ကျူးကျော်ဆောက်လုပ်နေထိုင်တာတွေ ဖျက်ဖို့ နောက်ဆုံးသတိပေးစာများ မန္တလေးတွင်ဖြန့်ဝေ

0
120

(Unicode)

ကျူးကျော်ဆောက်လုပ်နေထိုင်တာတွေ ဖျက်ဖို့ နောက်ဆုံးသတိပေးစာများ မန္တလေးတွင်ဖြန့်ဝေ

မန္တလေးစည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ် (၆)မြို့နယ်က ကျူးကျော်တွေကို အမြန်ဆုံးဖယ်ရှားရှင်းလင်းကြပေးကြဖို့ သတိပေးစာတွေကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူတွေက ယခုရက်ထဲ လိုက်လံဖြန့်ဝေနေတာတွေ့ရှိနေရပါတယ်။

စာလက်ခံရရှိထားသူတစ်ဦးက “မန္တလေးနေ့စဉ်သတင်းစာကနေ ကြေညာထားတာရှိတယ်ပေါ့။တရားမဝင်ကျူးကျော်တွေကို ၁၆-၁၁-၂၀၂၁ကနေ ၁၅-၁၂-၂၀၂၁အတွင်း မိမိတို့ရဲ့ အစီအစဉ်နဲ့ ဖယ်ရှားထွက်ခွာကြဖို့ပေါ့။အခု သတ်မှတ်ပေးထားတဲ့ရက်က ကျော်သွားပြီပေါ့။အမြန်ဆုံးဖယ်ရှားရှင်းလင်းပေးဖို့နဲ့ မဖယ်ရှားရင် သူတို့လာဖယ်ရှားဖို့ ထပ်မံအသိပေးအကြောင်းကြားပါတယ်ဆိုပြီး စာထဲ ရေးထားပါတယ်”လို့ ပြောပြပါတယ်။

ကျူးကျော်ဆိုတာမှာ လမ်းမြေ၊မြောင်းမြေ၊ရထားလမ်းမြေ၊လျှပ်စစ်ဓါတ်အားလိုင်းမြေ၊အစိုးရဌာနဆိုင်ရာမြေ၊ပုဂ္ဂလိကပိုင်မြေ အားလုံးပေါ် ကျူးကျော်နေထိုင်နေသူအားလုံးကို ဆိုလိုတာလို့ သိရပါတယ်။

မဟာအောင်မြေမြို့နယ်ထဲက ကျူးကျော်နေထိုင်သူတွေထံကိုလည်း မြို့နယ်ကျူးကျော်နေထိုင်မှုများဖယ်ရှားရှင်းလင်းရေးအဖွဲ့က
ကျူးကျော်ထားတဲ့ အခိုင်အမာအဆောက်အဦးတွေ၊ယာယီတဲတွေ၊ဈေးဆိုင်တွေနဲ့ စုပုံပစ္စည်းတွေကို ဖျက်သိမ်းဖယ်ရှားပေးဖို့ အကြောင်းကြားစာတွေ လိုက်လံပေးပို့နေတာရှိပါတယ်။

အဲ့ဒီစာထဲမှာတော့ ဒီကနေ့ ဒီဇင်ဘာ ၃၀ရက် အပြီးဖျက်သိမ်းဖယ်ရှားပေးဖို့ ပြောဆိုထားတာတွေ့ရပါတယ်။

အလားတူ မြန်မာ့မီးရထားပိုင်မြေပေါ် ကျူးထားတဲ့ ၇၈-၇၉ ကြား၊၃၄-၃၅ကြား ဝန်ထမ်းတိုက်တန်း အနောက်ဘက်က ကျူးကျော်တွေကိုလည်း ဖယ်ဖို့ ဒီဇင်ဘာလ ၂၉ ရက်က နို့တစ်စာပေးပို့ထားတာရှိပါတယ်။

ပုံစာ ။ ။ ယခင် ပုံဟောင်း များဖြစ်ပါသည်။

(Zawgyi)

