ဇန်နဝါရီ၁ရက်ကစပြီး လူ ၁၀၀ ဦးအစား လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်

0
207

(Unicode)

ဇန်နဝါရီ၁ရက်ကစပြီး လူ ၁၀၀ ဦးအစား လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်

နစက ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး လူ၂၀၀အထိ စုဝေးခွင့်ပြုသော အမိန့်ကို ဒီဇင်ဘာလ ၃၀ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်က လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရောဂါကူး စက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၁၀၀ ဦး ထက်ပို၍ စုဝေးခြင်းမပြုရန် ထုတ်ပြန်ချက်ကို ယခု ဒီဇင်ဘာ၃၀တွင် လူ၂၀၀အထိ ထပ်တိုးခွင့်ပြုလိုက်ခြင်းလည်းဖြစ်သည်။

ဘာသာရေးဆိုင်ရာအခမ်းအနားများနှင့် သာရေး/နာရေးဆိုင်ရာကိစ္စရပ်များအတွက် မူလသတ်မှတ်ထားသော လူ ၁၀၀ ဦးအစား လူ ၂၀၀ ဦး အထိစုဝေးခွင့်ပြုကြောင်း ထုတ်ပြန်ချက်သည် ၂၀၂၂ခုနှစ်ဇန်နဝါရီ၁ရက်ကစကာ အသက်ဝင်မည်ဖြစ်သည်။

(Zawgyi)

ဇန္နဝါရီ၁ရက္ကစၿပီး လူ ၁၀၀ ဦးအစား လူ ၂၀၀ ဦးအထိ စုေဝးခြင့္ျပဳေၾကာင္း ထုတ္ျပန္

နစက က်န္းမာေရးဝန္ႀကီးဌာနသည္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒပုဒ္မ ၂၁ ပုဒ္မခြဲ (ခ)ပါ လုပ္ပိုင္ခြင့္ကို က်င့္သုံးၿပီး လူ၂၀၀အထိ စုေဝးခြင့္ျပဳေသာ အမိန႔္ကို ဒီဇင္ဘာလ ၃၀ရက္ ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာထားသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၉ ရက္က လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ (Coronavirus Disease 2019 – COVID-19) ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားႏွင့္စပ္လ်ဥ္း၍ ေရာဂါကူး စက္ျပန႔္ပြားမႈ မျဖစ္ေစရန္အတြက္ ႁခြင္းခ်က္ျပဳေဖာ္ျပထားေသာ ကိစၥရပ္မ်ားမွအပ လူ ၁၀၀ ဦး ထက္ပို၍ စုေဝးျခင္းမျပဳရန္ ထုတ္ျပန္ခ်က္ကို ယခု ဒီဇင္ဘာ၃၀တြင္ လူ၂၀၀အထိ ထပ္တိုးခြင့္ျပဳလိုက္ျခင္းလည္းျဖစ္သည္။

ဘာသာေရးဆိုင္ရာအခမ္းအနားမ်ားႏွင့္ သာေရး/နာေရးဆိုင္ရာကိစၥရပ္မ်ားအတြက္ မူလသတ္မွတ္ထားေသာ လူ ၁၀၀ ဦးအစား လူ ၂၀၀ ဦး အထိစုေဝးခြင့္ျပဳေၾကာင္း ထုတ္ျပန္ခ်က္သည္ ၂၀၂၂ခုႏွစ္ဇန္နဝါရီ၁ရက္ကစကာ အသက္ဝင္မည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here