တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား၉၀ကျော်ကို ယနေ့ပြန်ပို့

0
198

တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား၉၀ကျော်ကို ယနေ့ပြန်ပို့

တရုတ်နိုင်ငံသို့ တရားမဝင်လာရောက်၍ ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား ၉၇ဦးကို ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ယနေ့ ဒီဇင်ဘာ ၂၉ရက်တွင် ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ကူမင်းမြို့က သိရသည်။

အဆိုပါ ၉၇ ဦးအား မြန်မာနိုင်ငံသားများဖြစ်ကြောင်းစိစစ်၍ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ကောင်စစ်ဝန်ချုပ်ရုံးက ပြောဆိုထားသည်။

ထိုသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၊ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လုံခြုံရေးဌာနမှ တာဝန်ရှိသူများအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းလည်း ကောင်စစ်ဝန်ချုပ်ရုံးကဆိုသည်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here