ရန်ကုန်မြစ်တွင်း တိမ်းမှောက်သမ္ဗာန်မှ ပျောက်ဆုံးနေသော မှော်စက်သမ္ဗာန်ဒုဥက္ကဌအလောင်းအား ပြန်လည်တွေ့ရှိ

0
216

(Unicode)

ရန်ကုန်မြစ်တွင်း တိမ်းမှောက်သမ္ဗာန်မှ ပျောက်ဆုံးနေသော မှော်စက်သမ္ဗာန်ဒုဥက္ကဌအလောင်းအား ပြန်လည်တွေ့ရှိ

ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြစ်တွင်း တိမ်းမှောက်ခဲ့သောသမ္ဗာန်မှ ပျောက်ဆုံးနေသော မှော်စက်သမ္ဗာန်ဒုဥက္ကဌကို သေဆုံးလျှက် ပြန်လည်တွေ့ရှိသွားပြီဟု ရှာဖွေကယ်ဆယ်ရေးအဖွဲ့များထံကသိရသည်။

ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်မြစ်အတွင်း ရေကန်ဆိပ်အနီး၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မော်တင်ဆိပ်ကမ်းနှင့် ဒလမှော်စက်သမ္ဗန်ကူးတို့ဆိပ်သို့ ခရီးသည်တင်ပို့ဆောင်သော စက်တပ် သမ္ဗန်တစ်စီး မော်တင်ဆိပ်ကမ်းဘက်၌ တိမ်းမှောက်ခဲ့ရာတွင် ခရီးသည် ၁၁ ဦးအနက် ၁၀ ဦးအား ကယ်ဆယ်နိုင်ခဲ့သော်လည်း ၁ ဦးပျောက်ဆုံးသွားခဲ့ရသည်။

“မြစ်တွင်းမှာ ခုလိုမျိုး အသက် ဆုံးရှုံးသွားတဲ့သူအတွက် မှော်စက် စက်တပ်သမ္ဗန်ကူးတို့ဆိပ်(သမဝါယမအသင်းလီမီတက်) က ငွေကျပ် ၅ သိန်း ထောက်ပံ့တယ်၊ မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့က ငွေကျပ် ၅၀၀၀၀ ထောက်ပံ့ပေးအပ်ပါတယ် ” ဟု မြို့နယ်စက်တပ် သမ္ဗန်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ က ပြောဆိုထားသည်။

(Zawgyi)

ရန္ကုန္ျမစ္တြင္း တိမ္းေမွာက္သမၺာန္မွ ေပ်ာက္ဆုံးေနေသာ ေမွာ္စက္သမၺာန္ဒုဥကၠဌအေလာင္းအား ျပန္လည္ေတြ႕ရွိ

ဇန္နဝါရီ ၂ ရက္ေန႔ နံနက္ ၉ နာရီက ရန္ကုန္ျမစ္တြင္း တိမ္းေမွာက္ခဲ့ေသာသမၺာန္မွ ေပ်ာက္ဆုံးေနေသာ ေမွာ္စက္သမၺာန္ဒုဥကၠဌကို ေသဆုံးလွ်က္ ျပန္လည္ေတြ႕ရွိသြားၿပီဟု ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မ်ားထံကသိရသည္။

ဇန္နဝါရီ ၄ ရက္ေန႔ ညေန ၄ နာရီအခ်ိန္က ရန္ကုန္ျမစ္အတြင္း ေရကန္ဆိပ္အနီး၌ ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ရန္ကုန္ေမာ္တင္ဆိပ္ကမ္းႏွင့္ ဒလေမွာ္စက္သမၺန္ကူးတို႔ဆိပ္သို႔ ခရီးသည္တင္ပို႔ေဆာင္ေသာ စက္တပ္ သမၺန္တစ္စီး ေမာ္တင္ဆိပ္ကမ္းဘက္၌ တိမ္းေမွာက္ခဲ့ရာတြင္ ခရီးသည္ ၁၁ ဦးအနက္ ၁၀ ဦးအား ကယ္ဆယ္ႏိုင္ခဲ့ေသာ္လည္း ၁ ဦးေပ်ာက္ဆုံးသြားခဲ့ရသည္။

“ျမစ္တြင္းမွာ ခုလိုမ်ိဳး အသက္ ဆုံးရႈံးသြားတဲ့သူအတြက္ ေမွာ္စက္ စက္တပ္သမၺန္ကူးတို႔ဆိပ္(သမဝါယမအသင္းလီမီတက္) က ေငြက်ပ္ ၅ သိန္း ေထာက္ပံ့တယ္၊ ၿမိဳ႕နယ္စက္တပ္ေရယာဥ္ႀကီးၾကပ္ေရးအဖြဲ႕က ေငြက်ပ္ ၅၀၀၀၀ ေထာက္ပံ့ေပးအပ္ပါတယ္ ” ဟု ၿမိဳ႕နယ္စက္တပ္ သမၺန္ႀကီးၾကပ္ေရးအဖြဲ႕ ဥကၠဌ က ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here