မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် ရာအိမ်မှူးဟောင်းပစ်ခတ်ခံရ၍ သေဆုံး

0
112

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် ရာအိမ်မှူးဟောင်းပစ်ခတ်ခံရ၍ သေဆုံး

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊စံပြစက်မှုမြို့သစ်၊(ဆ)ရပ်ကွက်မှ ရာအိမ်မှူးဟောင်း ဦးအောင်ဇော်လွင်(၄၆)နှစ်ခန့်သည် ယနေ့နံနက် ၇ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် မန္တ လေးမြို့ပြည်သူ့ဆေးရုံကြီး၌ဆေးကုသနေစဥ်သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ရာအိမ်မှူးဟောင်းသည် ၆၅ လမ်းနှင့် ၁၃၀ လမ်းအနီးရှိ ကွမ်းယာဆိုင်၌ ကွမ်းဝယ်နေစဥ် အမည်မသိလက်နက်ကိုင်နှစ်ဦးက ဆိုင်ကယ်ဖြင့်မောင်းလာကာ အနီးကပ်တေ့၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“သေနတ်သံကြားပြီး ရာအိမ်မှူးလည်းလဲကျသွားတာတွေ့တယ် သိတာနဲ့ချက်ခြင်း လူနာတင်ကားခေါ်ပြီးဆေးရုံပို့တယ် ခေါင်းကိုကျည်ထိသွားတာကြောင့် ကုနေတုန်းသေသွားတယ် သူ့ကိုသေနတ်နဲ့ပစ်သွားတဲ့သူတွေကတော့ ဆိုင်ကယ်နဲ့မောင်းပြေးသွားတယ်”ဟုဖြစ်စဥ်မှရာအိမ်မှူးဟောင်းအား ကူညီပို့ဆောင်ပေးခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

ရာအိမ်မှူးဟောင်း အားလူနာတင်ယာဥ်ဖြင့် မန္တ လေးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍ ဆေး ကုသစဥ်သေဆုံးခဲ့သဖြင့် ဆေးရုံကြီးရေခဲတိုက်သို့ လူမှုကူညီရေးအသင်းက ဆက်လက်ပို့ဆောင်ပေးခဲ့ကြသည်။

“ရေခဲတိုက်ကိုပို့ပေးထားတယ် အခုတော့သူ့မိသားစုက အလောင်းကိုအိမ်ပြန်သယ်သွားပြီ”ဟုအဆိုပါဒေသခံကဆက်ပြောသည်။

Zaw Gyi

မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ရာအိမ္မွူးေဟာင္းပစ္ခတ္ခံရ၍ ေသဆုံး

မႏၲေလးၿမိဳ႕၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊စံျပစက္မွုၿမိဳ႕သစ္၊(ဆ)ရပ္ကြက္မွ ရာအိမ္မွူးေဟာင္း ဦးေအာင္ေဇာ္လြင္(၄၆)ႏွစ္ခန္႔သည္ ယေန႔နံနက္ ၇ နာရီေက်ာ္ခန္႔က ေသနတ္ျဖင့္ပစ္ခတ္ခံရသျဖင့္ မႏၲ ေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီး၌ေဆးကုသေနစဥ္ေသဆုံးခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ရာအိမ္မွူးေဟာင္းသည္ ၆၅ လမ္းႏွင့္ ၁၃၀ လမ္းအနီးရွိ ကြမ္းယာဆိုင္၌ ကြမ္းဝယ္ေနစဥ္ အမည္မသိလက္နက္ကိုင္ႏွစ္ဦးက ဆိုင္ကယ္ျဖင့္ေမာင္းလာကာ အနီးကပ္ေတ့၍ ေသနတ္ျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

“ေသနတ္သံၾကားၿပီး ရာအိမ္မွူးလည္းလဲက်သြားတာေတြ႕တယ္ သိတာနဲ႔ခ်က္ျခင္း လူနာတင္ကားေခၚၿပီးေဆး႐ုံပို႔တယ္ ေခါင္းကိုက်ည္ထိသြားတာေၾကာင့္ ကုေနတုန္းေသသြားတယ္ သူ႔ကိုေသနတ္နဲ႔ပစ္သြားတဲ့သူေတြကေတာ့ ဆိုင္ကယ္နဲ႔ေမာင္းေျပးသြားတယ္”ဟုျဖစ္စဥ္မွရာအိမ္မွူးေဟာင္းအား ကူညီပို႔ေဆာင္ေပးခဲ့သည့္ ေဒသခံတစ္ဦးကေျပာသည္။

ရာအိမ္မွူးေဟာင္း အားလူနာတင္ယာဥ္ျဖင့္ မႏၲ ေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္၍ ေဆး ကုသစဥ္ေသဆုံးခဲ့သျဖင့္ ေဆး႐ုံႀကီးေရခဲတိုက္သို႔ လူမွုကူညီေရးအသင္းက ဆက္လက္ပို႔ေဆာင္ေပးခဲ့ၾကသည္။

“ေရခဲတိုက္ကိုပို႔ေပးထားတယ္ အခုေတာ့သူ႔မိသားစုက အေလာင္းကိုအိမ္ျပန္သယ္သြားၿပီ”ဟုအဆိုပါေဒသခံကဆက္ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here