အိန္ဒိယမှာ ပွဲတော်ရာသီအတွင်း ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်းများ ချမှတ်

0
204

(Unicode)

အိန္ဒိယမှာ ပွဲတော်ရာသီအတွင်း ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် တင်းကျပ်တဲ့စည်းမျဉ်းများ ချမှတ်

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှုမြင့်တက်နေတာကြောင့် နှစ်သစ်ကူးပွဲတွေမတိုင်မီ ပါတီပွဲတွေကျင်းပခြင်းနဲ့ လူစုလူဝေးများပြုလုပ်ခြင်းကို တားဆီးဖို့အတွက် အိန္ဒိယအာဏာပိုင်တွေဟာ တင်းကြပ်တဲ့စည်းမျဉ်းတွေကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။

အဓိကမြို့ကြီးတွေမှာ ညမထွက်ရအမိန့်ထုတ် ပြန်ထားပြီး စားသောက်ဆိုင်တွေအားလုံးကို လူဦးရေအကန့်အသတ်နဲ့သာရောင်းဖို့ တာဝန်ရှိသူတွေက ဆော်ဩထားပါတယ်။

သို့သော်လည်း ပြည်နယ်အာဏာပိုင်တွေဟာ စျေးတွေနဲ့ ဘာသာရေးနေရာတွေကို ဆက်လက်ဖွင့်ခွင့်ပြုထားတာကြောင့် လူစုလူဝေးကို ကန့်သတ်ဖို့ အခက်အခဲရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မွမ်းဘိုင်းမြို့ကရဲတွေဟာ ဇန်နဝါရီ ၇ရက်ထိလူ ၅ဦးထက်မပိုတဲ့ လူစုလူဝေးများပြုလုပ်ခြင်းကို တားမြစ်ထားပေမယ့်လည်း ကူးစက်မှုတွေဟာ ၂ထောင်ကျော်ထိရှိခဲ့ပါတယ်။

ကူးစက်မှုနှုန်းမြင့်တက်လာတဲ့အပေါ် Maharashtra ပြည်နယ်၊ကျန်းမာရေးဝန်ကြီး Rajesh Tope က “social distancing တွေကို ဆန့်ကျင်ပြီးတော့ လူစုလူဝေးတွေပြုလုပ်နေတာကြောင့်လို့ မြင်ပါတယ်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

အိန္ဒိယမှာ ယခုရက်သတ္တပတ်အစောပိုင်းက Merck ရဲ့ကိုဗစ်၁၉သောက်ဆေးနဲ့ နောက်ထပ်ကာကွယ် ဆေး ၂မျိုး ကို အရေးပေါ်အသုံးပြုဖို့ အတည်ပြုခဲ့ပါတယ်။

အာရှရဲ့ တတိယစီးပွါးရေးအကြီးဆုံးနိုင်ငံဖြစ် တဲ့ အိန္ဒိယဟာ နိုင်ငံတွင်းက လူဦးရေအချို့အတွက် ထပ်ဆောင်းကာကွယ်ဆေးတွေထိုးနှံဖို့ ခွင့်ပြုမယ်လို့ ပြောထားပါတယ်။

Ref:CNA/India imposes stricter rules to prevent COVID-19 spread during festive season
Photo Credit-NDTV

(Zawgyi)

အိႏၵိယမွာ ပြဲေတာ္ရာသီအတြင္း ကိုဗစ္ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔အတြက္ တင္းက်ပ္တဲ့စည္းမ်ဥ္းမ်ား ခ်မွတ္

အိႏၵိယႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈျမင့္တက္ေနတာေၾကာင့္ ႏွစ္သစ္ကူးပြဲေတြမတိုင္မီ ပါတီပြဲေတြက်င္းပျခင္းနဲ႔ လူစုလူေဝးမ်ားျပဳလုပ္ျခင္းကို တားဆီးဖို႔အတြက္ အိႏၵိယအာဏာပိုင္ေတြဟာ တင္းၾကပ္တဲ့စည္းမ်ဥ္းေတြကို ဒီဇင္ဘာ ၃၀ ရက္ေန႔မွာ ခ်မွတ္လိုက္ပါတယ္။

အဓိကၿမိဳ႕ႀကီးေတြမွာ ညမထြက္ရအမိန္႔ထုတ္ ျပန္ထားၿပီး စားေသာက္ဆိုင္ေတြအားလုံးကို လူဦးေရအကန္႔အသတ္နဲ႔သာေရာင္းဖို႔ တာဝန္ရွိသူေတြက ေဆာ္ဩထားပါတယ္။

သို႔ေသာ္လည္း ျပည္နယ္အာဏာပိုင္ေတြဟာ ေစ်းေတြနဲ႔ ဘာသာေရးေနရာေတြကို ဆက္လက္ဖြင့္ခြင့္ျပဳထားတာေၾကာင့္ လူစုလူေဝးကို ကန္႔သတ္ဖို႔ အခက္အခဲရွိေၾကာင္း တာဝန္ရွိသူေတြက ေျပာပါတယ္။

မြမ္းဘိုင္းၿမိဳ႕ကရဲေတြဟာ ဇန္နဝါရီ ၇ရက္ထိလူ ၅ဦးထက္မပိုတဲ့ လူစုလူေဝးမ်ားျပဳလုပ္ျခင္းကို တားျမစ္ထားေပမယ့္လည္း ကူးစက္မႈေတြဟာ ၂ေထာင္ေက်ာ္ထိရွိခဲ့ပါတယ္။

ကူးစက္မႈႏႈန္းျမင့္တက္လာတဲ့အေပၚ Maharashtra ျပည္နယ္၊က်န္းမာေရးဝန္ႀကီး Rajesh Tope က “social distancing ေတြကို ဆန္႔က်င္ၿပီးေတာ့ လူစုလူေဝးေတြျပဳလုပ္ေနတာေၾကာင့္လို႔ ျမင္ပါတယ္။ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္”လို႔ ေျပာပါတယ္။

အိႏၵိယမွာ ယခုရက္သတၱပတ္အေစာပိုင္းက Merck ရဲ႕ကိုဗစ္၁၉ေသာက္ေဆးနဲ႔ ေနာက္ထပ္ကာကြယ္ ေဆး ၂မ်ိဳး ကို အေရးေပၚအသုံးျပဳဖို႔ အတည္ျပဳခဲ့ပါတယ္။

အာရွရဲ႕ တတိယစီးပြါးေရးအႀကီးဆုံးႏိုင္ငံျဖစ္ တဲ့ အိႏၵိယဟာ ႏိုင္ငံတြင္းက လူဦးေရအခ်ိဳ႕အတြက္ ထပ္ေဆာင္းကာကြယ္ေဆးေတြထိုးႏွံဖို႔ ခြင့္ျပဳမယ္လို႔ ေျပာထားပါတယ္။

Ref:CNA/India imposes stricter rules to prevent COVID-19 spread during festive season
Photo Credit-NDTV


LEAVE A REPLY

Please enter your comment!
Please enter your name here