မန္တလေးမြို့တွင် ပြုလုပ်သည့်သပိတ်မှောက်မှုဖြစ်စဥ်၌ ထောင်ထားသည့်ဆိုင်းဘုတ်များအား လုံ ခြုံရေးအဖွဲ့များကရှင်းလင်းစဥ်ပေါက်ကွဲ

0
102

(Unicode)

မန္တလေးမြို့တွင် ပြုလုပ်သည့်သပိတ်မှောက်မှုဖြစ်စဥ်၌ ထောင်ထားသည့်ဆိုင်းဘုတ်များအား လုံ ခြုံရေးအဖွဲ့များကရှင်းလင်းစဥ်ပေါက်ကွဲ

မန္တလေးမြို့၊ ၃၈ လမ်းနှင့် ၇၄ လမ်းထောင့်တွင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုဖြစ်စဥ်တွင် ထောင်ထားသည့် ဆိုင်းဘုတ်များအား လုံခြုံရေးအဖွဲ့ဝင်များက တုတ်ဖြင့်ထိုး၍ရှင်းလင်းဖယ်ရှားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆန္ဒပြမှုဖြစ်စဥ်တွင်ထောင်ထားသည့် ဆိုင်းဘုတ်များ၌ “ပြည်သူများလုံးဝမထိရ”ဆိုသည့် စာသားအပါအဝင် လက်ရှိနိုင်ငံရေးဖြစ်စဥ်အား ဆန့်ကျင်ကြောင်းနှင့်ပတ်သက်သည့် စာသားများအားရေးဆွဲချိတ်ဆွဲ၍ထောင်ထားခဲ့ကြခြင်းဖြစ်သည်။

“သိရသလောက်ကတော့ လူမဲ့သပိတ်လို့ပဲသိတယ် ဆိုင်းဘုတ်တွေပဲထောင်ထားတယ် လူတစ်ယောက်မှမရှိဘူး လက်ကမ်းစာစောင်တွေလည်းလမ်းပေါ်မှာပြန့်ကြဲနေတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

သပိတ်မှောက်ဆန္ဒပြဖြစ်စဥ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်ဖယ်ရှားရာ အဖွဲ့ဝင်များက ဆိုင်းဘုတ်များအားတုတ်ဖြင့်ထိုးပြီး ဖယ်ရှားချိန်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်ကြောင့် လုံခြုံရေးအဖွဲ့ဝင်နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရပြီး အခင်းဖြစ်နေရာအနီးတဝိုက်အား စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

(Zawgyi)

မႏၲေလးၿမိဳ႕တြင္ ျပဳလုပ္သည့္သပိတ္ေမွာက္မႈျဖစ္စဥ္၌ ေထာင္ထားသည့္ဆိုင္းဘုတ္မ်ားအား လုံ ၿခဳံေရးအဖြဲ႕မ်ားကရွင္းလင္းစဥ္ေပါက္ကြဲ

မႏၲေလးၿမိဳ႕၊ ၃၈ လမ္းႏွင့္ ၇၄ လမ္းေထာင့္တြင္ ယေန႔နံနက္ ၉ နာရီ ၄၅ မိနစ္ခန္႔က ျပဳလုပ္ခဲ့သည့္ ဆႏၵျပမႈျဖစ္စဥ္တြင္ ေထာင္ထားသည့္ ဆိုင္းဘုတ္မ်ားအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက တုတ္ျဖင့္ထိုး၍ရွင္းလင္းဖယ္ရွားရာမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဆႏၵျပမႈျဖစ္စဥ္တြင္ေထာင္ထားသည့္ ဆိုင္းဘုတ္မ်ား၌ “ျပည္သူမ်ားလုံးဝမထိရ”ဆိုသည့္ စာသားအပါအဝင္ လက္ရွိႏိုင္ငံေရးျဖစ္စဥ္အား ဆန္႔က်င္ေၾကာင္းႏွင့္ပတ္သက္သည့္ စာသားမ်ားအားေရးဆြဲခ်ိတ္ဆြဲ၍ေထာင္ထားခဲ့ၾကျခင္းျဖစ္သည္။

“သိရသေလာက္ကေတာ့ လူမဲ့သပိတ္လို႔ပဲသိတယ္ ဆိုင္းဘုတ္ေတြပဲေထာင္ထားတယ္ လူတစ္ေယာက္မွမရွိဘူး လက္ကမ္းစာေစာင္ေတြလည္းလမ္းေပၚမွာျပန္႔ႀကဲေနတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

သပိတ္ေမွာက္ဆႏၵျပျဖစ္စဥ္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္ဖယ္ရွားရာ အဖြဲ႕ဝင္မ်ားက ဆိုင္းဘုတ္မ်ားအားတုတ္ျဖင့္ထိုးၿပီး ဖယ္ရွားခ်ိန္ေပါက္ကြဲခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္ေၾကာင့္ လုံၿခဳံေရးအဖြဲ႕ဝင္ႏွစ္ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ တင္ပို႔ခဲ့ရၿပီး အခင္းျဖစ္ေနရာအနီးတဝိုက္အား စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here