“အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဖြေရှင်းနိုင်ခြင်းမရှိပါက ပြည်တွင်းငြိမ်းချမ်းရေးကို လုံး၀တည်ဆောက်နိုင်မည် မဟုတ်”ဟု KNU ဥက္ကဋ္ဌပြော

0
177

(Unicode)

“အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဖြေရှင်းနိုင်ခြင်းမရှိပါက ပြည်တွင်းငြိမ်းချမ်းရေးကို လုံး၀တည်ဆောက်နိုင်မည် မဟုတ်”ဟု KNU ဥက္ကဋ္ဌပြော

ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဇန်နဝါရီ ၂ ရက်နေ့တွင်ကျရောက်မည့် ကရင်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့အထိမ်းအမှတ် သဝဏ်လွှာပေးပို့ရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လူမျိုးတစ်မျိုး၏ ထာ၀ရ ရပ်တည်ခြင်း၊ရှင်သန်နိုင်ခြင်းနှင့်ဖွံဖြိုးတိုးတက်ခြင်းများသည် သက် ဆိုင်ရာ နိုင်ငံတစ်နိုင်ငံ၏ ဖွဲစည်းပုံအခြေခံဥပဒေက ထိုလူမျိုး၏ စကား၊ စာပေရိုးရာဓလေ့နှင့် ယဉ်ကျေးမှုများကို လေးစားအသိအမှတ်ပြုခြင်းများနှင့်လည်း တိုက်ရိုက် သက်ဆိုင်သည်ဟု သဝဏ်လွှာ တွင် ‌ေရး သား ဖော် ပြ ထားပါသည်။

“ဖိနှိပ်မှုများနဲ့မတရားမှုများဟာ တန်းတူရေးဆိုင်ရာ အခွင့်အရေးတွေကို အသိအမှတ်မပြုတတ်တဲ့ အကျိုးဆက်ဖြစ်ပါတယ် လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြား အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံ ပြည် သူလူထုကြား ပဋိပက္ခနဲ့မသင့်မြတ်တွေကို ဖြစ်ပေါ်စေပါတယ် မတူကွဲပြားလျက်ရှိတဲ့ အခွင့်အရေးတွေ နိုင်ငံရေးပြဿနာနဲ့မသင့်မြတ်မှုတွေကို ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းက နိုင်ငံရေးအရ ငြိမ်းချမ်းစွာဆွေနွေးအဖြေရှာသည့် နည်းလမ်းပဲဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက သဝဏ်လွှာ၌ပြောသည်။

နိုင်ငံရေးနည်းလမ်းအရ အဖြေရှာနိုင်ရန်အတွက်လည်း ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် ခေတ် အဆက်ဆက် တောင်းဆိုလာခဲ့ပါဟု ဖော် ပြ ထား ပါသည်။

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဖြေရှင်းနိုင်ခြင်းမရှိပါက ပြည်တွင်းငြိမ်းချမ်းရေးကို လုံး၀တည်ဆောက်နိုင်မည် မဟုတ်သည်ကို နားလည်ထားသည်။ထိုကြောင့် ကရင်အမျိုးသား အစည်းအရုံးမှ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် အေးချမ်းစွာတွေ့ဆုံဆွေးနွေးနိုင်ရေး၊တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး၊ ပြည်သူလူထု သာယာ၀ပြောရေးနှင့်တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း ငြိမ်းချမ်းမှု တည်ဆောက်ရေးများကို အချိန်နှင့် ငွေကုန်ကြေးကျများစွာ ရင်းနှီးခဲ့ပြီး ကြိုးပမ်းအားထုတ်ခဲ့သည်ဟု ဖော်ပြ ပါ ရှိပါသည်။

“ကရင်အမျိုးသားအစည်းအရုံးက နိုင်ငံရေးပါတီတွေ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲအစည်းတွေ ပြည်သူလူထုနဲ့အကောင်းဆုံးပူးပေါင်းလုပ်ဆောင်ခဲ့တယ် ပြည်သူလူထုနဲ့ နိုင်ငံတကာ အဖွဲအစည်းတွေကလည်း ကရင်အမျိုးသား အစည်းအရုံးက ကူညီထောက်ပံ့မှုတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို ပံ့ပိုးပေးခဲ့ပါတယ်”ဟုရေးသားပြောဆိုထားသည်။

