အိုမီခရွန်ရဲ့ဆက်စပ်ရောဂါလက္ခဏာတွေကဘာတွေလည်း ?

0
203

(Unicode)

အိုမီခရွန်ရဲ့ဆက်စပ်ရောဂါလက္ခဏာတွေကဘာတွေလည်း ?

သြစတျေးလျနိုင်ငံရဲ့ဒေသတွေမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကစတင်ပြီး ကိုဗစ်ရောဂါကူးစက်မှုနှုန်းတွေပြန်လည်မြင့်တက်လာကာ ဒါဟာကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲဖြစ်တဲ့ အိုမီခရွန်ကြောင့်ဖြစ်တယ်လိုဆိုပါတယ်။

တောင်အာဖရိကနိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကိုစတင်တွေ့ရှိပြီး ၂ရက်အကြာမှာ WHO က ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲတစ်ခုဖြစ်ကြောင်း သတ်မှတ်ခဲ့ပါတယ်။

အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ အိုမီခရွန်ကူးစက်ခံရသူတွေရဲ့ ရောဂါလက္ခဏာတွေအရ အဖျားကမပြင်းထန်တဲ့အတွက် သာမန်အဖျားတွေနဲ့ရောထွေးနိုင်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကူးစက်ရောဂါအထူးကုနဲ့ ကာကွယ်ဆေးဆိုင်ရာဆရာဝန်တစ်ဦးဖြစ်တဲ့ Dr. Katherine Poehling က အိုမီခရွန်ရဲ့ထင်ရှားတဲ့လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အသက်ရှူကျပ်ခြင်းတို့ဖြစ်တယ်လို့ဆိုကာ ကိုဗစ်ရောဂါနဲ့မတူတဲ့အချက်တစ်ခုကတော့ အနံ့အရသာပျောက်ဆုံးခြင်းတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ဆိုပါတယ်။

ဒါတွေဟာအစောပိုင်းကူးစက်ခံရသူတွေထံမှတစ်ဆင့် လေ့လာထားတာဖြစ်ပြီး သိပ္ပံပညာရှင်တွေရဲ့သိပ္ပံနည်းကျလေ့လာမှုတော့မဟုတ်သေးဘူးလို့သိရပါတယ်။

NBC သတင်းဌာနရဲ့အကြီးတန်းဆေးဝါးဆိုင်ရာသတင်းထောက် Dr.John Torres ကတော့ အိုမီခရွန်ရဲ့ ကိုဗစ်ရောဂါနဲ့တူညီတဲ့ရောဂါလက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ကျခြင်း၊ ဖျားခြင်း၊ ကိုက်ခဲခြင်းနဲ့ အနံ့အရသာပျောက်ဆုံးခြင်းတို့ဖြစ်ပြီး မတူညီတဲ့ရောဂါလက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ နှာစေးနှာပိတ်ခြင်း၊ ချွေးစေးထွက်ခြင်းနဲ့ အနံ့အရသာအနည်းငယ်ပျောက်ဆုံးခြင်းတို့ဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်။

Source – 7News
Photo – DW

(Zawgyi)

အိုမီခ႐ြန္ရဲ႕ဆက္စပ္ေရာဂါလကၡဏာေတြကဘာေတြလည္း ?

ၾသစေတ်းလ်ႏိုင္ငံရဲ႕ေဒသေတြမွာ ၿပီးခဲ့တဲ့ရက္သတၱပတ္ကစတင္ၿပီး ကိုဗစ္ေရာဂါကူးစက္မႈႏႈန္းေတြျပန္လည္ျမင့္တက္လာကာ ဒါဟာကို႐ိုနာဗိုင္းရပ္စ္ရဲ႕မ်ိဳးကြဲျဖစ္တဲ့ အိုမီခ႐ြန္ေၾကာင့္ျဖစ္တယ္လိုဆိုပါတယ္။

ေတာင္အာဖရိကႏိုင္ငံမွာ အိုမီခ႐ြန္ဗိုင္းရပ္စ္သစ္ကိုစတင္ေတြ႕ရွိၿပီး ၂ရက္အၾကာမွာ WHO က ဒါဟာ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕မ်ိဳးကြဲတစ္ခုျဖစ္ေၾကာင္း သတ္မွတ္ခဲ့ပါတယ္။

အေစာပိုင္းမွာျဖစ္ပြားခဲ့တဲ့ အိုမီခ႐ြန္ကူးစက္ခံရသူေတြရဲ႕ ေရာဂါလကၡဏာေတြအရ အဖ်ားကမျပင္းထန္တဲ့အတြက္ သာမန္အဖ်ားေတြနဲ႔ေရာေထြးႏိုင္ပါတယ္။

အေမရိကန္ႏိုင္ငံရဲ႕ ကူးစက္ေရာဂါအထူးကုနဲ႔ ကာကြယ္ေဆးဆိုင္ရာဆရာဝန္တစ္ဦးျဖစ္တဲ့ Dr. Katherine Poehling က အိုမီခ႐ြန္ရဲ႕ထင္ရွားတဲ့လကၡဏာေတြကေတာ့ ေခ်ာင္းဆိုးျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္းနဲ႔ အသက္ရႉက်ပ္ျခင္းတို႔ျဖစ္တယ္လို႔ဆိုကာ ကိုဗစ္ေရာဂါနဲ႔မတူတဲ့အခ်က္တစ္ခုကေတာ့ အနံ႔အရသာေပ်ာက္ဆုံးျခင္းေတာ့ ျဖစ္ႏိုင္ေျခနည္းတယ္လို႔ဆိုပါတယ္။

ဒါေတြဟာအေစာပိုင္းကူးစက္ခံရသူေတြထံမွတစ္ဆင့္ ေလ့လာထားတာျဖစ္ၿပီး သိပၸံပညာရွင္ေတြရဲ႕သိပၸံနည္းက်ေလ့လာမႈေတာ့မဟုတ္ေသးဘူးလို႔သိရပါတယ္။

NBC သတင္းဌာနရဲ႕အႀကီးတန္းေဆးဝါးဆိုင္ရာသတင္းေထာက္ Dr.John Torres ကေတာ့ အိုမီခ႐ြန္ရဲ႕ ကိုဗစ္ေရာဂါနဲ႔တူညီတဲ့ေရာဂါလကၡဏာေတြကေတာ့ ေခါင္းကိုက္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ႏွာရည္က်ျခင္း၊ ဖ်ားျခင္း၊ ကိုက္ခဲျခင္းနဲ႔ အနံ႔အရသာေပ်ာက္ဆုံးျခင္းတို႔ျဖစ္ၿပီး မတူညီတဲ့ေရာဂါလကၡဏာေတြကေတာ့ ေခ်ာင္းဆိုးျခင္း၊ ပင္ပန္းႏြမ္းလ်ျခင္း၊ ႏွာေစးႏွာပိတ္ျခင္း၊ ေခြၽးေစးထြက္ျခင္းနဲ႔ အနံ႔အရသာအနည္းငယ္ေပ်ာက္ဆုံးျခင္းတို႔ျဖစ္ႏိုင္တယ္လို႔ေျပာဆိုထားပါတယ္။

Source – 7News
Photo – DW


LEAVE A REPLY

Please enter your comment!
Please enter your name here