မူဆယ်မြို့ပေါ်က နေရာသုံးခုမှာပစ်ခတ်မှုများဖြစ် ပွားပြီး သုံးဦးသေဆုံးခဲ့

0
235

(Unicode)

မူဆယ်မြို့ပေါ်က နေရာသုံးခုမှာပစ်ခတ်မှုများဖြစ် ပွားပြီး သုံးဦးသေဆုံးခဲ့

ရှမ်းပြည်(မြောက်ပိုင်း)၊မူဆယ်မြို့ပေါ်က နေရာသုံးခုမှာ ဒီဇင်ဘာ ၂၉ ရက်ည ၉ နာရီကျော်လောက်ကစပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် သုံးဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“သိရသလောက်ကတော့အချင်းချင်းစကားများပြီးပစ်ကြတာပဲ မင်္ဂလာမူဆယ် ပရိုက်တစ်စ်ကွင်းအပေါ်က ရှင်းဂန့်ဘား၊ 97 ဆပ်ပြာမှုန့်စက်ရုံနားနဲ့
ပန်ခမ်းတံတားနားတွေမှာပစ်တာ”ဟုဒေသခံတစ်ဦးကပြောသည်။

ယင်း ပစ်ခတ်မှုဖြစ်စဉ်သည် တစ်ဘက်နှင့်တစ် ဖက် စကားအခြေအတင်များကာ ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်ဟုဒေသခံများထံမှ သိရသည်။

“ဘယ်လိုကနေ ဘယ်လိုစကားများပြီးပစ်ခတ်တာတွေဖြစ်သွားလဲဆိုတာတော့စစ်ဆေးဆဲပဲ လက်ရှိဖမ်းမိထားတဲ့သူတွေရှိတယ် သေဆုံးတဲ့သူတွေလည်းရှိတယ်”ဟုမူဆယ်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှအကြီးတန်းအရာရှိတစ်ဦးကပြောသည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိခဲ့သူများအား စစ်ဆေးလျက်ရှိကာ သေဆုံးသူများအား မူဆယ်ဆေးရုံသို့ပို့ဆောင်ပြီး မူဆယ်မြို့အားလုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်မှုများထပ်မံမဖြစ်ပွားစေရန် လှည့်လည်စောင့်ကြည့်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here