က်ဴးေက်ာ္ေဆာက္လုပ္ေနထိုင္တာေတြ ဖ်က္ဖို႔ ေနာက္ဆုံးသတိေပးစာမ်ား မႏၲေလးတြင္ျဖန႔္ေဝ

မႏၲေလးစည္ပင္သာယာေရးေကာ္မတီနယ္နိမိတ္အတြင္းရွိ ၿမိဳ႕နယ္ (၆)ၿမိဳ႕နယ္က က်ဴးေက်ာ္ေတြကို အျမန္ဆုံးဖယ္ရွားရွင္းလင္းၾကေပးၾကဖို႔ သတိေပးစာေတြကို သက္ဆိုင္ရာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ တာဝန္ရွိသူေတြက ယခုရက္ထဲ လိုက္လံျဖန႔္ေဝေနတာေတြ႕ရွိေနရပါတယ္။

စာလက္ခံရရွိထားသူတစ္ဦးက “မႏၲေလးေန႔စဥ္သတင္းစာကေန ေၾကညာထားတာရွိတယ္ေပါ့။တရားမဝင္က်ဴးေက်ာ္ေတြကို ၁၆-၁၁-၂၀၂၁ကေန ၁၅-၁၂-၂၀၂၁အတြင္း မိမိတို႔ရဲ႕ အစီအစဥ္နဲ႔ ဖယ္ရွားထြက္ခြာၾကဖို႔ေပါ့။အခု သတ္မွတ္ေပးထားတဲ့ရက္က ေက်ာ္သြားၿပီေပါ့။အျမန္ဆုံးဖယ္ရွားရွင္းလင္းေပးဖို႔နဲ႔ မဖယ္ရွားရင္ သူတို႔လာဖယ္ရွားဖို႔ ထပ္မံအသိေပးအေၾကာင္းၾကားပါတယ္ဆိုၿပီး စာထဲ ေရးထားပါတယ္”လို႔ ေျပာျပပါတယ္။

က်ဴးေက်ာ္ဆိုတာမွာ လမ္းေျမ၊ေျမာင္းေျမ၊ရထားလမ္းေျမ၊လွ်ပ္စစ္ဓါတ္အားလိုင္းေျမ၊အစိုးရဌာနဆိုင္ရာေျမ၊ပုဂၢလိကပိုင္ေျမ အားလုံးေပၚ က်ဴးေက်ာ္ေနထိုင္ေနသူအားလုံးကို ဆိုလိုတာလို႔ သိရပါတယ္။

မဟာေအာင္ေျမၿမိဳ႕နယ္ထဲက က်ဴးေက်ာ္ေနထိုင္သူေတြထံကိုလည္း ၿမိဳ႕နယ္က်ဴးေက်ာ္ေနထိုင္မႈမ်ားဖယ္ရွားရွင္းလင္းေရးအဖြဲ႕က
က်ဴးေက်ာ္ထားတဲ့ အခိုင္အမာအေဆာက္အဦးေတြ၊ယာယီတဲေတြ၊ေဈးဆိုင္ေတြနဲ႔ စုပုံပစၥည္းေတြကို ဖ်က္သိမ္းဖယ္ရွားေပးဖို႔ အေၾကာင္းၾကားစာေတြ လိုက္လံေပးပို႔ေနတာရွိပါတယ္။

အဲ့ဒီစာထဲမွာေတာ့ ဒီကေန႔ ဒီဇင္ဘာ ၃၀ရက္ အၿပီးဖ်က္သိမ္းဖယ္ရွားေပးဖို႔ ေျပာဆိုထားတာေတြ႕ရပါတယ္။

အလားတူ ျမန္မာ့မီးရထားပိုင္ေျမေပၚ က်ဴးထားတဲ့ ၇၈-၇၉ ၾကား၊၃၄-၃၅ၾကား ဝန္ထမ္းတိုက္တန္း အေနာက္ဘက္က က်ဴးေက်ာ္ေတြကိုလည္း ဖယ္ဖို႔ ဒီဇင္ဘာလ ၂၉ ရက္က ႏို႔တစ္စာေပးပို႔ထားတာရွိပါတယ္။

ပုံစာ ။ ။ ယခင္ ပုံေဟာင္း မ်ားျဖစ္ပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here