မိဘနှစ်ပါးရဲ့ကျန်းမာရေး အတွက် အဓိဌာန်ထားတဲ့အတိုင် းသာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့တဲ့ စည်သူမောင်

0
93

မိဘနှစ်ပါးရဲ့ကျန်းမာရေးအတွက် အဓိဌာန်ထားတဲ့အတိုင်းသာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့တဲ့ စည်သူမောင်

စည် သူ မောင် အနေနဲ့ ကိုဗစ်တတိယလှိင်းမှာ မိဘနှစ်ပါးလုံး ကိုဗစ်ဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်နေရချိန်မှာ အဓိဌာန်တစ်ခု ပြုလုပ်ခဲ့တာဖြစ်ပြီး မိဘနှစ်ပါးလုံးပြန်လည်သက်သာကောင်းမွန်လာခဲ့ ချိန်မှာရဟန်းခံခဲ့ တာ ဖြစ်ပါတယ်။

ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး စည်သူမောင်က ” မိဘနှစ်ပါး ကျန်းမာရေးအတွက် အဓိဌာန်ထားတဲ့အတိုင်း သာသနာ့ဘောင်သို ဝင်ရောက်ခဲ့ပါတာကတော့ ကိုဗစ်တတိယလှိင်းမှာ အဖေရော အမေရော ကိုဗစ်ဖြစ်ပြီး အဖေကလည်း ဆေးကုသမှုခံယူရတယ် အမေကလည်း အိမ်မှာ အောက်ဆီဂျင် နဲ့အသက်ရှုရပြီး စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ခဲ့တယ်။ အဲ့လိုဖြစ်နေချိန်မှာ မိဘတွေက ကိုဗစ်သက်သာပြီးကျန်းမာရေးပြန်လည်ကောင်းမွန်လာရင် သား ၃ ယောက်ကိုရဟန်းဘောင် သွပ်သွင်းပေးမယ်လို အဓိဌာန်ပြုခဲ့တယ်။ အခုဆိုအဖေအမေရောပြန်သက်သာလာပီဆိုတော့မိဘကျေးဇူးဆပ်တဲ့အနေနဲ့
ပဲခူး၁၀ မိုင်ကုန်း လက်ပံဝင်းတာဆုံကျေးရွာက မဟာရွှေဗောဓိ ဝကျောင်းမှကျောင်းထိုင်ဆရာတော် ဦးသုန္ဒရ ဆီမှာ ရဟန်းခံခဲ့တာဖြစ်တယ်။ “လို့ စည်သူမောင်က ပြောပါတယ်။

အခုလက်ရှိမှာစည်သူမောင်အနေနဲ့ ရဟန်းခံပြီးနောက်ပိုင်းသာသနာပြုအလုပ်လေးတွေ လုပ်ဆောင်နေရင်း မိဘကျေးဇူးဆပ်နေတာပဲ
ဲ ဖြစ်ပါတယ်။

Zaw Gyi



 




LEAVE A REPLY

Please enter your comment!
Please enter your name here