ဘေဂျင်းအားကစားပြိုင်ပွဲအပေါ် သံတမန်နည်းအရ သပိတ်မှောက်ခြင်းကို အဓိပ္ပါယ်မရှိဘူးဟု ကမ္ဘာ့ပြေးခုန်ပစ်အသင်းဥက္ကဌပြော

0
248

(Unicode)

ဘေဂျင်းအားကစားပြိုင်ပွဲအပေါ် သံတမန်နည်းအရ သပိတ်မှောက်ခြင်းကို အဓိပ္ပါယ်မရှိဘူးဟု ကမ္ဘာ့ပြေးခုန်ပစ်အသင်းဥက္ကဌပြော

ကမ္ဘာ့ပြေးခုန်ပစ်အသင်းဥက္ကဌ Sebastain Coe က ဗြိတိန်နိုင်ငံရဲ့ ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအပေါ် သံတ မန်ရေးရာအရသပိတ် မှောက်ခြင်းဟာ အဓိပ္ပါယ်မရှိဘူးလို ပြောလိုက် ပါတယ်။

အမေရိကန်၊ဩစတေးလျနဲ့ ကနေဒါတို့ဟာ တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးမှတ်တမ်းတွေကြောင့် အားကစားပွဲကို သံတမန်နည်းအရ သပိတ်မှောက်ခဲ့ကြောင်းကြေညာခဲ့ပြီး တရုတ်နိုင်ငံကတော့ ဒါဟာ နိုင်ငံရေးအရ အထင်ကြီးအောင် လုပ်တာဟုဆိုကာ ပယ်ချခဲ့ပါတယ်။

Coe ဟာ ပြီးခဲ့တဲ့သီတင်းပတ်က သပိတ်မှောက်မှုများကို ဆန့်ကျင်သည်ဟု မှတ် ချက်ပေးခဲ့ပြီးနောက် ၄င်းရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။

“နိုင်ငံရေးအရ သပိတ်မှောက်မှုဟာ ပွင့်ပွင့်လင်းလင်းပြောရရင် အဓိပ္ပါယ်မရှိဘူး”လို့ Coe က ဗြိတိန်မီဒီယာတွေကို ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

“ဒါဟာ လူ့အခွင့်အရေးအခြေခံစံနှုန်းတွေနဲ့ မကိုက်ညီတဲ့နိုင်ငံတွေအတွက် တောင်းပန်တာမဟုတ်ဘူး။ကျွန်တော်ဟာလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ရိုင်းစိုင်းသူတစ်ယောက်လည်းမဟုတ်ပါဘူး။ဒါတွေကို ကျွန်တော်အလေးအနက် ထားပါတယ်” လို့ Coe က ပြောပါတယ်။

“ရှည်လျားတဲ့ခရီးရှည်(သပိတ်မှောက်မှု)ဟာ တကယ်ကို အောင်မြင်မယ်လို မထင်ပါဘူး။ မလိုလားအပ်တဲ့ အကျိုးဆက်တွေဟာ အမြဲတမ်းရှိပါတယ်။ဒါတွေရဲ့အဆုံးမှာတော့ အားလုံးထဲမှာ အများဆုံးခံစားရမယ့်သူတွေကတော့ အားကစားသမားတွေပါပဲ” လို့ Coe က ဆက် ပြောပါတယ်။

ဘေဂျင်းအိုလံပစ်ပြိုင်ပွဲကို ၂၀၂၂ ဖေဖော်ဝါရီ လ ၄ရက်နေ့မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Ref:CNA/Diplomatic boycott of Beijing Games is ‘meaningless’, says Coe
Photo Credit-Reuters

(Zawgyi)

ေဘဂ်င္းအားကစားၿပိဳင္ပြဲအေပၚ သံတမန္နည္းအရ သပိတ္ေမွာက္ျခင္းကို အဓိပၸါယ္မရွိဘူးဟု ကမာၻ႔ေျပးခုန္ပစ္အသင္းဥကၠဌေျပာ

ကမာၻ႔ေျပးခုန္ပစ္အသင္းဥကၠဌ Sebastain Coe က ၿဗိတိန္ႏိုင္ငံရဲ႕ ေဘဂ်င္းေဆာင္းရာသီအိုလံပစ္ၿပိဳင္ပြဲအေပၚ သံတ မန္ေရးရာအရသပိတ္ ေမွာက္ျခင္းဟာ အဓိပၸါယ္မရွိဘူးလို ေျပာလိုက္ ပါတယ္။

အေမရိကန္၊ဩစေတးလ်နဲ႔ ကေနဒါတို႔ဟာ တ႐ုတ္ႏိုင္ငံရဲ႕လူ႔အခြင့္အေရးမွတ္တမ္းေတြေၾကာင့္ အားကစားပြဲကို သံတမန္နည္းအရ သပိတ္ေမွာက္ခဲ့ေၾကာင္းေၾကညာခဲ့ၿပီး တ႐ုတ္ႏိုင္ငံကေတာ့ ဒါဟာ ႏိုင္ငံေရးအရ အထင္ႀကီးေအာင္ လုပ္တာဟုဆိုကာ ပယ္ခ်ခဲ့ပါတယ္။

Coe ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က သပိတ္ေမွာက္မႈမ်ားကို ဆန္႔က်င္သည္ဟု မွတ္ ခ်က္ေပးခဲ့ၿပီးေနာက္ ၄င္းရဲ႕မွတ္ခ်က္နဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြထြက္ေပၚခဲ့ပါတယ္။

“ႏိုင္ငံေရးအရ သပိတ္ေမွာက္မႈဟာ ပြင့္ပြင့္လင္းလင္းေျပာရရင္ အဓိပၸါယ္မရွိဘူး”လို႔ Coe က ၿဗိတိန္မီဒီယာေတြကို ၾကာသပေတးေန႔က ေျပာခဲ့ပါတယ္။

“ဒါဟာ လူ႔အခြင့္အေရးအေျခခံစံႏႈန္းေတြနဲ႔ မကိုက္ညီတဲ့ႏိုင္ငံေတြအတြက္ ေတာင္းပန္တာမဟုတ္ဘူး။ကြၽန္ေတာ္ဟာလူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး ႐ိုင္းစိုင္းသူတစ္ေယာက္လည္းမဟုတ္ပါဘူး။ဒါေတြကို ကြၽန္ေတာ္အေလးအနက္ ထားပါတယ္” လို႔ Coe က ေျပာပါတယ္။

“ရွည္လ်ားတဲ့ခရီးရွည္(သပိတ္ေမွာက္မႈ)ဟာ တကယ္ကို ေအာင္ျမင္မယ္လို မထင္ပါဘူး။ မလိုလားအပ္တဲ့ အက်ိဳးဆက္ေတြဟာ အၿမဲတမ္းရွိပါတယ္။ဒါေတြရဲ႕အဆုံးမွာေတာ့ အားလုံးထဲမွာ အမ်ားဆုံးခံစားရမယ့္သူေတြကေတာ့ အားကစားသမားေတြပါပဲ” လို႔ Coe က ဆက္ ေျပာပါတယ္။

ေဘဂ်င္းအိုလံပစ္ၿပိဳင္ပြဲကို ၂၀၂၂ ေဖေဖာ္ဝါရီ လ ၄ရက္ေန႔မွာ စတင္က်င္းပသြားမွာ ျဖစ္ပါတယ္။

Ref:CNA/Diplomatic boycott of Beijing Games is ‘meaningless’, says Coe
Photo Credit-Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here