့္တာမဟုတ္ပဲ တႏွစ္တာအတြင္း လုပ္ေဆာင္မႈေတြ၊Social media မွာေပၚကလူထုအေပၚအက်ိဳးျပဳလုပ္ရပ္ေတြနဲ႔ Profile ကို ေသခ်ာေလ့လာၿပီးမွသာ ေ႐ြးခ်ယ္တာ ျဖစ္ပါတယ္။

ပိုင္တံခြန္အေနနဲ႔ TC Candler စာရင္းမွာ ဒုတိယအႀကိမ္ေျမာက္ပါဝင္ခဲ့တာျဖစ္ၿပီး ပထမအႀကိမ္တုန္းကေတာ့ နံပါတ္ ၁၀ေနရာ ရခဲ့တာပါ။

ပိုင္တံခြန္ဟာ ကမာၻ႔အေခ်ာဆုံးအမ်ိဳးသားအျဖစ္ အေ႐ြးခ်ယ္မခံရခင္ တစ္ရက္အလို ဒီဇင္ဘာ ၂၇ရက္ေန႔တြင္ ပုဒ္မ ၅၀၅ (က) ျဖင့္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၃ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here