အင်းစိန် ရွာမဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီး(၁၀)ပါးအား အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ဆက်ကပ်

0
208

(Unicode)

အင်းစိန် ရွာမဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီး(၁၀)ပါးအား အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ဆက်ကပ်

အဂ္ဂမဟာပဏ္ဍိတဘွဲတံဆိပ်တော် ဆက်ကပ်ခံရပြီး အနည်းဆုံး သိက္ခာဝါ (၆၀)ရှိကာ ဗဟုသုတအကြားအမြင်များ၍ သာသနာတော်အတွက် ကျေးဇူးများသော ဗုဒ္ဓစာပေကျမ်းဂန် ရေးသားခဲ့ကြသည့် ဆရာတော်ကြီးများကိုသာ ဆက်ကပ်ပူဇော်လေ့ရှိသည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ၂၀၂၂ခုနှစ် ၇၄ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် ဆရာတော်ကြီး(၁၀)ပါးအား နစကက ဆက်ကပ်ပူဇော်ခဲ့သည်ဟုသိရသည်။

ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဖြစ်ခြင်း၊တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း သြဇာတိက္ကမကြီးမားခြင်းနှင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားသည့် ကယားပြည်နယ် လွိုင်ကော်မြို့၊ မင်းကျောင်းစာသင်တိုက် ဆရာတော်ကြီး၊မိုးညိုမြို့မှ ဝေဇယန္တာစာသင်တိုက်ဆရာတော်ကြီး၊ ရေစကြိုမြို့မှ မဇ္ဈိမာရုံပါရမီစာသင်တိုက်ဆရာတော်ကြီး၊မြင်းခြံမြို့မှ ဇေးပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး၊ချမ်းအေးသာစံမှ တောင်စလင်းတိုက်သစ်ဆရာတော်ကြီး၊အင်းစိန်ရွာမဆရာတော်ကြီး၊မရမ်းကုန်းမြို့နယ်မှ ဒက္ခိဏာရုံကျောင်းတိုက်ဆရာတော်ကြီးနှင့် ဝါးခယ်မမြို့နယ်မှ စက်ရုံဓမ္မရိပ်သာကျောင်းတိုက်ဆရာတော်ကြီးတို့ အပါအဝင် ထိုင်းနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့မှ ပြည်ပဘွဲ့ခံဆရာတော်ကြီး ၂ပါးတို့ကိုပါ နစကက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ဆက်ကပ်ခဲ့ခြင်းဖြစ်သည်။

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ဆက်ကပ်မှုအပြင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ကရင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊နေပြည်တော်၊ပဲခူးတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်း၊ရှမ်းပြည်နယ်နှင့် သိရိလင်္ကာနိုင်ငံတို့မှ ဆရာတော်ကြီး(၁၉)ပါး၊စာချ ဘွဲ့တံဆိပ်တော်(၃)မျိုးဖြစ်သည့်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် တို့အား ဆရာတော်၊ပြည်ပဘွဲ့ခံဆရာတော်နှင့်သီလရှင်ဆရာကြီး ၁၀၁ပါးတို့အားလည်းကောင်း၊ဓမ္မကထိက ဘွဲ့တံဆိပ်တော်(၂)မျိုးဖြစ်သည့် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်နှင့်ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်တို့အား ဆရာတော်နှင့်ပြည်ပဘွဲ့ခံဆရာတော်၁၀ပါးတို့အားလည်းကောင်း၊သာသနာပြု ဘွဲ့တံဆိပ်တော်(၄)မျိုးဖြစ်သည့်အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့်သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်တို့အား ဆရာတော်၊ပြည်ပဘွဲ့ခံဆရာတော်၊သီလရှင်ဆရာကြီးနှင့် လူပုဂ္ဂိုလ် ၁၆၈ပါး/ဦးတို့အားလည်းကောင်း၊ ကမ္မဋ္ဌာန်းနည်းပြ ဘွဲ့တံဆိပ်တော်(၃)မျိုးဖြစ်သော အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်၊ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်
နှင့် ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်တို့အား ဆရာတော် ၂၆ပါးတို့အားလည်းကောင်း၊သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ဖြစ်သည့်အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ကို အမျိုးသား တစ်ဦး၊အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်ကို အမျိုးသမီး ၂ဦး၊ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်ကို အမျိုးသမီး၁ဦး၊ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ကို အမျိုးသား ၆ဦး၊ သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်အမျိုးသမီး ၂ဦး၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ကို အမျိုးသား ၃ဦး၊သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ကို အမျိုးသမီး ၄ဦး တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်ဟုသိရသည်။

