လိုအပ်နေတဲ့ကလေးတွေအတွက် နှစ်သစ်ကူးအကြို လှူဒါန်းမှုလုပ်ခဲ့တဲ့ Lee Jong Suk
0
320
လိုအပ်နေတဲ့ကလေးတွေအတွက် နှစ်သစ်ကူးအကြို လှူဒါန်းမှုလုပ်ခဲ့တဲ့ Lee Jong Suk
Green Umbrella Children ဖောင်ဒေးရှင်းကကုသိုလ်ကောင်းမှုတွေကို တစိုက်မတ်မတ်ပါဝင်ဆောင်ရွက်တဲ့ သရုပ်ဆောင်မင်းသားဟာ မကြာသေးခင်က ဝမ်သန်း ၁၀၀(ဒေါ်လာ ၈၄၁၁၉)လှူဒါန်းခဲ့တယ်လို့ ဒီဇင်ဘာ ၃၀ရက်နေ့မှာ ပြောခဲ့ပါတယ်။
Lee Jong Suk ရဲ့လှူဒါန်းမှုကို အသက် ၁၈နှစ် ပြည့်မှာ စောင့်ရှောက်မှုဂေဟာကနေ ထွက်ခွါပြီး အသက်မွေးဝမ်းကြောင်းပြုဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေကို ကူညီဖို့ အသုံးပြုသွားမှာဖြစ်တယ်လို့ ဖောင်ဒေးရှင်းက ပြောပါတယ်။
Lee Jong Suk က “အခုလို ရှည်လျားတဲ့ ကပ် ရောဂါအခြေအနေမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ စောင့်ရှောက်ရေးဂေဟာမှာနေထိုင်နေတဲ့ ကလေးတွေဟာ ကျန်းမာသန်စွမ်းပြီး သူတို့ရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းတွေမှာ ကန့်သတ်ချက်မရှိပဲ အခွင့်အလမ်း များစွာကို ခံစားကြရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
Lee Jong Suk ဟာ လက်ရှိမှာ Girls’ Generation အဖွဲ့ဝင် YoonA နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Big Mouth ကိုရိုက်ကူးနေပါတယ်။
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here