သိုသော် လက်ရှိနိုင်ငံရေးဖြစ်စဥ်ကြောင့် ကရင်အမျိုးသားအစည်းအရုံး၏ ကြိုးပမ်းအားထုတ်ခဲ့မှုများလည်း အလဟသ ဖြစ်ပေါ်ခဲ့သည်။ထိုကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့်မှန်ကန်သော စိတ်စေတနာဖြင့် ဖြေရှင်းလိုစိတ်များကင်းဝေးနေသမျှ ကာလပတ်လုံး နိုင်ငံရေးအရစစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေးနှင့် ပြင်တွင်းငြိမ်းချမ်းမှုတည်ဆောက်ကြိုးပမ်းမှုများသည်လည်း မည့်သိုမျှ ဖြစ်ပေါ်လာနိုင်မည်မဟုတ်ကြောင်း ရေးသားထားသည်။

(Zawgyi)

“အပစ္အခတ္ရပ္စဲၿပီး ႏိုင္ငံေရးျပႆနာမ်ားကို ေတြ႕ဆုံေျဖရွင္းႏိုင္ျခင္းမရွိပါက ျပည္တြင္းၿငိမ္းခ်မ္းေရးကို လုံး၀တည္ေဆာက္ႏိုင္မည္ မဟုတ္”ဟု KNU ဥကၠ႒ေျပာ

ကရင္အမ်ိဳးသားအစည္းအ႐ုံး ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ဇန္နဝါရီ ၂ ရက္ေန႔တြင္က်ေရာက္မည့္ ကရင္အမ်ိဳးသားလုံးဆိုင္ရာ ႏွစ္သစ္ကူးေန႔အထိမ္းအမွတ္ သဝဏ္လႊာေပးပို႔ရာ၌ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

လူမ်ိဳးတစ္မ်ိဳး၏ ထာ၀ရ ရပ္တည္ျခင္း၊ရွင္သန္ႏိုင္ျခင္းႏွင့္ဖြံၿဖိဳးတိုးတက္ျခင္းမ်ားသည္ သက္ ဆိုင္ရာ ႏိုင္ငံတစ္ႏိုင္ငံ၏ ဖြဲစည္းပုံအေျခခံဥပေဒက ထိုလူမ်ိဳး၏ စကား၊ စာေပ႐ိုးရာဓေလ့ႏွင့္ ယဥ္ေက်းမႈမ်ားကို ေလးစားအသိအမွတ္ျပဳျခင္းမ်ားႏွင့္လည္း တိုက္႐ိုက္ သက္ဆိုင္သည္ဟု သဝဏ္လႊာ တြင္ ‌ေရး သား ေဖာ္ ျပ ထားပါသည္။

“ဖိႏွိပ္မႈမ်ားနဲ႔မတရားမႈမ်ားဟာ တန္းတူေရးဆိုင္ရာ အခြင့္အေရးေတြကို အသိအမွတ္မျပဳတတ္တဲ့ အက်ိဳးဆက္ျဖစ္ပါတယ္ လူမ်ိဳးတစ္မ်ိဳးနဲ႔တစ္မ်ိဳးၾကား အုပ္ခ်ဳပ္သူနဲ႔အုပ္ခ်ဳပ္ခံ ျပည္ သူလူထုၾကား ပဋိပကၡနဲ႔မသင့္ျမတ္ေတြကို ျဖစ္ေပၚေစပါတယ္ မတူကြဲျပားလ်က္ရွိတဲ့ အခြင့္အေရးေတြ ႏိုင္ငံေရးျပႆနာနဲ႔မသင့္ျမတ္မႈေတြကို ေျဖရွင္းႏိုင္မည့္ အေကာင္းဆုံး နည္းလမ္းက ႏိုင္ငံေရးအရ ၿငိမ္းခ်မ္းစြာေဆြေႏြးအေျဖရွာသည့္ နည္းလမ္းပဲျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက သဝဏ္လႊာ၌ေျပာသည္။

