အင်းစိန်မြို့နယ်က ရွာမရဲစခန်း ပစ်ခတ်ခံရပြီး ဒဏ်ရာရသူများရှိ

0
289

အင်းစိန်မြို့နယ်က ရွာမရဲစခန်း ပစ်ခတ်ခံရပြီး ဒဏ်ရာရသူများရှိ

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်ရှိ ရွာမရဲစခန်းဝင်းအတွင်းသို့ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်ခံခဲ့ရသဖြင့် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဖြစ်စဥ်နေရာအနီးနေသူများထံမှ သိရသည်။

“ပေါက်ကွဲသံတော့ကြားတယ် နောက်သေနတ်ပစ်သံအနည်းအကျဥ်းလည်းကြားလိုက်တယ် အလင်းရောင်သိပ်မရှိသေးတော့ ရဲစခန်းကိုပစ်ခံရတယ်ပဲသိရတယ်”ဟု ရဲစခန်းအနီးနေသူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရပြီးနောက် ရဲစခန်းဝင်းအတွင်းသို့ လူနာတင်ယာဥ်များဝင်ရောက်ပြီး ဥသြသံများပေး၍ အလျင်အမြန်ပြန်ထွက်သွားသည်ကို တွေ့မြင်ခဲ့ရသည်ဟု ပတ်ဝန်းကျင်‌နေသူများထံမှ သိရသည်။

“အခု လူမှုကွန်ယက်မှာတက်လာတဲ့သတင်းတွေကိုကြည့်ရသလောက်ကတော့ ရဲစခန်းကို Civial Guerrilla Force – HTY အဖွဲ့က M 79 40 mm လက်နက်ကြီးနဲ့ပစ်ခဲ့တာလို့တော့ တင်ထားတာတွေ့တယ်”ဟု ရဲစခန်းအနီးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် ရွာမရဲစခန်းအနီးတစ်ဝိုက်အား လုံခြုံရေးအဖွဲ့ဝင်များစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

Zaw Gyi

အင္းစိန္ၿမိဳ႕နယ္က ရြာမရဲစခန္း ပစ္ခတ္ခံရၿပီး ဒဏ္ရာရသူမ်ားရွိ

ရန္ကုန္တိုင္း၊အင္းစိန္ၿမိဳ႕နယ္ရွိ ရြာမရဲစခန္းဝင္းအတြင္းသို႔ ယေန႔နံနက္ ၅ နာရီ ၄၅ မိနစ္ခန္႔က ပစ္ခတ္ခံခဲ့ရသျဖင့္ ထိခိုက္ဒဏ္ရာရသူမ်ားရွိေၾကာင္း ျဖစ္စဥ္ေနရာအနီးေနသူမ်ားထံမွ သိရသည္။

“ေပါက္ကြဲသံေတာ့ၾကားတယ္ ေနာက္ေသနတ္ပစ္သံအနည္းအက်ဥ္းလည္းၾကားလိုက္တယ္ အလင္းေရာင္သိပ္မရွိေသးေတာ့ ရဲစခန္းကိုပစ္ခံရတယ္ပဲသိရတယ္”ဟု ရဲစခန္းအနီးေနသူတစ္ဦးကေျပာသည္။

ပစ္ခတ္ခံရၿပီးေနာက္ ရဲစခန္းဝင္းအတြင္းသို႔ လူနာတင္ယာဥ္မ်ားဝင္ေရာက္ၿပီး ဥၾသသံမ်ားေပး၍ အလ်င္အျမန္ျပန္ထြက္သြားသည္ကို ေတြ႕ျမင္ခဲ့ရသည္ဟု ပတ္ဝန္းက်င္‌ေနသူမ်ားထံမွ သိရသည္။

“အခု လူမွုကြန္ယက္မွာတက္လာတဲ့သတင္းေတြကိုၾကည့္ရသေလာက္ကေတာ့ ရဲစခန္းကို Civial Guerrilla Force – HTY အဖြဲ႕က M 79 40 mm လက္နက္ႀကီးနဲ႔ပစ္ခဲ့တာလို႔ေတာ့ တင္ထားတာေတြ႕တယ္”ဟု ရဲစခန္းအနီးေနသူတစ္ဦးကေျပာသည္။

ျဖစ္စဥ္ျဖစ္ပြားခဲ့သည့္ ရြာမရဲစခန္းအနီးတစ္ဝိုက္အား လုံျခဳံေရးအဖြဲ႕ဝင္မ်ားစစ္ေဆးမွုမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here