အမေရိကန်သမ္မတနဲ့ရုရှားသမ္မတတို့ ယူကရိန်းအရေး ဆက်လက်ဆွေးနွေးဖို့ သဘောတူ

0
79

(Unicode)

အမေရိကန်သမ္မတနဲ့ရုရှားသမ္မတတို့ ယူကရိန်းအရေး ဆက်လက်ဆွေးနွေးဖို့ သဘောတူ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ယူကရိန်းနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က ဖုန်းနဲ့မိနစ် ၅၀ ကြာ ဆွေးနွေးခဲ့ကြပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ တင်းမာမှုကိုလျှော့ချဖို့အတွက် လာမည့်လမှာ သံတမန်ရေးရာဆွေး နွေးပွဲတွေ ဆက်လက်ပြုလုပ်သွားဖို့ သဘောတူခဲ့ပါတယ်။

ယူကရိန်းနယ်နိမိတ်အနီးမှာ ရုရှားရဲ့တပ်ဖွဲ့ဝင်အင်အား အကြီးအကျယ်တည်ဆောက်မှုအပေါ် ခေါင်းဆောင်နှစ်ဦး အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

ဆွေးနွေးမှုအပြီးမှာတော့ အိမ်ဖြူတော်စာနယ်ဇင်းအတွင်းရေးမှူး Jen Psaki က ကြေညာချက် ထုတ် ပြန်ခဲ့ပါတယ်။

ကြေညာချက်ထဲမှာ “အမေရိကန်သမ္မတဘိုင်ဒန် က ယူကရိန်းနဲ့တင်းမာမှုတွေကို အရှိန်လျှော့ဖို့ ရုရှားကို တိုက်တွန်းခဲ့ပြီး ရုရှားအနေနဲ့ ယူကရိန်းကို ထပ်မံကျူးကျော်လာပါက အမေရိကန်နဲ့ ၄င်းရဲ့မဟာမိတ်များနဲ့ မိတ်ဖက်များက ပြတ် ပြတ်သားသားတုံ့ပြန်မည်ဖြစ်ကြောင်း” ပါရှိပါတယ်။

အနောက်နိုင်ငံအနေနဲ့ မကြုံဖူးသော ပိတ်ဆို့အရေးယူမှုများကို ချမှတ်ပါကာနှစ်နိုင်ငံကြား ဆက်ဆံရေး ပျက်စီးယိုယွင်းနိုင်ခြေကို ရုရှားသမ္မတပူတင်က ထောက်ပြခဲ့ကြောင်း Kremlin လက်ထောက် Yury Ushakov က ပြောခဲ့ပါတယ်။

ခေါင်းဆောင် ၂ဦးဟာ ဇန်နဝါရီလမှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ နှစ်နိုင်ငံဆွေးနွေးပွဲများအပါအဝင် နေတိုး-ရုရှားကောင်စီအစည်းအဝေးနဲ့ လာမည့်သံတမန်ရေးရာအစည်းအဝေးများတွင် ဆက်လက်တွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ပါတယ်။

Ref:NHK/Biden, Putin agree to continue talks on Ukraine

Photo Credit-NHK

(Zawgyi)

အေမရိကန္သမၼတနဲ႔႐ုရွားသမၼတတို႔ ယူကရိန္းအေရး ဆက္လက္ေဆြးေႏြးဖို႔ သေဘာတူ

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ ႐ုရွားသမၼတ ဗလာဒီမာပူတင္တို႔ ယူကရိန္းႏိုင္ငံအေျခအေနနဲ႔ ပတ္သက္ၿပီး ၾကာသပေတးေန႔က ဖုန္းနဲ႔မိနစ္ ၅၀ ၾကာ ေဆြးေႏြးခဲ့ၾကပါတယ္။

ေခါင္းေဆာင္ႏွစ္ဦးဟာ တင္းမာမႈကိုေလွ်ာ့ခ်ဖို႔အတြက္ လာမည့္လမွာ သံတမန္ေရးရာေဆြး ေႏြးပြဲေတြ ဆက္လက္ျပဳလုပ္သြားဖို႔ သေဘာတူခဲ့ပါတယ္။

ယူကရိန္းနယ္နိမိတ္အနီးမွာ ႐ုရွားရဲ႕တပ္ဖြဲ႕ဝင္အင္အား အႀကီးအက်ယ္တည္ေဆာက္မႈအေပၚ ေခါင္းေဆာင္ႏွစ္ဦး အျမင္ခ်င္းဖလွယ္ခဲ့ၾကပါတယ္။

ေဆြးေႏြးမႈအၿပီးမွာေတာ့ အိမ္ျဖဴေတာ္စာနယ္ဇင္းအတြင္းေရးမႉး Jen Psaki က ေၾကညာခ်က္ ထုတ္ ျပန္ခဲ့ပါတယ္။

ေၾကညာခ်က္ထဲမွာ “အေမရိကန္သမၼတဘိုင္ဒန္ က ယူကရိန္းနဲ႔တင္းမာမႈေတြကို အရွိန္ေလွ်ာ့ဖို႔ ႐ုရွားကို တိုက္တြန္းခဲ့ၿပီး ႐ုရွားအေနနဲ႔ ယူကရိန္းကို ထပ္မံက်ဴးေက်ာ္လာပါက အေမရိကန္နဲ႔ ၄င္းရဲ႕မဟာမိတ္မ်ားနဲ႔ မိတ္ဖက္မ်ားက ျပတ္ ျပတ္သားသားတုံ႔ျပန္မည္ျဖစ္ေၾကာင္း” ပါရွိပါတယ္။

အေနာက္ႏိုင္ငံအေနနဲ႔ မႀကဳံဖူးေသာ ပိတ္ဆို႔အေရးယူမႈမ်ားကို ခ်မွတ္ပါကာႏွစ္ႏိုင္ငံၾကား ဆက္ဆံေရး ပ်က္စီးယိုယြင္းႏိုင္ေျခကို ႐ုရွားသမၼတပူတင္က ေထာက္ျပခဲ့ေၾကာင္း Kremlin လက္ေထာက္ Yury Ushakov က ေျပာခဲ့ပါတယ္။

ေခါင္းေဆာင္ ၂ဦးဟာ ဇန္နဝါရီလမွာ ျပဳလုပ္ရန္ စီစဥ္ထားတဲ့ ႏွစ္ႏိုင္ငံေဆြးေႏြးပြဲမ်ားအပါအဝင္ ေနတိုး-႐ုရွားေကာင္စီအစည္းအေဝးနဲ႔ လာမည့္သံတမန္ေရးရာအစည္းအေဝးမ်ားတြင္ ဆက္လက္ေတြ႕ဆုံေဆြးေႏြးရန္ သေဘာတူညီခဲ့ပါတယ္။

Ref:NHK/Biden, Putin agree to continue talks on Ukraine

Photo Credit-NHK


LEAVE A REPLY

Please enter your comment!
Please enter your name here