ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုပေးခဲ့တဲ့ သဘာဝဘေးစီမံအမှု ဇန်နဝါရီ၁၀ရက်တွင် အပြီးသတ်အမိန့်ချရန်ရှိ

0
126

(Unicode)

ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုပေးခဲ့တဲ့ သဘာဝဘေးစီမံအမှု ဇန်နဝါရီ၁၀ရက်တွင် အပြီးသတ်အမိန့်ချရန်ရှိ

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေနဲ့ စွဲဆိုထားတဲ့ အမှု ၁ မှုကို ဒီကနေ့ ဇန်နဝါရီ၃ရက်မှာ နေပြည်တော်က အထူးတရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကတဆင့် သိရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ရှေ့​နေတွေက စွပ်စွဲခံရသူမှာ အပြစ်မရှိကြောင်း လျှောက်လဲချက်ပေးခဲ့ကြတယ်လို့ သိရပါတယ်”လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ နေပြည်တော် ရွှေကြာပင်ရပ်ကွက်အတွင်း ဒေါ်အောင်ဆန်းစုကြည်သွားလာခဲ့တာနဲ့ ပတ်သတ်ပြီး လယ်ဝေးမြို့က ဦးညီညီဆိုသူက တရားလိုလုပ် အမှုဖွင့်တရားစွဲဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ကပဲ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်က ဒေါ်အောင်ဆန်းစုကြည် အမှု အတွက် သက်သေထွက်ဆိုခဲ့တာရှိပါတယ်။

တရားသူကြီးက အပြီးသတ်အမိန့်ချမယ့်ရက်ကို ၁၀-၁-၂၀၂၂ (တနင်္လာနေ့) သတ်မှတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကပြောပါတယ်။

Photo Credit – Kafkadesk

(Zawgyi)

ေဒါက္တာေဇာ္ျမင့္ေမာင္သက္ေသထြက္ဆိုေပးခဲ့တဲ့ သဘာဝေဘးစီမံအမႈ ဇန္နဝါရီ၁၀ရက္တြင္ အၿပီးသတ္အမိန႔္ခ်ရန္ရွိ

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈေတြထဲက သဘာဝေဘးစီမံခန႔္ခြဲမႈဆိုင္ရာ ဥပေဒနဲ႔ စြဲဆိုထားတဲ့ အမႈ ၁ မႈကို ဒီကေန႔ ဇန္နဝါရီ၃ရက္မွာ ေနျပည္ေတာ္က အထူးတရား႐ုံးမွာ စစ္ေဆးခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းကတဆင့္ သိရပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္ကို ႐ုံးထုတ္စစ္ေဆးခဲ့တာျဖစ္ပါတယ္။ ေရွ႕​ေနေတြက စြပ္စြဲခံရသူမွာ အျပစ္မရွိေၾကာင္း ေလွ်ာက္လဲခ်က္ေပးခဲ့ၾကတယ္လို႔ သိရပါတယ္”လို႔ ေရွ႕ေနအသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ဦးကေျပာျပပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္ခင္ကာလမွာ ေနျပည္ေတာ္ ေ႐ႊၾကာပင္ရပ္ကြက္အတြင္း ေဒၚေအာင္ဆန္းစုၾကည္သြားလာခဲ့တာနဲ႔ ပတ္သတ္ၿပီး လယ္ေဝးၿမိဳ႕က ဦးညီညီဆိုသူက တရားလိုလုပ္ အမႈဖြင့္တရားစြဲဆိုခဲ့တာပါ။

ၿပီးခဲ့တဲ့ ရက္ကပဲ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ေမာင္က ေဒၚေအာင္ဆန္းစုၾကည္ အမႈ အတြက္ သက္ေသထြက္ဆိုခဲ့တာရွိပါတယ္။

တရားသူႀကီးက အၿပီးသတ္အမိန႔္ခ်မယ့္ရက္ကို ၁၀-၁-၂၀၂၂ (တနလၤာေန႔) သတ္မွတ္ခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းကေျပာပါတယ္။

Photo Credit – Kafkadesk


LEAVE A REPLY

Please enter your comment!
Please enter your name here