(Zawgyi)

အင္းစိန္ ႐ြာမဆရာေတာ္ႀကီးအပါအဝင္ ဆရာေတာ္ႀကီး(၁၀)ပါးအား အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္ဆက္ကပ္

အဂၢမဟာပ႑ိတဘြဲတံဆိပ္ေတာ္ ဆက္ကပ္ခံရၿပီး အနည္းဆုံး သိကၡာဝါ (၆၀)ရွိကာ ဗဟုသုတအၾကားအျမင္မ်ား၍ သာသနာေတာ္အတြက္ ေက်းဇူးမ်ားေသာ ဗုဒၶစာေပက်မ္းဂန္ ေရးသားခဲ့ၾကသည့္ ဆရာေတာ္ႀကီးမ်ားကိုသာ ဆက္ကပ္ပူေဇာ္ေလ့ရွိသည့္ အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္ကို ၂၀၂၂ခုႏွစ္ ၇၄ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔တြင္ ဆရာေတာ္ႀကီး(၁၀)ပါးအား နစကက ဆက္ကပ္ပူေဇာ္ခဲ့သည္ဟုသိရသည္။

ပရိယတၱိစာသင္တိုက္ ဦးစီးပဓာနနာယကျဖစ္ျခင္း၊တပည့္သံဃာမ်ားျပား၍ သံဃာ့အဖြဲ႕အစည္းအတြင္း ၾသဇာတိကၠမႀကီးမားျခင္းႏွင့္ သီလဂုဏ္၊ သမာဓိဂုဏ္၊ ပညာဂုဏ္ ႀကီးမားသည့္ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕၊ မင္းေက်ာင္းစာသင္တိုက္ ဆရာေတာ္ႀကီး၊မိုးညိဳၿမိဳ႕မွ ေဝဇယႏၲာစာသင္တိုက္ဆရာေတာ္ႀကီး၊ ေရစႀကိဳၿမိဳ႕မွ မဇၩိမာ႐ုံပါရမီစာသင္တိုက္ဆရာေတာ္ႀကီး၊ျမင္းၿခံၿမိဳ႕မွ ေဇးပရိယတၱိစာသင္တိုက္ဆရာေတာ္ႀကီး၊ခ်မ္းေအးသာစံမွ ေတာင္စလင္းတိုက္သစ္ဆရာေတာ္ႀကီး၊အင္းစိန္႐ြာမဆရာေတာ္ႀကီး၊မရမ္းကုန္းၿမိဳ႕နယ္မွ ဒကၡိဏာ႐ုံေက်ာင္းတိုက္ဆရာေတာ္ႀကီးႏွင့္ ဝါးခယ္မၿမိဳ႕နယ္မွ စက္႐ုံဓမၼရိပ္သာေက်ာင္းတိုက္ဆရာေတာ္ႀကီးတို႔ အပါအဝင္ ထိုင္းႏိုင္ငံႏွင့္သီရိလကၤာႏိုင္ငံတို႔မွ ျပည္ပဘြဲ႕ခံဆရာေတာ္ႀကီး ၂ပါးတို႔ကိုပါ နစကက အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္ဆက္ကပ္ခဲ့ျခင္းျဖစ္သည္။

အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္ဆက္ကပ္မႈအျပင္ အဂၢမဟာပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ကို ကရင္ျပည္နယ္၊စစ္ကိုင္းတိုင္း၊ေနျပည္ေတာ္၊ပဲခူးတိုင္း၊မေကြးတိုင္း၊မႏၲေလးတိုင္း၊မြန္ျပည္နယ္၊ရခိုင္ျပည္နယ္၊ရန္ကုန္တိုင္း၊ရွမ္းျပည္နယ္ႏွင့္ သိရိလကၤာႏိုင္ငံတို႔မွ ဆရာေတာ္ႀကီး(၁၉)ပါး၊စာခ် ဘြဲ႕တံဆိပ္ေတာ္(၃)မ်ိဳးျဖစ္သည့္အဂၢမဟာဂႏၴဝါစကပ႑ိတ ဘြဲ႕တံဆိပ္ေတာ္၊မဟာဂႏၴဝါစကပ႑ိတ ဘြဲ႕တံဆိပ္ေတာ္၊ဂႏၴဝါစကပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ တို႔အား ဆရာေတာ္၊ျပည္ပဘြဲ႕ခံဆရာေတာ္ႏွင့္သီလရွင္ဆရာႀကီး ၁၀၁ပါးတို႔အားလည္းေကာင္း၊ဓမၼကထိက ဘြဲ႕တံဆိပ္ေတာ္(၂)မ်ိဳးျဖစ္သည့္ မဟာဓမၼကထိက ဗဟုဇနဟိတဓရ ဘြဲ႕တံဆိပ္ေတာ္ႏွင့္ဓမၼကထိက ဗဟုဇနဟိတဓရ ဘြဲ႕တံဆိပ္ေတာ္တို႔အား ဆရာေတာ္ႏွင့္ျပည္ပဘြဲ႕ခံဆရာေတာ္၁၀ပါးတို႔အားလည္းေကာင္း၊သာသနာျပဳ ဘြဲ႕တံဆိပ္ေတာ္(၄)မ်ိဳးျဖစ္သည့္အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ဘြဲ႕တံဆိပ္ေတာ္၊အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘြဲ႕တံဆိပ္ေတာ္၊မဟာသဒၶမၼေဇာတိကဓဇ ဘြဲ႕တံဆိပ္ေတာ္ႏွင့္သဒၶမၼေဇာတိကဓဇ ဘြဲ႕တံဆိပ္ေတာ္တို႔အား ဆရာေတာ္၊ျပည္ပဘြဲ႕ခံဆရာေတာ္၊သီလရွင္ဆရာႀကီးႏွင့္ လူပုဂၢိဳလ္ ၁၆၈ပါး/ဦးတို႔အားလည္းေကာင္း၊ ကမၼ႒ာန္းနည္းျပ ဘြဲ႕တံဆိပ္ေတာ္(၃)မ်ိဳးျဖစ္ေသာ အဂၢမဟာကမၼ႒ာနာစရိယ ဘြဲ႕တံဆိပ္ေတာ္၊ မဟာကမၼ႒ာနာစရိယ ဘြဲ႕တံဆိပ္ေတာ္
ႏွင့္ ကမၼ႒ာနာစရိယ ဘြဲ႕တံဆိပ္ေတာ္တို႔အား ဆရာေတာ္ ၂၆ပါးတို႔အားလည္းေကာင္း၊သာသနာႏုဂၢဟ ဘြဲ႕တံဆိပ္ျဖစ္သည့္အဂၢမဟာသီရိသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ေတာ္ကို အမ်ိဳးသား တစ္ဦး၊အဂၢမဟာသီရိသုဓမၼသိဂႌ ဘြဲ႕တံဆိပ္ေတာ္ကို အမ်ိဳးသမီး ၂ဦး၊ သီရိသုဓမၼသိဂႌ ဘြဲ႕တံဆိပ္ေတာ္ကို အမ်ိဳးသမီး၁ဦး၊ သီဟသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ေတာ္ကို အမ်ိဳးသား ၆ဦး၊ သီဟသုဓမၼသိဂႌ ဘြဲ႕တံဆိပ္အမ်ိဳးသမီး ၂ဦး၊ သုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ကို အမ်ိဳးသား ၃ဦး၊သုဓမၼသိဂႌ ဘြဲ႕တံဆိပ္ကို အမ်ိဳးသမီး ၄ဦး တို႔ကို ေပးအပ္ခ်ီးျမႇင့္ခဲ့သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here