ဒေါပုံမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

0
242

(Unicode)

ဒေါပုံမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ယနေ့ ဒီဇင်ဘာ၃၁ရက် မနက်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု မြို့ခံအချို့ကပြောပြသည်။

ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ရုံးတက်ရန် ရုံးတံခါးလာဖွင့်စဉ် အမည်မသိသူအချို့က သေနတ်ဖြင့် လာပစ်ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးကပြောသည်။

“ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတယ်။စစ်ဆေးရေးတွေလည်းလာကြတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ၂၁ရက် မနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တူဖြစ်သူ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးသည်။

အဆိုပါနေ့က အုပ်ချုပ်ရေးမှူး၏ တူ ဖြစ်သူသည် အမျိုးသမီးဖြစ်သူအား ရုံးသွားရန် လမ်းထိပ်သို့ လိုက်ပို့စဉ် သင်္ဘောကျင်းမှတ်တိုင်အနီးတွင် သေ နတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟုသိရသည်။

(Zawgyi)

ေဒါပုံၿမိဳ႕နယ္ရွိ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသနတ္ပစ္ခံရ၍ ေသဆုံး

ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္ ေဆးစက္ရပ္ကြက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ယေန႔ ဒီဇင္ဘာ၃၁ရက္ မနက္က ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးသြားသည္ဟု ၿမိဳ႕ခံအခ်ိဳ႕ကေျပာျပသည္။

ယေန႔ နံနက္ ၈ နာရီဝန္းက်င္ခန႔္က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးသည္ ႐ုံးတက္ရန္ ႐ုံးတံခါးလာဖြင့္စဥ္ အမည္မသိသူအခ်ိဳ႕က ေသနတ္ျဖင့္ လာပစ္ျခင္းျဖစ္သည္ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။

“ ႐ုတ္႐ုတ္သဲသဲေတာ့ ျဖစ္သြားတယ္။စစ္ေဆးေရးေတြလည္းလာၾကတယ္”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ၂၁ရက္ မနက္ပိုင္းကလည္း ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္၊ ေဆးစက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၏ တူျဖစ္သူ ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးသြားသည့္ ျဖစ္စဥ္လည္း ျဖစ္ခဲ့ေသးသည္။

အဆိုပါေန႔က အုပ္ခ်ဳပ္ေရးမႉး၏ တူ ျဖစ္သူသည္ အမ်ိဳးသမီးျဖစ္သူအား ႐ုံးသြားရန္ လမ္းထိပ္သို႔ လိုက္ပို႔စဥ္ သေဘၤာက်င္းမွတ္တိုင္အနီးတြင္ ေသ နတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးသြားျခင္းျဖစ္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here