ကလေးများအပေါ်ဗိုင်းရပ်စ်ကူးစက်မှုထိန်း ချုပ်ဖို့ အစီအမံသစ်များ နယူးယောက်တွင်စတင်

0
185

(Unicode)

ကလေးများအပေါ်ဗိုင်းရပ်စ်ကူးစက်မှုထိန်း ချုပ်ဖို့ အစီအမံသစ်များ နယူးယောက်တွင်စတင်

နယူးယောက်တွင် Omicron ကူးစက်မှုက ကလေးတွေမှာပါတွေ့ရှိလာရတာကြောင့် အာဏာပိုင်တွေဟာ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အ တွက် အစီအမံသစ်တွေလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

ဒီဇင်ဘာ ၁၉ရက်ကစပြီး ရက်သတ္တပတ်အ တွင်းမှာ အသက်၁၈နှစ်အောက်ကလေးငယ် ၁၀၉ဦးကို နယူးယောက်မြို့မှာ ဆေးရုံတင်ထားရတယ်လို့ ပြည်နယ်အရာရှိက ပြောပါတယ်။

ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ ၂ပတ်ကထက် ၅ဆ ခန့်တိုးလာတယ်လို့ ဆိုပါတယ်။

ကူးစက်မှုတွေများလာတာကြောင့် နယူးယောက်မြို့တော်စည်ပင်မှ စာသင်ခန်း ၁၄၀ကျော်ကို တနင်္လာနေ့ထိ ပိတ်ထားခဲ့ပါတယ်။

နယူးယောက်မြို့တော်ဝန် Bill de Balsio က ကျောင်းနေအရွယ်ကလေးတွေအတွက် ကျောင်းတွင်းမှာ ကိုဗစ်၁၉စစ်ဆေးမှုတွေကို ၂ဆတိုးဖို့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြို့တော်ဝန်က ကလေးတွေကို ကျောင်းမလွှတ်ခင်အိမ်မှာ ကိုဗစ်၁၉ test kit နဲ့စစ်ကာ ကိုဗစ် လက္ခာတွေရှိမရှိ စစ်ဆေးပြီး ပိုးကူးစက်မှုမရှိဘူးဆိုရင်တော့ ကျောင်းလာဖို့ခွင့်ပြုသင့်တယ် လို့ ပြောပါတယ်။

နယူးယောက်မြို့အုပ်ချုပ်ရေးမှူး Kathy Hochul က ကလေးတွေကျောင်းဆက်တက်နိုင်ဖို့အတွက် ကျောင်းတွင်းကိုဗစ်၁၉ စစ်ဆေးမှုကို test kit ၂သန်း ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကလေးတွေဟာ ကျောင်းလာမယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့လို့အပ်ပြီး mask တွေလည်း တပ်ဆင်ဖို့လိုတယ်လို့ မြို့တော်ဝန်ကပြော ပါတယ်။

Ref:NHK/New York’s new anti-virus measures for children

Photo credit-NHK

(Zawgyi)

ကေလးမ်ားအေပၚဗိုင္းရပ္စ္ကူးစက္မႈထိန္း ခ်ဳပ္ဖို႔ အစီအမံသစ္မ်ား နယူးေယာက္တြင္စတင္

နယူးေယာက္တြင္ Omicron ကူးစက္မႈက ကေလးေတြမွာပါေတြ႕ရွိလာရတာေၾကာင့္ အာဏာပိုင္ေတြဟာ ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အ တြက္ အစီအမံသစ္ေတြလုပ္ေဆာင္ဖို႔ စီစဥ္ေနပါတယ္။

ဒီဇင္ဘာ ၁၉ရက္ကစၿပီး ရက္သတၱပတ္အ တြင္းမွာ အသက္၁၈ႏွစ္ေအာက္ကေလးငယ္ ၁၀၉ဦးကို နယူးေယာက္ၿမိဳ႕မွာ ေဆး႐ုံတင္ထားရတယ္လို႔ ျပည္နယ္အရာရွိက ေျပာပါတယ္။

ဒီအေရအတြက္ဟာ လြန္ခဲ့တဲ့ ၂ပတ္ကထက္ ၅ဆ ခန႔္တိုးလာတယ္လို႔ ဆိုပါတယ္။

ကူးစက္မႈေတြမ်ားလာတာေၾကာင့္ နယူးေယာက္ၿမိဳ႕ေတာ္စည္ပင္မွ စာသင္ခန္း ၁၄၀ေက်ာ္ကို တနလၤာေန႔ထိ ပိတ္ထားခဲ့ပါတယ္။

နယူးေယာက္ၿမိဳ႕ေတာ္ဝန္ Bill de Balsio က ေက်ာင္းေနအ႐ြယ္ကေလးေတြအတြက္ ေက်ာင္းတြင္းမွာ ကိုဗစ္၁၉စစ္ေဆးမႈေတြကို ၂ဆတိုးဖို႔ အဂၤါေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ၿမိဳ႕ေတာ္ဝန္က ကေလးေတြကို ေက်ာင္းမလႊတ္ခင္အိမ္မွာ ကိုဗစ္၁၉ test kit နဲ႔စစ္ကာ ကိုဗစ္ လကၡာေတြရွိမရွိ စစ္ေဆးၿပီး ပိုးကူးစက္မႈမရွိဘူးဆိုရင္ေတာ့ ေက်ာင္းလာဖို႔ခြင့္ျပဳသင့္တယ္ လို႔ ေျပာပါတယ္။

နယူးေယာက္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး Kathy Hochul က ကေလးေတြေက်ာင္းဆက္တက္ႏိုင္ဖို႔အတြက္ ေက်ာင္းတြင္းကိုဗစ္၁၉ စစ္ေဆးမႈကို test kit ၂သန္း ပံ့ပိုးေပးမယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ကေလးေတြဟာ ေက်ာင္းလာမယ္ဆိုရင္ ကာကြယ္ေဆးထိုးဖို႔လို႔အပ္ၿပီး mask ေတြလည္း တပ္ဆင္ဖို႔လိုတယ္လို႔ ၿမိဳ႕ေတာ္ဝန္ကေျပာ ပါတယ္။

Ref:NHK/New York’s new anti-virus measures for children

Photo credit-NHK


LEAVE A REPLY

Please enter your comment!
Please enter your name here