အမေရိကန် CDC က ကိုဗစ်ကူးစက်ခံရသူများအား ၁၀ရက်ကြာ သီးသန့်ခွဲထားခြင်းကို ၅ရက် ထိလျှော့ဖို့ အကြံပြု

0
51

(Unicode)

အမေရိကန် CDC က ကိုဗစ်ကူးစက်ခံရသူများအား ၁၀ရက်ကြာ သီးသန့်ခွဲထားခြင်းကို ၅ရက် ထိလျှော့ဖို့ အကြံပြု

အမေရိကန်ကျန်းမာရေးအာဏာပိုင်တွေဟာ ကိုဗစ်၁၉ ကူးစက်ခံရသူတွေရဲ့ သီးသန့်ခွဲထားချိန်ကို ၁၀ရက်မှ ၅ရက်သို့ လျှော့ချဖို့ အကြံပြုခဲ့ပါတယ်။

ကူးစက်ခံရသူတွေကို သီးသန့်ခွဲထားတဲ့ရက် များတာကြောင့်ဝန်ထမ်းရှားပါးမှုအပေါ် သက် ရောက်လာကာ စိုးရိမ်မှုတွေတိုးလာတာကြောင့် အခုလို အကြံပြုလိုက်တာလည်း ဖြစ်ပါတယ်။

CDC က ကိုဗစ်၁၉နဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို မွမ်းမံပြင်ဆင်ထားကြောင်း တနင်္လာနေ့က ပြောခဲ့ပါတယ်။

အသစ်မွမ်းမံထားတဲ့လမ်းညွှန်ချက်အရ ကိုဗစ် ၁၉ရောဂါပိုးတွေ့ရှိသူတွေကို ၅ရက်ကြာသီးခြားခွဲထားပြီး အဲ့ဒီကာလအတွင်းမှာ ရောဂါလက္ခဏာမပြခဲ့ပါက ကာကွယ်ဆေးထိုးထားသူဖြစ်စေ၊မထိုးထားသူဖြစ်စေ သီးသန့်ခွဲ့ထားခြင်းကို အဆုံးသတ်ရမှာ ဖြစ်ပါတယ်။

အဆိုပါ ၅ရက်ပြီးပါက ၄င်းတို့ရဲ့အလုပ်ခွင်တွေကို ပြန်လည်ဝင်ရောက်နိုင်ပြီး အခြားလုပ်ဆောင်မှုများကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ထပ်ဆောင်းကာကွယ်ဆေးထိုးထားသူတွေ(သို့) ကာကွယ်ဆေး၂ကြိမ်အပြည့်ထိုးထားပြီး ၆လ အတွင်းရောဂါပိုးနဲ့ ထိတွေ့ဖူးသူများသည် ရောဂါပိုးနဲ့ထိတွေ့ပြီးနောက် ၁၀ရက်လုံး Mask တပ်ထားတယ်ဆိုရင် သီးသန့်ခွဲထားဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။

ဒါဟာမကြာသေးခင်က တွေ့ရှိချက်တွေကို သုံးသပ်ပြီး မွမ်းမံထားတဲ့ လမ်းညွှန်ချက်ဖြစ်တယ် လို့ CDC ကဆိုပါတယ်။

ကိုဗစ်၁၉မျိုးကွဲ Omicron ကူးစက်မှုဟာ အမေရိကန်တဝှမ်းမှာပျံ့နှံ့နေတာကြောင့် လုပ်သားရှားပါးမှုဟာ စိုးရိမ်စရာဖြစ်လာပါတယ်။

CDC ဒါရိုက်တာ Rochelle Walensky က “လျင်မြန်စွာပျံ့နှံ့နေတဲ့ Omicron မျိုးကွဲဟာ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍအားလုံးကို သက်ရောက်မှုရှိနိုင်တယ်”လို့ ပြောခဲ့ပါတယ်။

အသစ်မွမ်းမံထားတဲ့လမ်းညွှန်ချက်တွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှု၊ကနဦးကာကွယ်ဆေးနဲ့ ထပ် ဆောင်းကာကွယ်ဆေးတို့ရဲ့ ကာကွယ်နိုင်မှုတွေနဲ့ စပ်လျဉ်းတယ်လို့ CDC ဒါရိုက်တာက ပြောခဲ့ပါတယ်။

Ref:NHK/US CDC advises shorter virus isolation period

(Zawgyi)

အေမရိကန္ CDC က ကိုဗစ္ကူးစက္ခံရသူမ်ားအား ၁၀ရက္ၾကာ သီးသန္႔ခြဲထားျခင္းကို ၅ရက္ ထိေလွ်ာ့ဖို႔ အႀကံျပဳ

