မန္တလေးကျောက်ဝိုင်းထဲ ဗုံးပေါက်ကွဲပြီး တစ်ဦးသေဆုံး

0
147

(Unicode)

မန္တလေးကျောက်ဝိုင်းထဲ ဗုံးပေါက်ကွဲပြီး တစ်ဦးသေဆုံး

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်ထဲမှာရှိတဲ့ မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေစခန်း(ကျောက်ဝိုင်း)ထဲ ဒီကနေ့ ဇန်နဝါရီ ၄ရက် မနက် ၇နာရီခန့်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကျောက်ဝိုင်းထဲ အရောင်းအဝယ်ပြုလုပ်နေကြသူတွေက ပြောပြပါတယ်။

“ဒီနေ့မနက်က ကျောက်ဝိုင်းထဲမှာ ဗုံးပေါက်တယ်။နားကို အူသွားတာပဲ။အသံတော်တော်ကျယ်တယ်”လို့ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။

ကျောက်ဝိုင်းအတွင်းရှိ ကျောက်ဖြတ်ခုံတစ်ခုအ နီး၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကာ သန့်ရှင်းရေးလုပ်နေသည့် အမျိုးသားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာအနီးရှိ ကျောက်ဖြတ်ခုံအောက်၌ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက “ဝိုင်းထဲ လူမစည်သေးတဲ့အချိန်မှာ ဖြစ်ခဲ့လို့ တော်သေးတယ်”လို့ ပြောပါတယ်။

“ပေါက်ကွဲသံကအတော်ကျယ်တယ် နောက်ပြီး အားလည်းပြင်းပုံရတယ် ပေါက်တဲ့နေရာလို့ ပြောတဲ့နေရာနဲ့သေနေတဲ့နေရာက အနည်းအကျဥ်းဝေးတယ်”ဟုဒေသခံတစ်ဦးကပြောပါတယ်။

လုံခြုံရေးအဖွဲ့ဝင်များက ကျောက်ဝိုင်းအားပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး သေဆုံးသူအား လူ နာတင်ယာဥ်ဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါတယ်။

“အစစ်အဆေးကတော့တော်တော်ကြမ်းတယ်ပြောရမယ် နေရာအနှံ့ကိုလိုက်စစ်တာ လမ်းတွေကိုလည်းပိတ်ပြီးစစ်တယ် ၂၉ ရက်နေ့ကလည်း ဗုံးပေါက်ခဲ့သေးတယ်”ဟုဒေသခံတစ်ဦးကပြော ပါတယ် ။

(Zawgyi)

မႏၲေလးေက်ာက္ဝိုင္းထဲ ဗုံးေပါက္ကြဲၿပီး တစ္ဦးေသဆုံး

မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္ထဲမွာရွိတဲ့ မဟာေအာင္ေျမေက်ာက္မ်က္ရတနာေရာင္းဝယ္ေရစခန္း(ေက်ာက္ဝိုင္း)ထဲ ဒီကေန႔ ဇန္နဝါရီ ၄ရက္ မနက္ ၇နာရီခန႔္က လက္လုပ္ဗုံးတစ္လုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့တယ္လို႔ ေက်ာက္ဝိုင္းထဲ အေရာင္းအဝယ္ျပဳလုပ္ေနၾကသူေတြက ေျပာျပပါတယ္။

“ဒီေန႔မနက္က ေက်ာက္ဝိုင္းထဲမွာ ဗုံးေပါက္တယ္။နားကို အူသြားတာပဲ။အသံေတာ္ေတာ္က်ယ္တယ္”လို႔ ေက်ာက္အေရာင္းအဝယ္ျပဳလုပ္သူတစ္ဦးကေျပာပါတယ္။

ေက်ာက္ဝိုင္းအတြင္းရွိ ေက်ာက္ျဖတ္ခုံတစ္ခုအ နီး၌ ဗုံးေပါက္ကြဲခဲ့ျခင္းျဖစ္ကာ သန္႔ရွင္းေရးလုပ္ေနသည့္ အမ်ိဳးသားတစ္ဦး ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာအနီးရွိ ေက်ာက္ျဖတ္ခုံေအာက္၌ ေသဆုံးခဲ့တယ္လို႔သိရပါတယ္။

ေက်ာက္အေရာင္းအဝယ္ျပဳလုပ္သူတစ္ဦးက “ဝိုင္းထဲ လူမစည္ေသးတဲ့အခ်ိန္မွာ ျဖစ္ခဲ့လို႔ ေတာ္ေသးတယ္”လို႔ ေျပာပါတယ္။

“ေပါက္ကြဲသံကအေတာ္က်ယ္တယ္ ေနာက္ၿပီး အားလည္းျပင္းပုံရတယ္ ေပါက္တဲ့ေနရာလို႔ ေျပာတဲ့ေနရာနဲ႔ေသေနတဲ့ေနရာက အနည္းအက်ဥ္းေဝးတယ္”ဟုေဒသခံတစ္ဦးကေျပာပါတယ္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ေက်ာက္ဝိုင္းအားပိတ္၍ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကၿပီး ေသဆုံးသူအား လူ နာတင္ယာဥ္ျဖင့္ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ပါတယ္။

“အစစ္အေဆးကေတာ့ေတာ္ေတာ္ၾကမ္းတယ္ေျပာရမယ္ ေနရာအႏွံ႔ကိုလိုက္စစ္တာ လမ္းေတြကိုလည္းပိတ္ၿပီးစစ္တယ္ ၂၉ ရက္ေန႔ကလည္း ဗုံးေပါက္ခဲ့ေသးတယ္”ဟုေဒသခံတစ္ဦးကေျပာ ပါတယ္ ။


LEAVE A REPLY

Please enter your comment!
Please enter your name here