မှော်ဘီမှာအောက်ဆီဂျင်စက်ရုံဖွင့်ပွဲပြုလုပ်​ခဲ့ တဲ့ ဆောင်းယွန်းစံ

0
299

မှော်ဘီမှာအောက်ဆီဂျင်စက်ရုံဖွင့်ပွဲပြုလုပ်​ခဲ့ တဲ့ ဆောင်းယွန်းစံ

မှော်ဘီမြို့မမှာ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲပြု လုပ်ဖြစ်တာကတော့ ကိုဗစ်​ရောဂါ အတွက် အောက်ဆီဂျင်လိုအပ်တဲ့သူတွေများတဲ့အတွက်အခုလိုမျိုးအောက်ဆီဂျင်စက်ရုံဆောက် လုပ်လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဆောင်းယွန်းစံ ကပြောပါတယ်။

” မှော်ဘီမြို့မ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အလှူလေးလုပ်ဖြစ်တာကတော့ တတိယလှိုင်းမှာ ကိုဗစ်တွေဖြစ်ပြီး အောက်ဆီဂျင်တွေလိုအပ်ခဲ့တယ် အဲ့ဒါကြောင့် လွန်ခဲ့တဲ့ လတွေထဲကမှော်ဘီမြို့မှာ စက်ရုံဆောက်ဖို့စီစဥ်ပြီး ဆောင်းယွန်းကလည်း စက်ရုံအတွက်လှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်။ အခုလိုဆောက်လုပ်ပြီးစီးအောင်စုပေါင်း ပါဝင်လှူဒါန်းကြသူများအားလုံးကိုလဲ ကျေးဇူးပါကုသိုလ်ထပ်တူရပါစေ” လို့ဆောင်းယွန်းစံက ပြောပါတယ်။

အခုလက်ရှိမှာ ဆောင်းယွန်းစံ အနေနဲ့ လိုအပ်တဲ့နေရာတွေမှာတတ်နိုင်သလောက်ပါဝင် ကူညီ လှူဒါန်းမှုလေးတွေ ပြုလုပ်ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here