အသေးစားစီမံကိန်းများအတွက် ယူရို၂သိန်းခွဲ ဂျာမနီထောက်ပံ့ပေးခဲ့၊ ဆက်လက်ထောက်ပံ့သွားရန်လည်းရှိ

0
154

(Unicode)

အသေးစားစီမံကိန်းများအတွက် ယူရို၂သိန်းခွဲ ဂျာမနီထောက်ပံ့ပေးခဲ့၊ ဆက်လက်ထောက်ပံ့သွားရန်လည်းရှိ

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံက အသေးစားစီမံကိန်းများအတွက် ယူရို ၂ သိန်းခွဲ ထောက်ပံ့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဒီကနေ့ ဒီဇင်ဘာ၂၈ရက်မှာ ပြောဆိုပါတယ်။

ထောက်ပံ့ငွေအများစုကို ကိုဗစ်-၁၉ နဲ့ ဆက်စပ်တဲ့ စီမံကိန်းတွေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက လိုအပ်ချက်ရှိတဲ့ ပြည်သူတွေအတွက် အခြေခံအစားအသောက်နဲ့ ဆေးဝါးတွေ ပံ့ပိုးတာမှာ အသုံးပြုခဲ့တယ်လို့ သံရုံးကပြောပါတယ်။

ဂျာမနီအနေနဲ့ ယခုကဲ့သို့သော ခက်ခဲတဲ့အချိန်များတွင်ပင် မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရှိနေဖို့ အခိုင်အမာဆုံးဖြတ်ထားပြီး ရှေ့လာမယ့် ၂၀၂၂ ခုနှစ်တွင်လည်း ဆက်လက်ရပ်တည်သွားမယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးကဆိုပါတယ်။

ဂျာမနီသံရုံးအနေနဲ့ အထက်ပါထောက်ပံ့မှုတွေအပြင် အခြားစီမံကိန်းများအနေနဲ့ မန္တလေးတိုင်းဒေသကြီးရှိ မူကြိုကျောင်းတွေမှာ ပရိဘောဂတွေ တပ်ဆင်ပေးတာ၊ ကစားကွင်းတွေ ဆောက်လုပ်ပေးတာ၊ မသန်စွမ်းသူတွေအတွက် ဘီးတပ်ကုလားထိုင်တွေ ထောက်ပံ့ပေးတာနဲ့ မြန်မာနိုင်ငံက ဇီဝမျိုးကွဲတွေကို စောင့်ရှောက်တဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ကျက်စားတဲ့ ကမ္ဘာ့အမြင့်ဆုံး ပျံသန်းနိုင်တဲ့ ငှက်တွေဖြစ်တဲ့ ကြိုးကြာခေါင်းနီတွေကို ထိန်းသိမ်းဖို့ ရန်ပုံငွေ ထောက်ပံ့ပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သံရုံးရဲ့ ဖော်ပြချက်အရသိရပါတယ်။

(Zawgyi)

အေသးစားစီမံကိန္းမ်ားအတြက္ ယူ႐ို၂သိန္းခြဲ ဂ်ာမနီေထာက္ပံ့ေပးခဲ့၊ ဆက္လက္ေထာက္ပံ့သြားရန္လည္းရွိ

၂၀၂၁ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံက အေသးစားစီမံကိန္းမ်ားအတြက္ ယူ႐ို ၂ သိန္းခြဲ ေထာက္ပံ့ေပးခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ာမနီသံ႐ုံးက ဒီကေန႔ ဒီဇင္ဘာ၂၈ရက္မွာ ေျပာဆိုပါတယ္။

ေထာက္ပံ့ေငြအမ်ားစုကို ကိုဗစ္-၁၉ နဲ႔ ဆက္စပ္တဲ့ စီမံကိန္းေတြနဲ႔ ရန္ကုန္၊ မႏၲေလးနဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးက လိုအပ္ခ်က္ရွိတဲ့ ျပည္သူေတြအတြက္ အေျခခံအစားအေသာက္နဲ႔ ေဆးဝါးေတြ ပံ့ပိုးတာမွာ အသုံးျပဳခဲ့တယ္လို႔ သံ႐ုံးကေျပာပါတယ္။

ဂ်ာမနီအေနနဲ႔ ယခုကဲ့သို႔ေသာ ခက္ခဲတဲ့အခ်ိန္မ်ားတြင္ပင္ ျမန္မာျပည္သူေတြနဲ႔ တစ္သားတည္း ရွိေနဖို႔ အခိုင္အမာဆုံးျဖတ္ထားၿပီး ေရွ႕လာမယ့္ ၂၀၂၂ ခုႏွစ္တြင္လည္း ဆက္လက္ရပ္တည္သြားမယ္လို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ာမနီသံ႐ုံးကဆိုပါတယ္။

ဂ်ာမနီသံ႐ုံးအေနနဲ႔ အထက္ပါေထာက္ပံ့မႈေတြအျပင္ အျခားစီမံကိန္းမ်ားအေနနဲ႔ မႏၲေလးတိုင္းေဒသႀကီးရွိ မူႀကိဳေက်ာင္းေတြမွာ ပရိေဘာဂေတြ တပ္ဆင္ေပးတာ၊ ကစားကြင္းေတြ ေဆာက္လုပ္ေပးတာ၊ မသန္စြမ္းသူေတြအတြက္ ဘီးတပ္ကုလားထိုင္ေတြ ေထာက္ပံ့ေပးတာနဲ႔ ျမန္မာႏိုင္ငံက ဇီဝမ်ိဳးကြဲေတြကို ေစာင့္ေရွာက္တဲ့ လုပ္ငန္းတစ္ခုျဖစ္တဲ့ ဧရာဝတီတိုင္းေဒသႀကီးမွာ က်က္စားတဲ့ ကမာၻ႔အျမင့္ဆုံး ပ်ံသန္းႏိုင္တဲ့ ငွက္ေတြျဖစ္တဲ့ ႀကိဳးၾကာေခါင္းနီေတြကို ထိန္းသိမ္းဖို႔ ရန္ပုံေငြ ေထာက္ပံ့ေပးတာေတြ ျပဳလုပ္ခဲ့တယ္လို႔ သံ႐ုံးရဲ႕ ေဖာ္ျပခ်က္အရသိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here