မိုးညှင်းမြို့နယ်တွင် ကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

0
171

(Unicode)

မိုးညှင်းမြို့နယ်တွင် ကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

မိုးညှင်းမြို့နယ်၊ရွှေဘို-မြစ်ကြီးနားသွားကားလမ်းပေါ်မှာရှိတဲ့ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ဒီဇင်ဘာ ၂၅ ရက်မွန်းတည့် ၁၂ နာရီခွဲက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှသိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မန္တလေးဘက်ကနေ မိုးညှင်းဘက်ကို မောင်းနှင်လာသည့် AD VAN ခရီးသည်တင်ကားကိုရှာဖွေရာမှာ ကားပေါ်ပါလာတဲ့ နိုင်ဦး(ခ)မောင်နိုင်(၄၁)နှစ်နဲ့ပြည့်ဖြိုးအောင် (ခ)ကိုဖြိုး(၂၉)နှစ်တို သယ်ဆောင်လာတဲ့ ဆာလာအိတ်တွေထဲက ဖမ်းမိခဲ့တာပါ။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကနေ ကချင်ပြည်နယ်ဖက်ကိုသယ်လာတဲ့ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၂၀၀ ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၂၀ ဒသမ ၉ ကီလိုကိုဖမ်းမိခဲ့တာပါလို့ ရဲကပြောပါတယ်။

ဘိန်းဖြူေတွနဲ့အတူဖမ်းမိတဲ့ နှစ်ယောက်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူပြီး ဆက် စပ်ပြစ်မှုကျူးလွန်သူတွေကိုထပ်မံဖမ်းဆီးရမိဖို့အတွက် စုံစမ်းစစ်ဆေးနေပါတယ်။

(Zawgyi)

မိုးညႇင္းၿမိဳ႕နယ္တြင္ က်ပ္သိန္း ၅၂၀၀ ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ားဖမ္းမိ

မိုးညႇင္းၿမိဳ႕နယ္၊ေ႐ႊဘို-ျမစ္ႀကီးနားသြားကားလမ္းေပၚမွာရွိတဲ့ နန္႔စီးေအာင္ပူးေပါင္းစစ္ေဆးေရးစခန္းမွာ ဒီဇင္ဘာ ၂၅ ရက္မြန္းတည့္ ၁၂ နာရီခြဲက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕မွသိရပါတယ္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္ေတြပါတဲ့ ပူးေပါင္းအဖြဲ႕ဟာ မႏၲေလးဘက္ကေန မိုးညႇင္းဘက္ကို ေမာင္းႏွင္လာသည့္ AD VAN ခရီးသည္တင္ကားကိုရွာေဖြရာမွာ ကားေပၚပါလာတဲ့ ႏိုင္ဦး(ခ)ေမာင္ႏိုင္(၄၁)ႏွစ္နဲ႔ျပည့္ၿဖိဳးေအာင္ (ခ)ကိုၿဖိဳး(၂၉)ႏွစ္တို သယ္ေဆာင္လာတဲ့ ဆာလာအိတ္ေတြထဲက ဖမ္းမိခဲ့တာပါ။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ကေန ကခ်င္ျပည္နယ္ဖက္ကိုသယ္လာတဲ့ ေဒသကာလတန္ဖိုးေငြက်ပ္သိန္း ၅၂၀၀ ေက်ာ္ တန္ဖိုးရွိတဲ့ ဘိန္းျဖဴ ၂၀ ဒသမ ၉ ကီလိုကိုဖမ္းမိခဲ့တာပါလို႔ ရဲကေျပာပါတယ္။

ဘိန္းျဖဴေတြနဲ႔အတူဖမ္းမိတဲ့ ႏွစ္ေယာက္ကို မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမႈဖြင့္အေရးယူၿပီး ဆက္ စပ္ျပစ္မႈက်ဴးလြန္သူေတြကိုထပ္မံဖမ္းဆီးရမိဖို႔အတြက္ စုံစမ္းစစ္ေဆးေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here