ႏိုင္ငံေရးနည္းလမ္းအရ အေျဖရွာႏိုင္ရန္အတြက္လည္း ကရင္အမ်ိဳးသား အစည္းအ႐ုံး အေနျဖင့္ ေခတ္ အဆက္ဆက္ ေတာင္းဆိုလာခဲ့ပါဟု ေဖာ္ ျပ ထား ပါသည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံးအေနျဖင့္ အပစ္အခတ္ရပ္စဲၿပီး ႏိုင္ငံေရးျပႆနာမ်ားကို ေတြ႕ဆုံေျဖရွင္းႏိုင္ျခင္းမရွိပါက ျပည္တြင္းၿငိမ္းခ်မ္းေရးကို လုံး၀တည္ေဆာက္ႏိုင္မည္ မဟုတ္သည္ကို နားလည္ထားသည္။ထိုေၾကာင့္ ကရင္အမ်ိဳးသား အစည္းအ႐ုံးမွ အပစ္အခတ္ရပ္စဲေရးႏွင့္ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းျဖင့္ ေအးခ်မ္းစြာေတြ႕ဆုံေဆြးေႏြးႏိုင္ေရး၊တန္းတူေရးႏွင့္ကိုယ္ပိုင္ျပဌာန္းခြင့္ရွိသည့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုႀကီးတည္ေဆာက္ႏိုင္ေရး၊ ျပည္သူလူထု သာယာ၀ေျပာေရးႏွင့္တိုင္းျပည္ဖြံၿဖိဳးတိုးတက္ေရးအတြက္ ျပည္တြင္း ၿငိမ္းခ်မ္းမႈ တည္ေဆာက္ေရးမ်ားကို အခ်ိန္ႏွင့္ ေငြကုန္ေၾကးက်မ်ားစြာ ရင္းႏွီးခဲ့ၿပီး ႀကိဳးပမ္းအားထုတ္ခဲ့သည္ဟု ေဖာ္ျပ ပါ ရွိပါသည္။

“ကရင္အမ်ိဳးသားအစည္းအ႐ုံးက ႏိုင္ငံေရးပါတီေတြ တိုင္းရင္းသားခုခံေတာ္လွန္ေရးအဖြဲအစည္းေတြ ျပည္သူလူထုနဲ႔အေကာင္းဆုံးပူးေပါင္းလုပ္ေဆာင္ခဲ့တယ္ ျပည္သူလူထုနဲ႔ ႏိုင္ငံတကာ အဖြဲအစည္းေတြကလည္း ကရင္အမ်ိဳးသား အစည္းအ႐ုံးက ကူညီေထာက္ပံ့မႈေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္မႈေတြကို ပံ့ပိုးေပးခဲ့ပါတယ္”ဟုေရးသားေျပာဆိုထားသည္။

သိုေသာ္ လက္ရွိႏိုင္ငံေရးျဖစ္စဥ္ေၾကာင့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး၏ ႀကိဳးပမ္းအားထုတ္ခဲ့မႈမ်ားလည္း အလဟသ ျဖစ္ေပၚခဲ့သည္။ထိုေၾကာင့္ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းႏွင့္မွန္ကန္ေသာ စိတ္ေစတနာျဖင့္ ေျဖရွင္းလိုစိတ္မ်ားကင္းေဝးေနသမွ် ကာလပတ္လုံး ႏိုင္ငံေရးအရစစ္မွန္သည့္ ေတြ႕ဆုံေဆြးေႏြးေရးႏွင့္ ျပင္တြင္းၿငိမ္းခ်မ္းမႈတည္ေဆာက္ႀကိဳးပမ္းမႈမ်ားသည္လည္း မည့္သိုမွ် ျဖစ္ေပၚလာႏိုင္မည္မဟုတ္ေၾကာင္း ေရးသားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here