ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် Lisa ရွေး ချယ်ခံရ

0
321

(Unicode)

ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် Lisa ရွေး ချယ်ခံရ

TC Candler ကရွေးချယ်ထားတဲ့ ကမ္ဘာ့အလှဆုံးအမျိုးသမီးစာရင်းမှာ Lisa က နံပါတ် ၁အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

ယမန်နှစ်ကတော့ Lisa ဟာ နံပါတ် ၂နေရာမှာရှိခဲ့ပြီး ဒီနှစ်မှာတော့ အခြားသော ဟောလိဝုဒ်မင်းသမီးတွေကိုပါ ကျော်လွန်ပြီး နံပါတ်၁ ဖြစ် လာခဲ့တာပါ။

Lisa အပြင် ကျန်တဲ့BlackPink အဖွဲ့ဝင် ၃ ယောက်နဲ့ ကိုရီးယား idol အဆိုတော် အချို့လည်း ၂၀၂၁အတွက် ကမ္ဘာ့အလှဆုံးအမျိုး သမီးအယောက်၁၀၀ စာရင်းမှာပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့အလှဆုံးအမျိုးသမီးအယောက် ၁၀၀ စာရင်းမှာ နံပါတ် ၅နေရာကို MOMOLAND အဖွဲ့ဝင် Nancy ကရရှိခဲ့ပြီး နံပါတ် ၆နေရာကိုတော့ TWICE အဖွဲ့ဝင် Tzuyu က ရရှိခဲ့ပါတယ်။

BlackPink အဖွဲ့ဝင် Rose’ ကတော့ နံပါတ် ၁၇နေရာမှာရှိပြီး Jisoo က နံပါတ် ၂၆နဲ့ Jennieကတော့ နံပါတ် ၃၀နေရာမှာရှိပါတယ်။

Red Velvet အဖွဲ့ဝင် Seulgin ကတော့ နံပါတ် ၁၃နေရာမှာရှိပါတယ်။

TC Candler ဟာ ၁၉၉၀ ပြည့်နှစ်ကစပြီး ကမ္ဘာ့အချောဆုံးအမျိုးသားအယောက် ၁၀၀နဲ့ ကမ္ဘာ့အလှဆုံးအမျိုးသမီးအယောက်၁၀၀စာရင်းတို့ကို နှစ်စဉ်ထုတ်ပြန်ခဲ့တာပါ။

(Zawgyi)










LEAVE A REPLY

Please enter your comment!
Please enter your name here