သရုပ်ဆောင် ရဲတိုက်ရင်ဆိုင်နေရသော အမှုများထဲမှ ၅၀၅(က) အမှုအတွက် မနက်ဖြန် အပြီးသတ် လျှောက်လဲချက်ပေးမည်

0
170

သရုပ်ဆောင် ရဲတိုက်ရင်ဆိုင်နေရသောအမှုများထဲမှ ၅၀၅(က) အမှုအတွက် မနက်ဖြန် အပြီးသတ်လျှောက်လဲချက်ပေးမည်

သရုပ်ဆောင် ရဲတိုက်ရင်ဆိုင်နေရသောအမှုများထဲမှ ၅၀၅(က)က အမှုအတွက် မနက်ဖြန် အပြီးသတ်လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်း ရဲတိုက်ရဲ့ ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်က သရုပ်ဆောင် ရဲတိုက်ကို တရားရှင် လွှတ်ပေးရန် လျှောက်ထားခဲ့သော်လည်းတရားရုံးက စွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကိုရဲတိုက်ကို ဒီဇင်ဘာ ၂၇ ၊ ဒီဇင်ဘာ ၂၈ ဒီနေ့ ဒီဇင်ဘာ ၂၉ မနက်ဖြန် ဒီဇင်ဘာ ၃၀ ဆက်တိုက်စစ်နေတယ်လေ၊ တရားလိုဘက်ကိုလေ။ အခု က ၅၀၅(က)က တရားခံဘက်ကို စစစ်တာ စစ်လိုပြီးသွားပြီ ။ မနက်ဖြန် ကျွန်တော်တို လျှောက်လဲချက်ပေးမယ်။ အပြီးသတ်လျှောက်လဲချက်ပေါ့နော်၊ အမိန့်ချရင်လည်း ချမယ်ပေါ့လေ၊ အခုက အမိန့်ချဖိုသဘောရှိပါတယ်။ ၅၀၅(က)က မနက်ဖြန် အပြီးသတ်လျှောက်လဲချက် ကျွန်တော်တို တင်မယ်၊ အပြီးသတ်အမိန့်ချဖိုများတယ်။ မရမ်းကုန်းကအမှုကတော့ ဒီနေ့မှဘဲ တရားလိုဘက်ကိုပြီးပြတ်အောင်စစ်ပြီးသွားတယ်။ အဲဒါက လျှောက်လဲချက်မတင်ရသေး”ဟု ရှေ့နေ ဦးခင်မောင်မြင့်က ဆိုသည်။

သရုပ်ဆောင် ရဲတိုက်သည် လွန်ခဲ့သော ဒီဇင်ဘာလ ၁၅ ရက်က အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် အမှုရင်ဆိုင်နေရင်း အပြင်းဖျားကာ သတိလစ် မေ့မြောသွားခဲ့သောကြောင့် ထောင်တွင်းဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသေးသည်။

ရဲတိုက် ရင်ဆိုင်နေရသော အမှုများမှာ ပုဒ်မ ၅၀၅-က နှင့် မူးယစ်ပုဒ်မ ၁၆ (ဂ) အမှုတို ဖြစ်သည်။ဥပဒေပုဒ်မ ၅၀၅-က အမှုကို လသာမြိုမ ရဲစခန်းမှာ ရင်ဆိုင်ရခြင်းဖြစ်ပြီး မူးယစ်ပုဒ်မ ၁၆ (ဂ) အမှုကို မရမ်းကုန်းမြိုမ ရဲစခန်းမှာ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဥပဒေပုဒ်မ ၅၀၅-က ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကာ မူးယစ်စေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ) မှာ ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အတွင်း ချမှတ်နိုင်သော ပုဒ်မ ဖြစ်ကြောင်းလည်း သိရသည်။

Zaw Gyi

သ႐ုပ္ေဆာင္ ရဲတိုက္ရင္ဆိုင္ေနရေသာအမွုမ်ားထဲမွ ၅၀၅(က) အမွုအတြက္ မနက္ျဖန္ အၿပီးသတ္ေလၽွာက္လဲခ်က္ေပးမည္

