မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ထောင် ဒဏ် ၅ နှစ်ချမှတ်ခံရ

0
138

(Unicode)

မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ထောင် ဒဏ် ၅ နှစ်ချမှတ်ခံရ

မန္တလေးတိုင်း၏ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးအောင်ကျော်ဦးအား အိုးဘိုထောင်တွင်းရှိ အထူးတရားရုံးက ယနေ့တွင် ပုဒ်မနှစ်ခုအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်ကျခံရန်အမိန့်ချမှတ်ခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)အမှုအတွက် ထောင်ဒဏ် ၃ နှစ်နှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှာဆိုင်ရာဥပဒေပုဒ်မ-၂၅ အမှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးသည် NLD ပါတီ ပုသိမ်ကြီးမြို့နယ်၏ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။

ဦးအောင်ကျော်ဦးသည် ဖေဖော်ဝါရီလအစပိုင်းတွင် ဖမ်းဆီးခဲ့ရခြင်းဖြစ်ပြီး ၁၀ လခန့်အကြာ၌အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here