ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘု ရားပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြု

0
105

ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘု ရားပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြု

ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီပိတ်ထားသည့် ရှမ်းပြည်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့ရှိ သမိုင်းဝင်ရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘုရားအား ဇန်နဝါရီ ၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်၍ ဘုရားဖူးများအားဖူးမြှော်ခွင့်ပြုခဲ့သည်။

အဆိုပါ ရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘုရားအ ပြင် ယာယီပိတ်ထားခဲ့သည့် ကျေးဇူးရှင်ကုံလုံကျောင်းဆရာတော်၏ ရုပ်ကလာပ်တော်ထားရှိရာ စဥ့်စံကျောင်းတော်ကိုလည်း ယင်းနေ့၌ပင်ပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြုခဲ့သည်။

“မနက်အစောပိုင်းမှာ ရွှေဥမင်လှိုဏ်ဂူတော်ဘုရားမှာရှိတဲ့ စေတီပုထိုးတော်တွေနဲ့ဗုဒ္ဓရုပ်ပွားတော်တွေကို ဆရာတော်ကြီးတွေက အနေကဇာတင်ခဲ့ကြတယ် ပိတ်ထားတာကြာပြီဆိုတော့ မနေ့ကပြန်ဖွင့်မယ်ကြားတာနဲ့အစောကြီးထပြီးသွားဖူးလိုက်တယ်”ဟုပင်းတယမြို့ဒေသခံတစ်ဦးကပြော သည်။

အဆိုပါ ရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘုရားနှင့်ကုံလုံကျောင်းဆရာတော်ကြီး၏ စံကျောင်းတော်တို့အား ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီပိတ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁၇ ရက်၌ အ များပြည်သူများဖူးမြှော်နိုင်စေရန် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ထိုသို့ ဖွင့်လှစ်ပေးခဲ့ရာမှ ကိုဗစ်(၁၉)ရောဂါ တတိ ယလှိုင်းပြန်လည်ဖြစ်ပွားလာခဲ့သဖြင့် ဇူလိုင် ၇ ရက်နေ့မှစ၍ ဖူးမြှော်ခွင့်ယာယီပြန်ပိတ်ခဲ့သည်။

ယင်းသို့ ပိတ်ထားရာမှလက်ရှိအချိန်တွင် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုနှုန်းပြန်လည်ကျဆင်းလာသဖြင့် အများပြည်သူများအား ပြန်လည်ဖူးမြှော်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်(၁၉)ရောဂါစည်း ကမ်းချက်များနှင့်အညီ ဇန်နဝါရီ ၁ ရက်မှစကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

Zaw Gyi

ပင္းတယၿမိဳ႕ရွိ ေရႊဥမင္သဘာဝလွိုဏ္ဂူေတာ္ဘု ရားျပန္လည္ဖြင့္လွစ္ဖူးေျမႇာ္ခြင့္ျပဳ

ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ယာယီပိတ္ထားသည့္ ရွမ္းျပည္(ေတာင္ပိုင္း)၊ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ပင္းတယၿမိဳ႕ရွိ သမိုင္းဝင္ေရႊဥမင္သဘာဝလွိုဏ္ဂူေတာ္ဘုရားအား ဇန္နဝါရီ ၁ ရက္မွစ၍ ျပန္လည္ဖြင့္လွစ္၍ ဘုရားဖူးမ်ားအားဖူးေျမႇာ္ခြင့္ျပဳခဲ့သည္။

အဆိုပါ ေရႊဥမင္သဘာဝလွိုဏ္ဂူေတာ္ဘုရားအ ျပင္ ယာယီပိတ္ထားခဲ့သည့္ ေက်းဇူးရွင္ကုံလုံေက်ာင္းဆရာေတာ္၏ ႐ုပ္ကလာပ္ေတာ္ထားရွိရာ စဥ့္စံေက်ာင္းေတာ္ကိုလည္း ယင္းေန႔၌ပင္ျပန္လည္ဖြင့္လွစ္ဖူးေျမႇာ္ခြင့္ျပဳခဲ့သည္။

“မနက္အေစာပိုင္းမွာ ေရႊဥမင္လွိုဏ္ဂူေတာ္ဘုရားမွာရွိတဲ့ ေစတီပုထိုးေတာ္ေတြနဲ႔ဗုဒၶ႐ုပ္ပြားေတာ္ေတြကို ဆရာေတာ္ႀကီးေတြက အေနကဇာတင္ခဲ့ၾကတယ္ ပိတ္ထားတာၾကာၿပီဆိုေတာ့ မေန႔ကျပန္ဖြင့္မယ္ၾကားတာနဲ႔အေစာႀကီးထၿပီးသြားဖူးလိုက္တယ္”ဟုပင္းတယၿမိဳ႕ေဒသခံတစ္ဦးကေျပာ သည္။

အဆိုပါ ေရႊဥမင္သဘာဝလွိုဏ္ဂူေတာ္ဘုရားႏွင့္ကုံလုံေက်ာင္းဆရာေတာ္ႀကီး၏ စံေက်ာင္းေတာ္တို႔အား ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ယာယီပိတ္ထားခဲ့ၿပီး ၂၀၂၁ ခုႏွစ္၊ေဖေဖာ္ဝါရီ ၁၇ ရက္၌ အ မ်ားျပည္သူမ်ားဖူးေျမႇာ္နိုင္ေစရန္ ျပန္လည္ဖြင့္လွစ္ေပးခဲ့သည္။

ထိုသို႔ ဖြင့္လွစ္ေပးခဲ့ရာမွ ကိုဗစ္(၁၉)ေရာဂါ တတိ ယလွိုင္းျပန္လည္ျဖစ္ပြားလာခဲ့သျဖင့္ ဇူလိုင္ ၇ ရက္ေန႔မွစ၍ ဖူးေျမႇာ္ခြင့္ယာယီျပန္ပိတ္ခဲ့သည္။

ယင္းသို႔ ပိတ္ထားရာမွလက္ရွိအခ်ိန္တြင္ ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားမွုႏွုန္းျပန္လည္က်ဆင္းလာသျဖင့္ အမ်ားျပည္သူမ်ားအား ျပန္လည္ဖူးေျမႇာ္နိုင္ေစရန္ ရည္ရြယ္၍ ကိုဗစ္(၁၉)ေရာဂါစည္း ကမ္းခ်က္မ်ားႏွင့္အညီ ဇန္နဝါရီ ၁ ရက္မွစကာ ျပန္လည္ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here