ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအမှုဆောင်အဖွဲ့ဝင် ကိုရန်နိုင်အောင် ထောင်ဒဏ်(၂)နှစ် ချမှတ်ခံရ

0
187

(Unicode)

ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအမှုဆောင်အဖွဲ့ဝင် ကိုရန်နိုင်အောင် ထောင်ဒဏ်(၂)နှစ် ချမှတ်ခံရ

ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုရန်နိုင်အောင်ကို ပြည် ထောင်တရားရုံးက ထောင်ဒဏ်၂နှစ်ချမှတ်လိုက်တယ်လို့ ကျောင်းသားများသမဂ္ဂအဖွဲ့က ပြောဆိုပါတယ်။

ဒီဇင်ဘာလ ၂၈ရက်က ထောင်တွင်းအထူးတရားရုံးမှာ အမိန့်ချလိုက်တာဖြစ်ပြီး ကိုရန်နိုင်အောင်နဲ့ အတူ ဖမ်းဆီးခံထားရတဲ့ အကိုဖြစ်သူ ကိုရွှေဖြိုးအောင်လည်း ထောင်ဒဏ်၂နှစ်ချမှတ်ခံလိုက်ရတယ်လို့ သမဂ္ဂအဖွဲ့ရဲ့ ပြောဆိုချက်တွေအရသိရပါတယ်။

“အဖေရော၊သား ၂ယောက်ရော ထောင် ၂နှစ်စီချမှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ပုဒ်မ ၅၀၅နဲ့ ပဲ အချခံလိုက်ရတာ။ပြစ်ဒဏ်တွေချလိုက်တာကတော့ တစ်ရက်ထဲပဲ”လို့ သူတို့နဲ့ နီးစပ်သူကပြောပါတယ်။

ကိုရန်နိုင်အောင်ရဲ့ အဖေဖြစ်သူ ဦးဝင်းလှိုင်ဟာ ၂၀၂၁ ဧပြီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီး ကိုရန်နိုင်အောင်နဲ့ အကိုဖြစ်သူ ကိုရွှေဖြိုးအောင်တိုကတော့ ၂၀၂၁ ဇူလိုင်လ၂၄ရက် မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပါ။

ကိုရန်နိုင်အောင်ဟာ ပြည်တက္ကသိုလ်၊Botanyမေဂျာမှတတိယနှစ်ကျောင်းသားတဦးဖြစ်ပြီး ကိုရွှေဖြိုးအောင်ကတော့ ပြည်တက္ကသိုလ်(အဝေးသင်)၊Philosophyမှ တတိယနှစ်ကျောင်းသားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

ျပည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအမႈေဆာင္အဖြဲ႕ဝင္ ကိုရန္ႏိုင္ေအာင္ ေထာင္ဒဏ္(၂)ႏွစ္ ခ်မွတ္ခံရ

ျပည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(ဗကသမ်ားအဖြဲ႕ခ်ဳပ္)အမႈေဆာင္အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ကိုရန္ႏိုင္ေအာင္ကို ျပည္ ေထာင္တရား႐ုံးက ေထာင္ဒဏ္၂ႏွစ္ခ်မွတ္လိုက္တယ္လို႔ ေက်ာင္းသားမ်ားသမဂၢအဖြဲ႕က ေျပာဆိုပါတယ္။

ဒီဇင္ဘာလ ၂၈ရက္က ေထာင္တြင္းအထူးတရား႐ုံးမွာ အမိန႔္ခ်လိုက္တာျဖစ္ၿပီး ကိုရန္ႏိုင္ေအာင္နဲ႔ အတူ ဖမ္းဆီးခံထားရတဲ့ အကိုျဖစ္သူ ကိုေ႐ႊၿဖိဳးေအာင္လည္း ေထာင္ဒဏ္၂ႏွစ္ခ်မွတ္ခံလိုက္ရတယ္လို႔ သမဂၢအဖြဲ႕ရဲ႕ ေျပာဆိုခ်က္ေတြအရသိရပါတယ္။

“အေဖေရာ၊သား ၂ေယာက္ေရာ ေထာင္ ၂ႏွစ္စီခ်မွတ္ခံလိုက္ရတယ္လို႔ သိရပါတယ္။ပုဒ္မ ၅၀၅နဲ႔ ပဲ အခ်ခံလိုက္ရတာ။ျပစ္ဒဏ္ေတြခ်လိုက္တာကေတာ့ တစ္ရက္ထဲပဲ”လို႔ သူတို႔နဲ႔ နီးစပ္သူကေျပာပါတယ္။

ကိုရန္ႏိုင္ေအာင္ရဲ႕ အေဖျဖစ္သူ ဦးဝင္းလႈိင္ဟာ ၂၀၂၁ ဧၿပီလကတည္းက ဖမ္းဆီးထိန္းသိမ္းခံထားရတာျဖစ္ၿပီး ကိုရန္ႏိုင္ေအာင္နဲ႔ အကိုျဖစ္သူ ကိုေ႐ႊၿဖိဳးေအာင္တိုကေတာ့ ၂၀၂၁ ဇူလိုင္လ၂၄ရက္ မွာ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတာပါ။

ကိုရန္ႏိုင္ေအာင္ဟာ ျပည္တကၠသိုလ္၊Botanyေမဂ်ာမွတတိယႏွစ္ေက်ာင္းသားတဦးျဖစ္ၿပီး ကိုေ႐ႊၿဖိဳးေအာင္ကေတာ့ ျပည္တကၠသိုလ္(အေဝးသင္)၊Philosophyမွ တတိယႏွစ္ေက်ာင္းသားတစ္ဦး ျဖစ္တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here