အေမရိကန္က်န္းမာေရးအာဏာပိုင္ေတြဟာ ကိုဗစ္၁၉ ကူးစက္ခံရသူေတြရဲ႕ သီးသန္႔ခြဲထားခ်ိန္ကို ၁၀ရက္မွ ၅ရက္သို႔ ေလွ်ာ့ခ်ဖို႔ အႀကံျပဳခဲ့ပါတယ္။

ကူးစက္ခံရသူေတြကို သီးသန္႔ခြဲထားတဲ့ရက္ မ်ားတာေၾကာင့္ဝန္ထမ္းရွားပါးမႈအေပၚ သက္ ေရာက္လာကာ စိုးရိမ္မႈေတြတိုးလာတာေၾကာင့္ အခုလို အႀကံျပဳလိုက္တာလည္း ျဖစ္ပါတယ္။

CDC က ကိုဗစ္၁၉နဲ႔ပတ္သက္ၿပီး လမ္းၫႊန္ခ်က္ေတြကို မြမ္းမံျပင္ဆင္ထားေၾကာင္း တနလၤာေန႔က ေျပာခဲ့ပါတယ္။

အသစ္မြမ္းမံထားတဲ့လမ္းၫႊန္ခ်က္အရ ကိုဗစ္ ၁၉ေရာဂါပိုးေတြ႕ရွိသူေတြကို ၅ရက္ၾကာသီးျခားခြဲထားၿပီး အဲ့ဒီကာလအတြင္းမွာ ေရာဂါလကၡဏာမျပခဲ့ပါက ကာကြယ္ေဆးထိုးထားသူျဖစ္ေစ၊မထိုးထားသူျဖစ္ေစ သီးသန္႔ခြဲ႕ထားျခင္းကို အဆုံးသတ္ရမွာ ျဖစ္ပါတယ္။

အဆိုပါ ၅ရက္ၿပီးပါက ၄င္းတို႔ရဲ႕အလုပ္ခြင္ေတြကို ျပန္လည္ဝင္ေရာက္ႏိုင္ၿပီး အျခားလုပ္ေဆာင္မႈမ်ားကိုလည္း လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

ထပ္ေဆာင္းကာကြယ္ေဆးထိုးထားသူေတြ(သို႔) ကာကြယ္ေဆး၂ႀကိမ္အျပည့္ထိုးထားၿပီး ၆လ အတြင္းေရာဂါပိုးနဲ႔ ထိေတြ႕ဖူးသူမ်ားသည္ ေရာဂါပိုးနဲ႔ထိေတြ႕ၿပီးေနာက္ ၁၀ရက္လုံး Mask တပ္ထားတယ္ဆိုရင္ သီးသန္႔ခြဲထားဖို႔ မလိုအပ္ဘူးလို႔ ဆိုပါတယ္။

ဒါဟာမၾကာေသးခင္က ေတြ႕ရွိခ်က္ေတြကို သုံးသပ္ၿပီး မြမ္းမံထားတဲ့ လမ္းၫႊန္ခ်က္ျဖစ္တယ္ လို႔ CDC ကဆိုပါတယ္။

ကိုဗစ္၁၉မ်ိဳးကြဲ Omicron ကူးစက္မႈဟာ အေမရိကန္တဝွမ္းမွာပ်ံ႕ႏွံ႔ေနတာေၾကာင့္ လုပ္သားရွားပါးမႈဟာ စိုးရိမ္စရာျဖစ္လာပါတယ္။

CDC ဒါ႐ိုက္တာ Rochelle Walensky က “လ်င္ျမန္စြာပ်ံ႕ႏွံ႔ေနတဲ့ Omicron မ်ိဳးကြဲဟာ ကြၽႏ္ုပ္တို႔ လူ႔အဖြဲ႕အစည္းရဲ႕ က႑အားလုံးကို သက္ေရာက္မႈရွိႏိုင္တယ္”လို႔ ေျပာခဲ့ပါတယ္။

အသစ္မြမ္းမံထားတဲ့လမ္းၫႊန္ခ်က္ေတြဟာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈ၊ကနဦးကာကြယ္ေဆးနဲ႔ ထပ္ ေဆာင္းကာကြယ္ေဆးတို႔ရဲ႕ ကာကြယ္ႏိုင္မႈေတြနဲ႔ စပ္လ်ဥ္းတယ္လို႔ CDC ဒါ႐ိုက္တာက ေျပာခဲ့ပါတယ္။

Ref:NHK/US CDC advises shorter virus isolation period


LEAVE A REPLY

Please enter your comment!
Please enter your name here