ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ နှစ်ဦးအလှူအဖြစ်ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေအတွက် ဆန် ဆီအဝတ်ထည်များ လှူဒါန်း

0
173

ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ နှစ်ဦးအလှူအဖြစ်ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေအတွက် ဆန် ဆီအဝတ်ထည်များ လှူဒါန်း

ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့နှစ်ဦးအလှူအဖြစ် ဇန်နဝါရီလ ၂ ရက်နေ့က ဆင်းရဲနွမ်းပါးတဲ့သက်ကြီးရွယ်အိုများ မျက်မမြင်အဖိုးအဖွားများ ဆင်းရဲချိုတဲ့တဲ့မိသားစုများအတွက် ဆန်ဆီ အဝတ်ထည်များကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

” ၂၀၂၂ နှစ်ဦး အလှူအဖြစ် နွမ်းပါးသက်ကြီးရွယ်အို များ၊မျက်မမြင် အဖိုးအဖွားများ၊အိမ်ဖျက်ခဲ့ရသည့် ကျူးမိသားစုများ၊ ကြပ်တည်း နွမ်းပါးရုန်းကန်နေရသော မိသားစုများ ကို ဆန်၊ဆီ၊ အနွေးထည်များ ထောက်ပံ့ပေးခဲ့ပါတယ် ” လို ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အခုလက်ရှိမှာ ဝေဠုကျော်ဖောင်ဒေးရှင်းအနေနဲ့ ဆင်းရဲနွမ်းပါးချိုတဲ့သူတွေအတွက် တတ်နိုင်သလောက်ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here