(၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ)စာမေးပွဲစတင်ဖြေဆို

0
154

(Unicode)

(၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ)စာမေးပွဲစတင်ဖြေဆို

နစက ၏သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေးဖြေ)စာမေးပွဲအား ဇန်နဝါရီ ၅ ရက်ကစတင်ကျင်းပရာ စာဖြေသံဃာ ၁၉၂ ပါးဝင်ရောက်ဖြေဆိုလျက်ရှိသည်။

စာမေးပွဲအား ရန်ကုန်မြို့၊သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ ငါးရက်တိုင် စာဖြေသံဃာတော်များက ဖြေဆိုတော်မူသွားမည်ဖြစ်သည်။

အဆိုပါ စာဖြေသံဃာတော်များထဲမှ အဘိဓမ္မာ (ရှေ့ပိုင်း)စာဖြေသံဃာ ခြောက်ပါး၊ အဘိဓမ္မာ (နောက် ပိုင်း)စာဖြေသံဃာ ခြောက်ပါး၊ ဒီဃနိကာယ် စာဖြေသံဃာ ၂၇ ပါးနှင့်ဝိနည်း(ရှေ့ပိုင်း)စာဖြေသံဃာ ၈၇ ပါးတို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးအေးထွန်း၊ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုး ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေနှင့်တာဝန်ရှိသူများက ဖူးမြှော်ကြည်ညိုခဲ့ကြသည်။

စာမေးပွဲစတင်ဖြေဆိုခြင်း အခမ်းအနားသို့ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသကြွရောက်၍ ဧည့်ပရိသတ်များအား သာရဏီယသြဝါဒကထာကိုဟောကြားတော်မူခဲ့သည်။

အလားတူ တိပိဋကဓရ တိပိဋကကောဝိဒရွေး ချယ်ရေးအဖွဲ့၊ သြဝါဒါစရိယ ဥက္ကဋ္ဌဆရာတော် လှိုင်သာယာမြို့နယ်ရှိ သာသနာ့ဂုဏ်ရည်ကျောင်း ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပ ဏ္ဍိတ)ဘဒ္ဒန္တပညိဿရာဘိဝံသထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးအေးထွန်းနှင့်တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

Photo-Aung Myint

(Zawgyi)

(၇၄)ႀကိမ္ေျမာက္ တိပိဋကဓရ တိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရး(သေဘာေရးေျဖ)စာေမးပြဲစတင္ေျဖဆို

နစက ၏သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက ႀကီးမႉးက်င္းပသည့္ (၇၄)ႀကိမ္ေျမာက္ တိပိဋကဓရ တိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရး(သေဘာေရးေျဖ)စာေမးပြဲအား ဇန္နဝါရီ ၅ ရက္ကစတင္က်င္းပရာ စာေျဖသံဃာ ၁၉၂ ပါးဝင္ေရာက္ေျဖဆိုလ်က္ရွိသည္။

စာေမးပြဲအား ရန္ကုန္ၿမိဳ႕၊သီရိမဂၤလာကမာၻေအးကုန္းေျမ၊မဟာပါသဏလႈိဏ္ဂူသိမ္ေတာ္ႀကီး၌ ဇန္နဝါရီ ၅ ရက္မွ ၉ ရက္အထိ ငါးရက္တိုင္ စာေျဖသံဃာေတာ္မ်ားက ေျဖဆိုေတာ္မူသြားမည္ျဖစ္သည္။

အဆိုပါ စာေျဖသံဃာေတာ္မ်ားထဲမွ အဘိဓမၼာ (ေရွ႕ပိုင္း)စာေျဖသံဃာ ေျခာက္ပါး၊ အဘိဓမၼာ (ေနာက္ ပိုင္း)စာေျဖသံဃာ ေျခာက္ပါး၊ ဒီဃနိကာယ္ စာေျဖသံဃာ ၂၇ ပါးႏွင့္ဝိနည္း(ေရွ႕ပိုင္း)စာေျဖသံဃာ ၈၇ ပါးတို႔အား သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီး ဦးေအးထြန္း၊ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးလွစိုး ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ၫႊန႔္ဝင္းေဆြႏွင့္တာဝန္ရွိသူမ်ားက ဖူးေျမႇာ္ၾကည္ညိဳခဲ့ၾကသည္။

စာေမးပြဲစတင္ေျဖဆိုျခင္း အခမ္းအနားသို႔ ႏိုင္ငံ ေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢ မဟာသဒၶမၼေဇာတိက၊ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသႂကြေရာက္၍ ဧည့္ပရိသတ္မ်ားအား သာရဏီယၾသဝါဒကထာကိုေဟာၾကားေတာ္မူခဲ့သည္။

အလားတူ တိပိဋကဓရ တိပိဋကေကာဝိဒေ႐ြး ခ်ယ္ေရးအဖြဲ႕၊ ၾသဝါဒါစရိယ ဥကၠ႒ဆရာေတာ္ လႈိင္သာယာၿမိဳ႕နယ္ရွိ သာသနာ့ဂုဏ္ရည္ေက်ာင္း ဆရာေတာ္ (အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ ႑ိတ)ဘဒၵႏၲပညိႆရာဘိဝံသထံမွ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးေအးထြန္းႏွင့္တာဝန္ရွိသူမ်ားက ငါးပါးသီလခံယူေဆာက္တည္ခဲ့ၾကသည္။

Photo-Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here