မွန်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံ၏ ဇနီး၊သားနှင့်အလုပ်သမား ယနေ့ပြန်လည်လွတ်မြောက်လာ

0
153

မွန်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံ၏ ဇနီး၊သားနှင့်အလုပ်သမား ယနေ့ပြန်လည်လွတ်မြောက်လာ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊သုံးခွကျေးရွာရှိနေအိမ်တွင် နစက လုံခြုံရေးအဖွဲ့များက ဇန်နဝါရီ ၃ ရက်ည ၇ နာရီကျော်ခန့်၌ လာရောက်ဖမ်းဆီးသွားခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံ၏ ဇနီး၊သားနှင့်အလုပ်သမားတို့ ယနေ့ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

“သုံးယောက်လုံးဒီနေ့မနက်ပိုင်းကပြန်လွတ်လာတယ် သုံးခွကအိမ်အထိလိုက်ပို့ပေးတယ်လို့ကြားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံ၏ ဇနီးဖြစ်သူ ဒေါ်ခင်အေးမူမှာ လက်တွင်ဒဏ်ရာရထားကြောင်း နီးစပ်သူများထံမှ သိရသည်။

သားဖြစ်သူ ကိုနေဖြိုးဇံနှင့်အလုပ်သမားဖြစ်သူ ကိုချစ်ဝင်းတို့တွင်မူ ဒဏ်ရရှိထားခြင်းမရှိကြောင်း သိရသည်။

“သိရသလောက်ကတော့ လာဖမ်းရတဲ့အကြောင်းကအိမ်မှာ PDF အဖွဲ့တွေကိုလက်ခံထားတယ်ဆိုပြီး သတင်းရလို့ ဝင်ဖမ်းတာလို့တော့ကြားတယ် ဒီနေ့မနက်ပိုင်းကတော့ သူတို့ကိုယ်တိုင်အိမ်ကိုကားနဲ့ပြန်လိုက်ပို့ပေးတာတွေ့တယ်”ဟုနီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here