သ႐ုပ္ေဆာင္ ရဲတိုက္ရင္ဆိုင္ေနရေသာအမွုမ်ားထဲမွ ၅၀၅(က)က အမွုအတြက္ မနက္ျဖန္ အၿပီးသတ္ေလၽွာက္လဲခ်က္ေပးမည္ ျဖစ္ေၾကာင္း ရဲတိုက္ရဲ့ ေရွ႕ေန၊ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္ က ေျပာသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၂ ရက္က သ႐ုပ္ေဆာင္ ရဲတိုက္ကို တရားရွင္ လႊတ္ေပးရန္ ေလၽွာက္ထားခဲ့ေသာ္လည္းတရား႐ုံးက စြဲခ်က္တင္ အမိန႔္ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

“ကိုရဲတိုက္ကို ဒီဇင္ဘာ ၂၇ ၊ ဒီဇင္ဘာ ၂၈ ဒီေန႔ ဒီဇင္ဘာ ၂၉ မနက္ျဖန္ ဒီဇင္ဘာ ၃၀ ဆက္တိုက္စစ္ေနတယ္ေလ၊ တရားလိုဘက္ကိုေလ။ အခု က ၅၀၅(က)က တရားခံဘက္ကို စစစ္တာ စစ္လိုၿပီးသြားၿပီ ။ မနက္ျဖန္ ကၽြန္ေတာ္တို ေလၽွာက္လဲခ်က္ေပးမယ္။ အၿပီးသတ္ေလၽွာက္လဲခ်က္ေပါ့ေနာ္၊ အမိန႔္ခ်ရင္လည္း ခ်မယ္ေပါ့ေလ၊ အခုက အမိန႔္ခ်ဖိုသေဘာရွိပါတယ္။ ၅၀၅(က)က မနက္ျဖန္ အၿပီးသတ္ေလၽွာက္လဲခ်က္ ကၽြန္ေတာ္တို တင္မယ္၊ အၿပီးသတ္အမိန႔္ခ်ဖိုမ်ားတယ္။ မရမ္းကုန္းကအမွုကေတာ့ ဒီေန႔မွဘဲ တရားလိုဘက္ကိုၿပီးျပတ္ေအာင္စစ္ၿပီးသြားတယ္။ အဲဒါက ေလၽွာက္လဲခ်က္မတင္ရေသး”ဟု ေရွ႕ေန ဦးခင္ေမာင္ျမင့္က ဆိုသည္။

သ႐ုပ္ေဆာင္ ရဲတိုက္သည္ လြန္ခဲ့ေသာ ဒီဇင္ဘာလ ၁၅ ရက္က အင္းစိန္ေထာင္တြင္း အထူးတရား႐ုံးတြင္ အမွုရင္ဆိုင္ေနရင္း အျပင္းဖ်ားကာ သတိလစ္ ေမ့ေျမာသြားခဲ့ေသာေၾကာင့္ ေထာင္တြင္းေဆး႐ုံတြင္ ေဆးကုသမွုခံယူခဲ့ရေသးသည္။

ရဲတိုက္ ရင္ဆိုင္ေနရေသာ အမွုမ်ားမွာ ပုဒ္မ ၅၀၅-က ႏွင့္ မူးယစ္ပုဒ္မ ၁၆ (ဂ) အမွုတို ျဖစ္သည္။ဥပေဒပုဒ္မ ၅၀၅-က အမွုကို လသာၿမိဳမ ရဲစခန္းမွာ ရင္ဆိုင္ရျခင္းျဖစ္ၿပီး မူးယစ္ပုဒ္မ ၁၆ (ဂ) အမွုကို မရမ္းကုန္းၿမိဳမ ရဲစခန္းမွာ ရင္ဆိုင္ေနရျခင္း ျဖစ္သည္။

ဥပေဒပုဒ္မ ၅၀၅-က ျပစ္မွုထင္ရွားပါက ေထာင္ဒဏ္ ၃ ႏွစ္အထိ ျဖစ္ေစ၊ ဒဏ္ေငြျဖစ္ေစ ၊ ဒဏ္ႏွစ္ရပ္လုံးကို ျဖစ္ေစ ခ်မွတ္နိုင္ကာ မူးယစ္ေစတတ္ေသာ ေဆးဝါးမ်ား ဥပေဒပုဒ္မ ၁၆ (ဂ) မွာ ေထာင္ဒဏ္ ၅ ႏွစ္မွ ၁၀ ႏွစ္ အတြင္း ခ်မွတ္နိုင္ေသာ ပုဒ္မ ျဖစ္ေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here