ရန်ကုန် လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်သတ်ခံရ

0
270

(Unicode)

ရန်ကုန် လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်သတ်ခံရ

လှိုင်မြို့နယ်၊အမှတ်(၆)ရပ်ကွက်၊ပိတောင်ရွှေဝါလမ်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွေး(၅၀)နှစ်ခန့်သည် အသုတ်ဆိုင်၌အသုတ်စားနေစဥ် ယနေ့နံနက် ၉ နာရီခွဲခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။

ဦးမောင်မောင်ထွေး အသုတ်စားနေချိန် အမျိုးသားသုံးဦးက စက်ဘီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့််ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။

“အုပ်ချုပ်ရေးမှူးက အသုတ်စားနေတုန်းဝင်ပစ်သွားတာ အပစ်ခံရတဲ့နေရာမှာပဲသေသွားတယ် ပစ်ပြီးတာနဲ့ထွက်ပြေးသွားကြတော့ ဘယ်သူတွေမှန်းမသိလိုက်ဘူး”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ရုပ်အလောင်းအားလာရောက်တင်ဆောင်သွားခဲ့သည်။

ထို့ပြင် အခင်းဖြစ်နေရာအနီးတဝိုက်၊လမ်းမများပေါ်နှင့်ရပ်ကွက်များအတွင်းသို့လည်း လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

(Zawgyi)

ရန္ကုန္ လႈိင္ၿမိဳ႕နယ္က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေသနတ္နဲ႔ပစ္သတ္ခံရ

လႈိင္ၿမိဳ႕နယ္၊အမွတ္(၆)ရပ္ကြက္၊ပိေတာင္ေ႐ႊဝါလမ္းမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေမာင္ေထြး(၅၀)ႏွစ္ခန္႔သည္ အသုတ္ဆိုင္၌အသုတ္စားေနစဥ္ ယေန႔နံနက္ ၉ နာရီခြဲခန္႔က ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရေၾကာင္း ယင္းရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

ဦးေမာင္ေမာင္ေထြး အသုတ္စားေနခ်ိန္ အမ်ိဳးသားသုံးဦးက စက္ဘီးျဖင့္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္ဟု သိရ သည္။

“အုပ္ခ်ဳပ္ေရးမႉးက အသုတ္စားေနတုန္းဝင္ပစ္သြားတာ အပစ္ခံရတဲ့ေနရာမွာပဲေသသြားတယ္ ပစ္ၿပီးတာနဲ႔ထြက္ေျပးသြားၾကေတာ့ ဘယ္သူေတြမွန္းမသိလိုက္ဘူး”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ပစ္ခတ္ခံရသည့္ အုပ္ခ်ဳပ္ေရးမႉးသည္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိၿပီး အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့သျဖင့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ႐ုပ္အေလာင္းအားလာေရာက္တင္ေဆာင္သြားခဲ့သည္။

ထို႔ျပင္ အခင္းျဖစ္ေနရာအနီးတဝိုက္၊လမ္းမမ်ားေပၚႏွင့္ရပ္ကြက္မ်ားအတြင္းသို႔လည္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here