ရေကြောင်းတက္ကသိုလ်နှင့်ရေကြောင်းကောလိပ်တို့ ဇန်နဝါရီ၆ရက်တွင်ပြန်လည်ဖွင့်လှစ်မည်

0
583

(Unicode)

ရေကြောင်းတက္ကသိုလ်နှင့်ရေကြောင်းကောလိပ်တို့ ဇန်နဝါရီ၆ရက်တွင်ပြန်လည်ဖွင့်လှစ်မည်

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် နဲ့ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တို့ကို လာမယ့် ၂၀၂၂ ဇန်နဝါရီ ၆ရက်မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ အဲ့ဒီတက္ကသိုလ်နဲ့ ကောလိပ်တွေက ထုတ်ပြန်ကြေညာထားပါတယ်။

ဇန်နဝါရီ၆ရက်မှာ ပြန်လည်ဖွင့်လှစ်ဖို့ရှိတဲ့ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှာ ၂၀၁၉ -၂၀၂၀ပညာသင်နှစ်ရဲ့ စတုတ္ထနှစ်ရေကြောင်းသိပ္ပံပညာ(ဂုဏ်ထူး)ဘွဲ့ကြိုသင်တန်း၊ပဉ္စမနှစ်အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းမျာနဲ့ ဘွဲ့လွန်သင်တန်းတွေကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမှာပါ။

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်ဆိုရင်လည်း ရပ်နားထားရတဲ့ အမှတ်စဉ်(၁၃)ဒုတိယနှစ်အရာရှိလောင်း ဒီပလိုမာသင်တန်းနဲ့ အမှတ်စဉ်(၁၄) ပထမနှစ် အရာရှိလောင်း ဒီပလိုမာသင်တန်းတွေကို ဇန်နဝါရီ ၆ရက်မှာ ပြန်လည်ဖွင့်လှစ်သွားဖို့ရှိနေပါတယ်။

ကျောင်းအိပ်ကျောင်းစားတွေဖြစ်တဲ့ အမှတ်စဉ်(၁၄) ပထမနှစ် အရာရှိလောင်း ဒီပလိုမာသင်တန်းသားတွေဟာ ဇန်နဝါရီ ၅ရက်နေ့အရောက် သတင်းပို့ကြရမှာဖြစ်ပါတယ်။

အမှတ်စဉ်(၁၃)ဒုတိယနှစ်အရာရှိလောင်း ဒီပလိုမာသင်တန်းသားတွေကတော့ ဇန်နဝါရီ ၆ရက်နေ့ နံနက်၉ နာရီထက် နောက်မကျဘဲ ကောလိပ်သင်တန်းဌာနခွဲကို သတင်းပို့ကြရမှာဖြစ်ပါတယ်။

ဇန်နဝါရီ ၆ရက်နေ့မှာတော့ ပညာရေးဝန်ကြီးဌာနလက်အောက်က တက္ကသိုလ်၊ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေ ပြန်ဖွင့်ဖို့လည်းရှိနေပါတယ်။

(Zawgyi)

ေရေၾကာင္းတကၠသိုလ္ႏွင့္ေရေၾကာင္းေကာလိပ္တို႔ ဇန္နဝါရီ၆ရက္တြင္ျပန္လည္ဖြင့္လွစ္မည္

ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနေအာက္မွာရွိတဲ့ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ နဲ႔ ျမန္မာႏိုင္ငံကုန္သြယ္ေရေၾကာင္းေကာလိပ္တို႔ကို လာမယ့္ ၂၀၂၂ ဇန္နဝါရီ ၆ရက္မွာ ျပန္လည္ဖြင့္လွစ္မယ္လို႔ အဲ့ဒီတကၠသိုလ္နဲ႔ ေကာလိပ္ေတြက ထုတ္ျပန္ေၾကညာထားပါတယ္။

ဇန္နဝါရီ၆ရက္မွာ ျပန္လည္ဖြင့္လွစ္ဖို႔ရွိတဲ့ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္မွာ ၂၀၁၉ -၂၀၂၀ပညာသင္ႏွစ္ရဲ႕ စတုတၳႏွစ္ေရေၾကာင္းသိပၸံပညာ(ဂုဏ္ထူး)ဘြဲ႕ႀကိဳသင္တန္း၊ပၪၥမႏွစ္အင္ဂ်င္နီယာဘြဲ႕ႀကိဳသင္တန္းမ်ာနဲ႔ ဘြဲ႕လြန္သင္တန္းေတြကို ျပန္လည္ဖြင့္လွစ္သင္ၾကားေပးသြားမွာပါ။

ျမန္မာႏိုင္ငံကုန္သြယ္ေရေၾကာင္းေကာလိပ္ဆိုရင္လည္း ရပ္နားထားရတဲ့ အမွတ္စဥ္(၁၃)ဒုတိယႏွစ္အရာရွိေလာင္း ဒီပလိုမာသင္တန္းနဲ႔ အမွတ္စဥ္(၁၄) ပထမႏွစ္ အရာရွိေလာင္း ဒီပလိုမာသင္တန္းေတြကို ဇန္နဝါရီ ၆ရက္မွာ ျပန္လည္ဖြင့္လွစ္သြားဖို႔ရွိေနပါတယ္။

ေက်ာင္းအိပ္ေက်ာင္းစားေတြျဖစ္တဲ့ အမွတ္စဥ္(၁၄) ပထမႏွစ္ အရာရွိေလာင္း ဒီပလိုမာသင္တန္းသားေတြဟာ ဇန္နဝါရီ ၅ရက္ေန႔အေရာက္ သတင္းပို႔ၾကရမွာျဖစ္ပါတယ္။

အမွတ္စဥ္(၁၃)ဒုတိယႏွစ္အရာရွိေလာင္း ဒီပလိုမာသင္တန္းသားေတြကေတာ့ ဇန္နဝါရီ ၆ရက္ေန႔ နံနက္၉ နာရီထက္ ေနာက္မက်ဘဲ ေကာလိပ္သင္တန္းဌာနခြဲကို သတင္းပို႔ၾကရမွာျဖစ္ပါတယ္။

ဇန္နဝါရီ ၆ရက္ေန႔မွာေတာ့ ပညာေရးဝန္ႀကီးဌာနလက္ေအာက္က တကၠသိုလ္၊ဒီဂရီေကာလိပ္နဲ႔ ေကာလိပ္ေတြ ျပန္ဖြင့္ဖို႔လည္းရွိေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here