ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန်တစ်စီးတိမ်းမှောက်နစ်မြုပ်ရာ ၁၀ ဦး အသက်ရှင် ၍ တစ်ဦးပျောက်ဆုံးနေ

0
171

ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန်တစ်စီးတိမ်းမှောက်နစ်မြုပ်ရာ ၁၀ ဦး အသက်ရှင် ၍ တစ်ဦးပျောက်ဆုံးနေ

ရန်ကုန်နှင့်ဒလသို့ ဆက်သွယ်မောင်းနှင်နေသော ရွှေပျံလွှားစက်တပ်သမ္ဗန်တစ်စီး ယနေ့ နံနက်က တိမ်းမှောက်နစ်မြုပ်ရာ ၁၀ ဦး အသက်ရှင် ၍ တစ်ဦးပျောက်ဆုံးနေကြောင်း ဒလမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က သိရသည်။

ရန်ကုန်ဘက်ကမ်းမော်တင်ဆိပ်ကမ်းမှ ဒလဘက်ကမ်း မှော်စက်သမ္ဗန်ကူးတို့ဆိပ်သို့ ခရီးသည်များ တင်ဆောင်မောင်းနှင်လာစဉ် ရှေ့တည့်တည့်မှ မောင်းနှင်းလာသော စက်တပ်သမ္ဗန်တစ်စီးကို တိမ်းရှောင်မောင်းနှင်စဉ် ရေစီးကြမ်းနေသောကြောင့် အရှိန်မထိန်းနိုင်ဘဲ ကားကူးဇက် ရေယာဉ်အောက်ကို ဝင်ရောက်ခဲ့ကာ တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီလို ဖြစ်စဉ်တွေက အမြဲလို ဖြစ်နေတယ်။အဓိက က တော့ ခရီးသွားလာမှု မလွယ်ကူလို့ပါပဲ။ဒလဆိုတာက ရန်ကုန်မြို့နဲ့ အနီးဆုံး ဖြစ်ပေမဲ့ ရန်ကုန်မြစ်က ခြားထားတော့ သမ္ဗန်တွေကိုပဲ အသုံးပြုရတယ်လေ။ကျွန်တော်တို့ကတော့ တံတားကြီးကို အမြန် ပြီးစီးစေချင်နေပါပြီ။အခုဖြစ်စဉ်က မိုးလေကင်းလွတ်တဲ့အချိန်မှာ ဖြစ်တဲ့ မတော်တဆမှုပေါ့။မိုးတွင်းတွေဆိုရင်လည်း ဟိုဘက် ကမ်း ဒီဘက်ကမ်းကို ဖြတ်သွားကူးသွားရတာ အန္တရာယ်များတယ်။သမ္ဗန်မှောက်တာတွေက မိုးတွင်းဆိုလည်း ဖြစ်တယ်”ဟု ဒလအုပ်ချုပ်ရေးတာဝန်ရှိသူက ပြောသည်။

စက်တပ်သမ္ဗန်ပေါ်ပါ လူ ၁၁ ဦးအနက် ၁၀ ဦးကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နိုင်ခဲ့သော်လည်း လက်ရှိတွင် ရေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသော အမျိုးသားတစ်ဦးကို ရှာဖွေနေကြဆဲ ဖြစ်ကြောင်းနှင့် ရွှေပျံလွှားစက်တပ်သမ္ဗန်ရေယာဉ်မောင်းသူအား ဗိုလ်တစ်ထောင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

Zaw Gyi

ရန္ကုန္ျမစ္အတြင္း စက္တပ္သမၺန္တစ္စီးတိမ္းေမွာက္နစ္ျမဳပ္ရာ ၁၀ ဦး အသက္ရွင္ ၍ တစ္ဦးေပ်ာက္ဆုံးေန

ရန္ကုန္ႏွင့္ဒလသို႔ ဆက္သြယ္ေမာင္းႏွင္ေနေသာ ေရႊပ်ံလႊားစက္တပ္သမၺန္တစ္စီး ယေန႔ နံနက္က တိမ္းေမွာက္နစ္ျမဳပ္ရာ ၁၀ ဦး အသက္ရွင္ ၍ တစ္ဦးေပ်ာက္ဆုံးေနေၾကာင္း ဒလၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕က သိရသည္။

ရန္ကုန္ဘက္ကမ္းေမာ္တင္ဆိပ္ကမ္းမွ ဒလဘက္ကမ္း ေမွာ္စက္သမၺန္ကူးတို႔ဆိပ္သို႔ ခရီးသည္မ်ား တင္ေဆာင္ေမာင္းႏွင္လာစဥ္ ေရွ႕တည့္တည့္မွ ေမာင္းႏွင္းလာေသာ စက္တပ္သမၺန္တစ္စီးကို တိမ္းေရွာင္ေမာင္းႏွင္စဥ္ ေရစီးၾကမ္းေနေသာေၾကာင့္ အရွိန္မထိန္းနိုင္ဘဲ ကားကူးဇက္ ေရယာဥ္ေအာက္ကို ဝင္ေရာက္ခဲ့ကာ တိမ္းေမွာက္ နစ္ျမဳပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဒီလို ျဖစ္စဥ္ေတြက အျမဲလို ျဖစ္ေနတယ္။အဓိက က ေတာ့ ခရီးသြားလာမွု မလြယ္ကူလို႔ပါပဲ။ဒလဆိုတာက ရန္ကုန္ၿမိဳ႕နဲ႔ အနီးဆုံး ျဖစ္ေပမဲ့ ရန္ကုန္ျမစ္က ျခားထားေတာ့ သမၺန္ေတြကိုပဲ အသုံးျပဳရတယ္ေလ။ကၽြန္ေတာ္တို႔ကေတာ့ တံတားႀကီးကို အျမန္ ၿပီးစီးေစခ်င္ေနပါၿပီ။အခုျဖစ္စဥ္က မိုးေလကင္းလြတ္တဲ့အခ်ိန္မွာ ျဖစ္တဲ့ မေတာ္တဆမွုေပါ့။မိုးတြင္းေတြဆိုရင္လည္း ဟိုဘက္ ကမ္း ဒီဘက္ကမ္းကို ျဖတ္သြားကူးသြားရတာ အႏၲရာယ္မ်ားတယ္။သမၺန္ေမွာက္တာေတြက မိုးတြင္းဆိုလည္း ျဖစ္တယ္”ဟု ဒလအုပ္ခ်ဳပ္ေရးတာဝန္ရွိသူက ေျပာသည္။

စက္တပ္သမၺန္ေပၚပါ လူ ၁၁ ဦးအနက္ ၁၀ ဦးကို ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္နိုင္ခဲ့ေသာ္လည္း လက္ရွိတြင္ ေရနစ္ျမဳပ္မွုေၾကာင့္ ေပ်ာက္ဆုံးေနေသာ အမ်ိဳးသားတစ္ဦးကို ရွာေဖြေနၾကဆဲ ျဖစ္ေၾကာင္းႏွင့္ ေရႊပ်ံလႊားစက္တပ္သမၺန္ေရယာဥ္ေမာင္းသူအား ဗိုလ္တစ္ေထာင္ရဲစခန္းတြင္ အမွုဖြင့္ထားေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here