၂၀၂၂ ခုနှစ်သစ်ဟာ စိတ်ဓာတ်ခွန်အားတွေ အသစ်တဖန် ရရှိစေမယ့်နှစ်လို့ မြန်မာကို ကုလအထူးကိုယ်စားလှယ်ဆုတောင်းပေး

0
213

၂၀၂၂ ခုနှစ်သစ်ဟာ စိတ်ဓာတ်ခွန်အားတွေ အသစ်တဖန် ရရှိစေမယ့်နှစ်လို့ မြန်မာကို ကုလအထူးကိုယ်စားလှယ်ဆုတောင်းပေး

မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ ပြည်သူကပဲ ဦးဆောင်တာ ဖြစ်ရမှာဖြစ်ပြီး ဖြေရှင်းတဲ့အခါမှာလည်း ပြည်သူတွေရဲ့ဆန္ဒ၊ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ ခေါင်းဆောင်တွေ လိုလားတဲ့ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီ၊ တန်းတူအခွင့်အ​​ရေး၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့ အခြေခံမူတွေကို ထင်ဟပ်မှု ရှိစေရမှာ ဖြစ်ပါတယ် လို့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က မြန်မာပြည်သူတွေကို နှစ်သစ် နှုတ်ခွန်းဆက်သလိုက်တဲ့အကြောင်း VOAသတင်းဌာနကဖော်ပြပါတယ်။

နှစ်သစ်ကူးအကြို သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုမှာ ပြောဆိုသွားခဲ့တာလို့လည်းသိရပါတယ်။

အခု၂၀၂၂ခုနှစ်ကို ပြန်လည်ထူထောင်ရေး နှစ်အဖြစ် သဘောထားကြဖို့လည်း အထူးကိုယ်စားလှယ် Heyzer က ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

သူမက မြန်မာပြည်သူတွေကို နှစ်သစ် နှုတ်ခွန်းဆက်သတာမှာ မြန်မာပြည်သူတွေနဲ့ အတူ တသားတည်းရှိနေကြောင်းလည်း ဖော်ပြပါတယ်။

အားလုံးအတွက် ပိုကောင်းတဲ့အနာဂတ်ရအောင် ပုံဖေါ်တဲ့အခါမှာ မြန်မာပြည်သူတွေချည်း သက်သက် ဆောင်ရွက်ရတာ မျိုးမဟုတ်ပဲ အထူးကိုယ်စားလှယ်ပါ ပါဝင်ပြီး ပြည်သူတွေရဲ့ အသံတွေကို ဂရုတစိုက်နားထောင်မှာ ဖြစ်သလို ပြည်သူတွေဆီက လေ့လာသင်ယူပြီး ပြည်သူ့ဆန္ဒကို နားလည်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ကတိပေးခဲ့ပါတယ်။

Zaw Gyi

၂၀၂၂ ခုႏွစ္သစ္ဟာ စိတ္ဓာတ္ခြန္အားေတြ အသစ္တဖန္ ရရွိေစမယ့္ႏွစ္လို႔ ျမန္မာကို ကုလအထူးကိုယ္စားလွယ္ဆုေတာင္းေပး

ျမန္မာ့အေရးကို ေျဖရွင္းဖို႔ ႀကိဳးစားတဲ့အခါမွာ ျပည္သူကပဲ ဦးေဆာင္တာ ျဖစ္ရမွာျဖစ္ၿပီး ေျဖရွင္းတဲ့အခါမွာလည္း ျပည္သူေတြရဲ့ဆႏၵ၊ ျမန္မာ့လြတ္လပ္ေရးအတြက္ ႀကိဳးပမ္းခဲ့ၾကတဲ့ ေခါင္းေဆာင္ေတြ လိုလားတဲ့ စည္းလုံးညီညြတ္မွု၊ ဒီမိုကေရစီ၊ တန္းတူအခြင့္အ​​ေရး၊ တရားမၽွတမွု၊ ကိုယ္ပိုင္ျပဌာန္းခြင့္ စတဲ့ အေျခခံမူေတြကို ထင္ဟပ္မွု ရွိေစရမွာ ျဖစ္ပါတယ္ လို႔ကုလသမဂၢအတြင္းေရးမွုးခ်ဳပ္ရဲ့ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer က ျမန္မာျပည္သူေတြကို ႏွစ္သစ္ ႏွုတ္ခြန္းဆက္သလိုက္တဲ့အေၾကာင္း VOAသတင္းဌာနကေဖာ္ျပပါတယ္။

ႏွစ္သစ္ကူးအႀကိဳ ေသာၾကာေန႔က ထုတ္ျပန္လိုက္တဲ့ ဗြီဒီယိုမွာ ေျပာဆိုသြားခဲ့တာလို႔လည္းသိရပါတယ္။

အခု၂၀၂၂ခုႏွစ္ကို ျပန္လည္ထူေထာင္ေရး ႏွစ္အျဖစ္ သေဘာထားၾကဖို႔လည္း အထူးကိုယ္စားလွယ္ Heyzer က ဆုမြန္ေကာင္း ေတာင္းေပးခဲ့ပါတယ္။

သူမက ျမန္မာျပည္သူေတြကို ႏွစ္သစ္ ႏွုတ္ခြန္းဆက္သတာမွာ ျမန္မာျပည္သူေတြနဲ႔ အတူ တသားတည္းရွိေနေၾကာင္းလည္း ေဖာ္ျပပါတယ္။

အားလုံးအတြက္ ပိုေကာင္းတဲ့အနာဂတ္ရေအာင္ ပုံေဖၚတဲ့အခါမွာ ျမန္မာျပည္သူေတြခ်ည္း သက္သက္ ေဆာင္ရြက္ရတာ မ်ိဳးမဟုတ္ပဲ အထူးကိုယ္စားလွယ္ပါ ပါဝင္ၿပီး ျပည္သူေတြရဲ့ အသံေတြကို ဂ႐ုတစိုက္နားေထာင္မွာ ျဖစ္သလို ျပည္သူေတြဆီက ေလ့လာသင္ယူၿပီး ျပည္သူ႔ဆႏၵကို နားလည္ေအာင္ ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္းလည္း ကတိေပးခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here