ရန်ကုန် သမိုင်းလမ်းဆုံမီးပွိုင့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပေါ်

0
256

(Unicode)

ရန်ကုန် သမိုင်းလမ်းဆုံမီးပွိုင့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပေါ်

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ သမိုင်းလမ်းဆုံမီးပွိုင့်၌ ယနေ့နံနက် ၁၁ နာရီခန့်က ယာဥ်ကြောပိတ်ဆို့နေစဥ် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေနတ်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သမိုင်းလမ်းဆုံအနီးနေသူများထံမှ သိရသည်။

ဗုံးပေါက်ကွဲခဲ့သည့်နေရာမှာ သမိုင်းလမ်းဆုံအနီး၌ ဖွင့်လှစ်ထားသည့် City Mart ရှေ့တွင် လုံခြုံရေးတာဝန်ကျနေသည့် လုံခြုံရေးအဖွဲ့ဝင်များအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အဲဒီအချိန်ကမီးပျက်နေတော့ မီးပွိုင့်ကလည်းပျက်နေတယ် ကားတွေကလည်းများတော့ အ ကုန်လုံးလမ်းတွေပိတ်နေတာ အဲဲဒီအချိန်ဖြစ်သွားတာပဲ ဘယ်လိုကြောင့်ပေါက်ကွဲတာလဲ ဘယ်သူတွေကလာပစ်တာလဲဆိုတာတော့မသိဘူး ဗုံးပေါက်တဲ့နေရာက စစ်သားတွေစောင့်တဲ့နေရာဘန်ကာနားမှာဖြစ်တာ”ဟုသမိုင်းလမ်းဆုံအနီးနေသူတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် သေနတ်ပစ်ခတ်မှုအနည်း ငယ်ဖြစ်ပေါ်ခဲ့သဖြင့် မီးပွိုင့်တွင်တန်းစီနေသည့် ယာဥ်များအနက် YBS(၇၈)ခရီးသည်တင်ယာဥ်၌ ကျည်ထိမှန်မှုများဖြစ်ပေါ်ခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သမိုင်းလမ်းဆုံအနီးနေသူ များထံမှ သိရသည်။

အခင်းဖြစ်နေရာနှင့်ပတ်ဝန်းကျင်အား ဘုရင့်နောင်တံတားအနီးနှင့်ဘုရင့်နောင်တံတား၌ တာ ဝန်ကျနေသည့် လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

Photo _ CJ

(Zawgyi)

ရန္ကုန္ သမိုင္းလမ္းဆုံမီးပြိဳင့္တြင္ ဗုံးေပါက္ကြဲမႈျဖစ္ၿပီး ပစ္ခတ္မႈျဖစ္ေပၚ

ရန္ကုန္ၿမိဳ႕၊မရမ္းကုန္းၿမိဳ႕နယ္ရွိ သမိုင္းလမ္းဆုံမီးပြိဳင့္၌ ယေန႔နံနက္ ၁၁ နာရီခန္႔က ယာဥ္ေၾကာပိတ္ဆို႔ေနစဥ္ ဗုံးေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ေသနတ္ပစ္ခတ္မႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သမိုင္းလမ္းဆုံအနီးေနသူမ်ားထံမွ သိရသည္။

ဗုံးေပါက္ကြဲခဲ့သည့္ေနရာမွာ သမိုင္းလမ္းဆုံအနီး၌ ဖြင့္လွစ္ထားသည့္ City Mart ေရွ႕တြင္ လုံၿခဳံေရးတာဝန္က်ေနသည့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“အဲဒီအခ်ိန္ကမီးပ်က္ေနေတာ့ မီးပြိဳင့္ကလည္းပ်က္ေနတယ္ ကားေတြကလည္းမ်ားေတာ့ အ ကုန္လုံးလမ္းေတြပိတ္ေနတာ အဲဲဒီအခ်ိန္ျဖစ္သြားတာပဲ ဘယ္လိုေၾကာင့္ေပါက္ကြဲတာလဲ ဘယ္သူေတြကလာပစ္တာလဲဆိုတာေတာ့မသိဘူး ဗုံးေပါက္တဲ့ေနရာက စစ္သားေတြေစာင့္တဲ့ေနရာဘန္ကာနားမွာျဖစ္တာ”ဟုသမိုင္းလမ္းဆုံအနီးေနသူတစ္ဦးကေျပာသည္။

ဗုံးေပါက္ကြဲၿပီးေနာက္ ေသနတ္ပစ္ခတ္မႈအနည္း ငယ္ျဖစ္ေပၚခဲ့သျဖင့္ မီးပြိဳင့္တြင္တန္းစီေနသည့္ ယာဥ္မ်ားအနက္ YBS(၇၈)ခရီးသည္တင္ယာဥ္၌ က်ည္ထိမွန္မႈမ်ားျဖစ္ေပၚခဲ့သည္။ ဗုံးေပါက္ကြဲမႈေၾကာင့္ လုံၿခဳံေရးအဖြဲ႕ဝင္တစ္ဦးတြင္ ဗုံးစထိမွန္ဒဏ္ရာရရွိခဲ့သည္ဟု သမိုင္းလမ္းဆုံအနီးေနသူ မ်ားထံမွ သိရသည္။

အခင္းျဖစ္ေနရာႏွင့္ပတ္ဝန္းက်င္အား ဘုရင့္ေနာင္တံတားအနီးႏွင့္ဘုရင့္ေနာင္တံတား၌ တာ ဝန္က်ေနသည့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားေရာက္ရွိလာကာ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

Photo _ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here